ကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့သားသမီးများအတွက် ပညာရေးအထောက်အပံ့များပေးမယ့် ခိုင်သင်းကြည်
အခြေအနေတွေတည်ငြိမ်သွားရင် ကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့သားသမီးများအတွက် ပညာရေးအထောက်အပံ့များပေးမယ့် ခိုင်သင်းကြည်
အခြေအနေတွေက တစ်နေ့ထက်တစ်နေ့ပိုမိုတင်းမာလာတဲ့မြန်မာနိုင်ငံရဲ့ လူထုလှုပ်ရှားမှုကြီးဟာဆိုရင် ကြားရသတင်းတိုင်းက ကြေကွဲဝမ်းနည်းစရာကောင်းလွန်းတာတွေ များပြားတာကြောင့် ပြည်သူတွေလည်း စိုးရိမ်ထိန့်လန့်မှုများစွာကြားမှာနေ့စဉ်နဲ့အမျှနေထိုင်နေကြရပါတယ်။
ဒီလိုစိုးရိမ်ထိန့်လန့်မှုတွေ အန္တရာယ်တွေကြားကနေပဲ ယုံကြည်ချက်ပန်းတိုင်ကိုရောက်ဖို့ အားမလျော့ဘဲ ဒီနေ့ထိလှုပ်ရှားမှုတွေပြုလုပ်နေကြဆဲပါ။တစ်ယောက်ကိုတစ်ယောက်ကူညီဖေးမစောင့်ရှောက်ကြသလိုရှေ့တန်းကနေလည်း အကာအကွယ်အပြည့်ယူကာ တစ်ဖက်ကဖြိုခွင်းသမျှ မျက်ရည်ယိုဗုံးများကိုလည်း ခုခံပေးကြတဲ့လူငယ်မျိုးဆက်သစ်တွေကလည်းတကယ်ကိုလေးစားစရာပါနော်။
အဲ့လို အန္တရာယ်ကြားမှာလှုပ်ရှားပါဝင်ရင်း အသက်ပေးသွားကြတဲ့ သူရဲကောင်းတွေကိုလည်း ပြည်သူတွေက ဝမ်းနည်းကြေကွဲစွာ ဂုဏ်ပြုခဲ့ကြတာလည်းဖြစ်ပါတယ်။အနုပညာရှင်တွေကလည်းအမျိုးမျိုးကူညီထောက်ပံ့မှုတွေပေးကြတာလည်းတကယ်ကိုလေးစားစရာပါပဲ။အဲ့လိုအနုပညာရှင်တွေထဲမှာ ခိုင်းသင်ကြည်လည်းအပါအဝင်ပါပဲနော်။
အခုလည်း အခြေအနေတွေတည်ငြိမ်သွားရင် ကြွေလွင့်သွားတဲ့ သူရဲကောင်းတွေရဲ့ သားသမီးများအတွက် ပညာရေးထောက်ပံ့ပေးမှုတွေကိုကူညီလှူဒါန်းပေးမယ့်အကြောင်းခုလိုရေးသားဝေမျှလာပါတယ်။” ကတိပေးပါတယ် ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးသွားတဲ့ သူတွေရဲ့ သားသမီးတွေ ပညာရေးကို lifelong support လုပ်ပေးဖို့လိုတယ် မြင်မိပါတယ်။ အခြေအနေတွေ တည်ငြိမ်သွားရင် ကျွန်မရဲ့ ဝင်ငွေထဲကနေ လစဉ်လှူဒါန်းဖို့ ကတိပြုပါတယ် သူတို့အနာဂတ်တွေ မပျက်စေဖို့ ဝိုင်းဝန်းကြမယ်နော် “စာလေးပဲဖြစ်ရာ လေးစားလွန်းတာကြောင့်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
