အရေးတော်ပုံအောင်ရမည် ဟုဆိုကာ လူမှုကွန်ယက်မှ တဖန်ပြန်လည်ပေါ်လာတဲ့ ပရိတ်သတ်အချစ်တော် မင်းသားချော နေတိုး
အကယ်ဒမီမင်းသားချော နေတိုးကတော့ ပရိသတ်တွေရဲ့အချစ်တွေကို
အခိုင်အမာယူထားနိုင်သူပဲဖြစ်ပါတယ်နော်. နေတိုးက ကြော်ငြာမှာရော
ရုပ်ရှင်ဇာတ်လမ်းကားတွေမှာလည်း သရုပ်ဆောင်ပိုင်နိုင်လွန်းတာကြောင့်
လူကြီးရော လူငယ်ပါအသည်းစွဲချစ်နေရတဲ့ မင်းသားတစ်ယောက်ပဲ ဖြစ်ပါတယ်။
မင်းသားချော နေတိုးကတော့
အနေအထိုင်သိုသိပ်သူပီပီ ချစ်သူရှိနေတာကို သိပေမဲ့ လက်ထပ်ဖို့အတွက် ရည်ရွယ်ပြီလားဆိုတာကိုလည်
း ပရိသတ်ကိုအသိမပေးဘဲ နေထိုင်သူလည်း ဖြစ်ပါတယ်။
အရာရာကို သိုသိပ်ပြီးနေတတ်သူပီပီ နိုင်ံငံရေးနဲ့ပက်သက်လာရင်လည်း
တိတ်ဆိတ်လွန်းနေတာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်ခြင်းကို ခံနေရ
သူလည်း ဖြစ်ပါတယ်။ မင်းသားချော နေတိုးက ဝေဖန်မှုတွေရှိခဲ့ရင်လည်း
ဖြေရှင်းချက်ပေးလေ့မရှိဘဲ သူလျောက်လှမ်းနေတဲ့ လမ်းကိုသာဂရုစိုက်ပြီး နေထိုင်သူဖြစ်ပါတယ်။
ခုချိန်မှာ နိုင်ငံရေးနဲ့ပက်သက်ပြီး လူတိုင်းက သတိကြီးစွာ နေထိုင်နေရချိန်မှာ မင်းသားချော
နေတိုးက ပြည်သူတွေကို အားပေးစကားလေး ပြောနေ
ရင်း လူမှုကွန်ယက်စာမျက်နှာမှာ တစ်ဖန်ပေါ်လာခဲ့ပြန်ပါတယ်။ ဒီနေ့လေးမှာတော့ မင်းသားချော
နေတိုးက လက် ၃ ချောင်းထောင်ရင်း အရေးတော်ပုံအောင်ရမည်ဆိုတဲ့ စာတန်းလေးနဲ့အတူ
ပြည်သူတွေကို အားပေးစကားပြောလာတာ ဖြစ်ပါတယ်။
မင်းသားချော နေတိုးကို ချစ်တဲ့ Cele World ပရိသတ်ကြီးလည်း တစ်ခုခုပြောပေးသွားကြပါအုံးနော်…
Zawgyi