တော်လှန်ရေးက ရဲရင့်လွန်း တဲ့ ၈ နှစ် အရွယ် G-ALPHA လေး

တော်လှန်ရေးက ရဲရင့်လွန်း တဲ့ ၈ နှစ် အရွယ် G-ALPHA လေး

ကျွန်တော်တို့သပိတ်မှာ အမြဲလိုလို

အသက် ၈ နှစ်လောက်ပဲရှိသေးတဲ့ ကလေးမတစ်ယောက်တွေ့ရတယ်။

တော်တော်အားကိုးရတယ်။

ရှေ့တန်းထိ တက်တက်ပြေးပြီးသတင်းတွေယူပေးတယ်။

ဒိုင်းသမားတွေခွါပြီဆို သူကအရေးကြီးပစ္စည်းတွေ လော်စပီကာတွေ အလံတွေကို

ရသလောက်ကောက်ယူပြီးပြေးပြေးလာစုတယ်။

မနက်ဆိုလည်းအစောကြီးပတ်ပီးဘယ်နားမှာခွေးဘယ်ကောင်ရှိလဲဆိုပီးလိုက်ကြည့်ပေးတယ်။

ပုံစံက မာရေကြောရေနဲ့ ။

မျက်နှာပေါ်မှာ သူ့ဖာသူ ယုံကြည်မှုကအပြည့်။

ကဆံပင်က ဘဲတောင်လိုအပေါ်ကလှန်လို့။

နင့်ခေါင်းက ဘယ်လိုဖြစ်နေရတာတုန်းလို့လှမ်းမေးတော့ သမီးဒီနေ့ ခေါင်းလျှော်လာတယ်ဆီမလူးခဲ့လို့တဲ့ပြန်ဖြေတယ်။

တော်တော်ကိုရဲရဲရင့်ရင့်သွက်သွက်လက်လက်ပဲ။

နားတဲ့အချိန်ထမင်းစားပြီးပြီလားမေးတော့မစားသေးဘူးတဲ့။

လာ

ငါမုန့်လိုက်ဝယ်ကျွေးမယ်ပြောတော့ ရှေ့တန်းကဒိုင်းကိုင်တဲ့အကိုကြီးတွေကိုကျွေးတဲ့၊သမီးကမဆာဘူးတဲ့။

သူတို့ကိုရောနင့်ကိုပါကျွေးမယ်လို့ပြောပြီးမုန့်တွေအအေးတွေ ဝယ်တိုက်တော့ အအေးပဲယူသောက်တယ်။

ဘယ်နားနေလဲမေးတော့ – – – ပါတဲ့။

လား… လား … ရင်ထဲစူးကနဲ့အောင့်သွားတယ်။

ဘေးကအသိတစ်ယောက်က အဲကလေးမကတကယ့်အာဂမလေးတဲ့။

ငါတို့နဲ့လာပေါင်းတာ တပါတ်လောက်ရှိပြီတဲ့။

မနက်အစောကြီးဆိုသူရောက်နေပီတဲ့။

ဘာကားစီးလာလဲမေးတော့ YBS ရောက်တယ်တဲ့။

အဲကားကိုနေ့တိုင်းအသွားအပြန်စီးတာတဲ့။

မျက်ရည်ပါဝဲမိတယ်။

အဖေအမေမဆူဘူးလားမေးတော့ ဟင့်အင်းတဲ့။

သူတို့လည်းထွက်တာပဲတဲ့။

သမီးတစ်ယောက်တည်းမကြောက်ဘူးလားမေးတော့ မကြောက်ဘူးတဲ့။

သမီးတို တာဝန်ပဲတဲ့။

ကလေးနော်၊ မိန်းကလေး အသက်က ၈ နှစ်။

ပြန်ကာနီးတော့ ရော့ မုန့်ဖိုးလို့ ၅ထောင်တန်တရွက်ပေးတာ ခပ်စိမ်းစိမ်းကြည့်ပြီး သမီးက ၅ ထောင်စားမဟုတ်ဘူးတဲ့။ဒလန်လည်းမဟုတ်ဘူးတဲ့။

