ငွေပင်ငွေသီး ငွေအဝင်ထူးတဲ့အစီရင်
ရိုးရှင်းလွယ်ကူပြီး အံသြလောက်အောင်ငွေအဝင်ကြမ်းစေတဲ့ အစီရင်တခု ဒါနပြုချင်ပါတယ်…။ဒီအစီရင်လေးက ကျွနု်ပ်မြတ်နိုးတန်ဖိုးထားတဲ့ အစီရင်တွေထဲက တခုပါ…။
လွယ်လွယ်ကူကူ ပေါ့ပေါ့ပါးပါး လုပ်ရလို့ပေါ့ပျက်ပျက်တော့ မတွေးလေနဲ့ဗျာ…။သင့်ကို အံသြလောက်အောင် ငွေဝင်စေတာဖြစ်လို့ လုပ်ကြည့်ပါလို့ အကြံပြုပါရစေ…။
အစီရင်……
ကြွေပန်းကန် ၁ချပ်မှာ ပိုက်ဆံ၅ထောင်တန် ၁ရွက်ဖြန့်ခင်းပါ…။ပိုက်ဆံအပေါ် သံလိုက်တုံး ၁တုံးတင်ပြီး… ထိုသံလိုက်တုံးအပေါ် နေ့စဉ် မနက်၁ကြိမ် ည၁ကြိမ် ဖရောင်းတိုင်၁တိုင်စီ …မိမိနေအိမ်ဘုရားမှာ ထွန်းလှုပူဇော်ရပါ့မယ်…။
ငွေဝင်လာဘ်ရွှင်စေဖို့ လေးလေးနက်နက်ဆုတောင်းပါလေ…တလတခါ ထိုပိုက်ဆံကို သာသနာရေးရာဌါနတွေမှာ လှုပြီး အသစ်ပြန်လည် ပြုလုပ်ပေးရပါ့မယ်…။
ဆရာကိုမင်းနိင်နှင့်တကွ သင်ဆရာ မြင်ဆရာ ကြားဆရာများအား အစဉ်ရှိခိုးဦးခိုက်လျက်………
ဆရာဟိန်း B.A (Psy:) ( ဗေဒင်နှင့် ဂမ္ဘီရယတြာအစီရင်ပညာ )
📱09-259059505 09-777337919
Zawgyi
အစီရင်……