အချုပ်ထဲရောက်နေတဲ့သားငယ်လေးကို စိုးရိမ်ပူပန်ပြီး ငယ်ဘဝပုံလေးတွေပြန်ကြည့်ကာ အလွမ်းဖြေနေရတဲ့မောင်လျှံဖြိုးအောင်ရဲ့ မိဘနှစ်ပါး
ကိုယ်လက်အင်္ဂါတွေဆုံးရှုံးထားရတဲ့ အင်ဂျင်နီယာကျောင်းသားလေး မောင်လျှံဖြိုးအောင်ကတော့ ဇွန်လ (၇) ရက်နေ့၊ညနေ (၄)နာရီကတည်းက ဖမ်းဆီးခံလိုက်ရတာ ဒီနေ့နဲ့ဆိုရင် (၇)ရက်ရှိသွားပြီဖြစ်ပါတယ်။
မောင်လျှံဖြိုးအောင်ရဲ့ ကျန်းမာရေးကလည်း ကုသနေဆဲဖြစ်လို့ မိသားစုဝင်တွေခမျာ သားဖြစ်သူအတွက် အရမ်းစိတ်ပူနေရတာဖြစ်ပါတယ်။
ပြည်သူလူထုကလည်း မောင်လျှံဖြိုးအောင်ရဲ့ အဖြစ်ကို ကိုယ်ချင်းစာကြပြီး တတ်နိုင်တဲ့နေရာကနေ ကူညီပေးနေကြတာဖြစ်ပါတယ်။
မောင်လျှံဖြိုးအောင်ရဲ့ မျက်လုံးက အစားထိုးကုသဖို့လိုအပ်နေတဲ့အပြင် ခြေထောက်လေ့ကျင့်ခန်းတွေလည်းလုပ်ဆောင်ရဦးမယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဒေါင်းနေအကျဉ်းထောင်ကို ရောက်ရှိနေတဲ့ မောင်လျှံဖြိုးအောင်ခမျာ ခက်ခက်ခဲခဲရပ်တည်နေရမှာပဲဖြစ်ပါတယ်။သူ့ရဲ့ မိဘနှစ်ပါးကလည်း “သားငယ်လေး ဘယ်လိုများနေရှာမလဲ ကွယ်”ဆိုပြီး နေ့ညမရွေး စိုးရိမ်ပူပန်နေတာဖြစ်ပါတယ်။
မောင်လျှံဖြိုးအောင်ရဲ့မိခင်ဆိုရင် သားငယ်လေးပြန်အလာကို စောင့်မျှော်နေရှာတာဖြစ်ပါတယ်။မောင်လျှံဖြိုးအောင်ရဲ့ ဖခင်က သားငယ်လေးရဲ့ ငယ်ဘဝပုံတွေကို ပြန်ကြည့်ပြီး
အရမ်းသတိရနေတာဖြစ်ပါတယ်။မောင်လျှံဖြိုးအောင်အပါအဝင် သူ့ရဲ့မိသားစုဝင်တွေကတော့ အခုလိုကြုံတွေ့နေရတဲ့အခက်အခဲတွေကို စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ ရင်ဆိုင်ပြီး အကောင်းဆုံးဖြတ်ကျော်နေကြတာဖြစ်ပါတယ်။
အများအကျိုးအတွက် သယ်ပိုးဆောင်ရွက်ရင်း ပေးဆပ်လိုက်ရတဲ့ သူရဲကောင်းလေး မောင်လျှံဖြိုးအောင်ရဲ့ ငယ်ဘဝပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Zawgyi
အခ်ဳပ္ထဲေရာက္ေနတဲ့သားငယ္ေလးကို စိုးရိမ္ပူပန္ၿပီး ငယ္ဘဝပုံေလးေတြျပန္ၾကည့္ကာ အလြမ္းေျဖေနရတဲ့ေမာင္လွ်ံၿဖိဳးေအာင္ရဲ႕ မိဘႏွစ္ပါး
ကိုယ္လက္အဂၤါေတြဆုံးရႈံးထားရတဲ့ အင္ဂ်င္နီယာေက်ာင္းသားေလး ေမာင္လွ်ံၿဖိဳးေအာင္ကေတာ့ ဇြန္လ (၇) ရက္ေန႔၊ညေန (၄)နာရီကတည္းက ဖမ္းဆီးခံလိုက္ရတာ ဒီေန႔နဲ႔ဆိုရင္ (၇)ရက္ရွိသြားၿပီျဖစ္ပါတယ္။
ေမာင္လွ်ံၿဖိဳးေအာင္ရဲ႕ က်န္းမာေရးကလည္း ကုသေနဆဲျဖစ္လို႔ မိသားစုဝင္ေတြခမ်ာ သားျဖစ္သူအတြက္ အရမ္းစိတ္ပူေနရတာျဖစ္ပါတယ္။
ျပည္သူလူထုကလည္း ေမာင္လွ်ံၿဖိဳးေအာင္ရဲ႕ အျဖစ္ကို ကိုယ္ခ်င္းစာၾကၿပီး တတ္ႏိုင္တဲ့ေနရာကေန ကူညီေပးေနၾကတာျဖစ္ပါတယ္။
ေမာင္လွ်ံၿဖိဳးေအာင္ရဲ႕ မ်က္လုံးက အစားထိုးကုသဖို႔လိုအပ္ေနတဲ့အျပင္ ေျခေထာက္ေလ့က်င့္ခန္းေတြလည္းလုပ္ေဆာင္ရဦးမယ္လို႔ သိရပါတယ္။
လက္ရွိမွာေတာ့ ေဒါင္းေနအက်ဥ္းေထာင္ကို ေရာက္ရွိေနတဲ့ ေမာင္လွ်ံၿဖိဳးေအာင္ခမ်ာ ခက္ခက္ခဲခဲရပ္တည္ေနရမွာပဲျဖစ္ပါတယ္။သူ႔ရဲ႕ မိဘႏွစ္ပါးကလည္း “သားငယ္ေလး ဘယ္လိုမ်ားေနရွာမလဲ ကြယ္”ဆိုၿပီး ေန႔ညမေ႐ြး စိုးရိမ္ပူပန္ေနတာျဖစ္ပါတယ္။
ေမာင္လွ်ံၿဖိဳးေအာင္ရဲ႕မိခင္ဆိုရင္ သားငယ္ေလးျပန္အလာကို ေစာင့္ေမွ်ာ္ေနရွာတာျဖစ္ပါတယ္။ေမာင္လွ်ံၿဖိဳးေအာင္ရဲ႕ ဖခင္က သားငယ္ေလးရဲ႕ ငယ္ဘဝပုံေတြကို ျပန္ၾကည့္ၿပီး
အရမ္းသတိရေနတာျဖစ္ပါတယ္။ေမာင္လွ်ံၿဖိဳးေအာင္အပါအဝင္ သူ႔ရဲ႕မိသားစုဝင္ေတြကေတာ့ အခုလိုႀကဳံေတြ႕ေနရတဲ့အခက္အခဲေတြကို စိတ္ဓာတ္ႀကံ့ႀကံ့ခိုင္ခိုင္နဲ႔ ရင္ဆိုင္ၿပီး အေကာင္းဆုံးျဖတ္ေက်ာ္ေနၾကတာျဖစ္ပါတယ္။
အမ်ားအက်ိဳးအတြက္ သယ္ပိုးေဆာင္႐ြက္ရင္း ေပးဆပ္လိုက္ရတဲ့ သူရဲေကာင္းေလး ေမာင္လွ်ံၿဖိဳးေအာင္ရဲ႕ ငယ္ဘဝပုံရိပ္ေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။