Zawgyi
က်ဆဳံးသြားတဲ့သူရဲေကာင္းေတြရဲ႕သားသမီးမ်ားအတြက္ ပညာေရးအေထာက္အပံ့မ်ားေပးမယ့္ ခိုင္သင္းၾကည္
အေျခအေနေတြတည္ၿငိမ္သြားရင္ က်ဆဳံးသြားတဲ့သူရဲေကာင္းေတြရဲ႕သားသမီးမ်ားအတြက္ ပညာေရးအေထာက္အပံ့မ်ားေပးမယ့္ ခိုင္သင္းၾကည္
အေျခအေနေတြက တစ္ေန႕ထက္တစ္ေန႕ပိုမိုတင္းမာလာတဲ့ျမန္မာနိုင္ငံရဲ႕ လူထုလႈပ္ရွားမႈႀကီးဟာဆိုရင္ ၾကားရသတင္းတိုင္းက ေၾကကြဲဝမ္းနည္းစရာေကာင္းလြန္းတာေတြ မ်ားျပားတာေၾကာင့္ ျပည္သူေတြလည္း စိုးရိမ္ထိန႔္လန႔္မႈမ်ားစြာၾကားမွာေန႕စဥ္နဲ႕အမွ်ေနထိုင္ေနၾကရပါတယ္။
ဒီလိုစိုးရိမ္ထိန႔္လန႔္မႈေတြ အႏၲရာယ္ေတြၾကားကေနပဲ ယုံၾကည္ခ်က္ပန္းတိုင္ကိုေရာက္ဖို႔ အားမေလ်ာ့ဘဲ ဒီေန႕ထိလႈပ္ရွားမႈေတြျပဳလုပ္ေနၾကဆဲပါ။တစ္ေယာက္ကိုတစ္ေယာက္ကူညီေဖးမေစာင့္ေရွာက္ၾကသလိုေရွ႕တန္းကေနလည္း အကာအကြယ္အျပည့္ယူကာ တစ္ဖက္ကၿဖိဳခြင္းသမွ် မ်က္ရည္ယိုဗုံးမ်ားကိုလည္း ခုခံေပးၾကတဲ့လူငယ္မ်ိဳးဆက္သစ္ေတြကလည္းတကယ္ကိုေလးစားစရာပါေနာ္။
အဲ့လို အႏၲရာယ္ၾကားမွာလႈပ္ရွားပါဝင္ရင္း အသက္ေပးသြားၾကတဲ့ သူရဲေကာင္းေတြကိုလည္း ျပည္သူေတြက ဝမ္းနည္းေၾကကြဲစြာ ဂုဏ္ျပဳခဲ့ၾကတာလည္းျဖစ္ပါတယ္။အႏုပညာရွင္ေတြကလည္းအမ်ိဳးမ်ိဳးကူညီေထာက္ပံ့မႈေတြေပးၾကတာလည္းတကယ္ကိုေလးစားစရာပါပဲ။အဲ့လိုအႏုပညာရွင္ေတြထဲမွာ ခိုင္းသင္ၾကည္လည္းအပါအဝင္ပါပဲေနာ္။
အခုလည္း အေျခအေနေတြတည္ၿငိမ္သြားရင္ ေႂကြလြင့္သြားတဲ့ သူရဲေကာင္းေတြရဲ႕ သားသမီးမ်ားအတြက္ ပညာေရးေထာက္ပံ့ေပးမႈေတြကိုကူညီလႉဒါန္းေပးမယ့္အေၾကာင္းခုလိုေရးသားေဝမွ်လာပါတယ္။” ကတိေပးပါတယ္ ဒီမိုကေရစီတိုက္ပြဲမွာ က်ဆဳံးသြားတဲ့ သူေတြရဲ႕ သားသမီးေတြ ပညာေရးကို lifelong support လုပ္ေပးဖို႔လိုတယ္ ျမင္မိပါတယ္။ အေျခအေနေတြ တည္ၿငိမ္သြားရင္ ကြၽန္မရဲ႕ ဝင္ေငြထဲကေန လစဥ္လႉဒါန္းဖို႔ ကတိျပဳပါတယ္ သူတို႔အနာဂတ္ေတြ မပ်က္ေစဖို႔ ဝိုင္းဝန္းၾကမယ္ေနာ္ “စာေလးပဲျဖစ္ရာ ေလးစားလြန္းတာေၾကာင့္ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္။