ကိုယ်လည်း အဲလိုရည်ရွယ်ပေးတာမဟုတ်ပါဘူး တကယ်အကြွေမရှိလို့ပါလို့ပြောတော့

ပေးချင်ရင် ကားခ ၂၀၀ ပေးတဲ့။

ရင်ထဲမကောင်းဘူး။

လေးလည်းလေးစားမိတယ်။

ပုံစံလေးကဂျစ်ကန်ကန်နဲ့ အရွယ်နဲ့မမျှဘူး။

ဆင်းရဲပေမဲ့ ကိုယ့်ကျင့်သိက္ခာအပြည့်ရှိတယ်။

အမှားအမှန်ကို သူနှလုံးသားကနေခံစားတတ်တယ်။

Zawgyi

ေတာ္လွန္ေရးက ရဲရင့္လြန္း တဲ့ ၈ ႏွစ္ အ႐ြယ္ G-ALPHA ေလး

ကြၽန္ေတာ္တို႔သပိတ္မွာ အၿမဲလိုလို

အသက္ ၈ ႏွစ္ေလာက္ပဲရွိေသးတဲ့ ကေလးမတစ္ေယာက္ေတြ႕ရတယ္။

ေတာ္ေတာ္အားကိုးရတယ္။

ေရွ႕တန္းထိ တက္တက္ေျပးၿပီးသတင္းေတြယူေပးတယ္။

ဒိုင္းသမားေတြခြါၿပီဆို သူကအေရးႀကီးပစၥည္းေတြ ေလာ္စပီကာေတြ အလံေတြကို

ရသေလာက္ေကာက္ယူၿပီးေျပးေျပးလာစုတယ္။

မနက္ဆိုလည္းအေစာႀကီးပတ္ပီးဘယ္နားမွာေခြးဘယ္ေကာင္ရွိလဲဆိုပီးလိုက္ၾကည့္ေပးတယ္။

ပုံစံက မာေရေၾကာေရနဲ႔ ။

မ်က္ႏွာေပၚမွာ သူ႔ဖာသူ ယုံၾကည္မႈကအျပည့္။

ကဆံပင္က ဘဲေတာင္လိုအေပၚကလွန္လို႔။

နင့္ေခါင္းက ဘယ္လိုျဖစ္ေနရတာတုန္းလို႔လွမ္းေမးေတာ့ သမီးဒီေန႔ ေခါင္းေလွ်ာ္လာတယ္ဆီမလူးခဲ့လို႔တဲ့ျပန္ေျဖတယ္။

ေတာ္ေတာ္ကိုရဲရဲရင့္ရင့္သြက္သြက္လက္လက္ပဲ။

နားတဲ့အခ်ိန္ထမင္းစားၿပီးၿပီလားေမးေတာ့မစားေသးဘူးတဲ့။

လာ

ငါမုန႔္လိုက္ဝယ္ေကြၽးမယ္ေျပာေတာ့ ေရွ႕တန္းကဒိုင္းကိုင္တဲ့အကိုႀကီးေတြကိုေကြၽးတဲ့၊သမီးကမဆာဘူးတဲ့။

သူတို႔ကိုေရာနင့္ကိုပါေကြၽးမယ္လို႔ေျပာၿပီးမုန႔္ေတြအေအးေတြ ဝယ္တိုက္ေတာ့ အေအးပဲယူေသာက္တယ္။

ဘယ္နားေနလဲေမးေတာ့ – – – ပါတဲ့။

လား… လား … ရင္ထဲစူးကနဲ႔ေအာင့္သြားတယ္။

ေဘးကအသိတစ္ေယာက္က အဲကေလးမကတကယ့္အာဂမေလးတဲ့။

ငါတို႔နဲ႔လာေပါင္းတာ တပါတ္ေလာက္ရွိၿပီတဲ့။

မနက္အေစာႀကီးဆိုသူေရာက္ေနပီတဲ့။

ဘာကားစီးလာလဲေမးေတာ့ YBS ေရာက္တယ္တဲ့။

အဲကားကိုေန႔တိုင္းအသြားအျပန္စီးတာတဲ့။

မ်က္ရည္ပါဝဲမိတယ္။

အေဖအေမမဆူဘူးလားေမးေတာ့ ဟင့္အင္းတဲ့။

သူတို႔လည္းထြက္တာပဲတဲ့။

သမီးတစ္ေယာက္တည္းမေၾကာက္ဘူးလားေမးေတာ့ မေၾကာက္ဘူးတဲ့။

သမီးတို တာဝန္ပဲတဲ့။

ကေလးေနာ္၊ မိန္းကေလး အသက္က ၈ ႏွစ္။

ျပန္ကာနီးေတာ့ ေရာ့ မုန႔္ဖိုးလို႔ ၅ေထာင္တန္တ႐ြက္ေပးတာ ခပ္စိမ္းစိမ္းၾကည့္ၿပီး သမီးက ၅ ေထာင္စားမဟုတ္ဘူးတဲ့။ဒလန္လည္းမဟုတ္ဘူးတဲ့။

ကိုယ္လည္း အဲလိုရည္႐ြယ္ေပးတာမဟုတ္ပါဘူး တကယ္အေႂကြမရွိလို႔ပါလို႔ေျပာေတာ့

ေပးခ်င္ရင္ ကားခ ၂၀၀ ေပးတဲ့။

ရင္ထဲမေကာင္းဘူး။

ေလးလည္းေလးစားမိတယ္။

ပုံစံေလးကဂ်စ္ကန္ကန္နဲ႔ အ႐ြယ္နဲ႔မမွ်ဘူး။

ဆင္းရဲေပမဲ့ ကိုယ့္က်င့္သိကၡာအျပည့္ရွိတယ္။

အမွားအမွန္ကို သူႏွလုံးသားကေနခံစားတတ္တယ္။

Leave a Reply

Your email address will not be published. Required fields are marked *