လူပီသ လွန်းတာထက်ကို ပိုတဲ့ မေတ္တာရှင်ဆရာဝန်မလေး အကြောင်း
မဂ်လာပါ ပရိတ်သတ်ကြီးရေ
မိဘ တွေ က ဆေးကျောင်း ထား တာ ကို မ နေဘဲ စစ် ဖြစ် တဲ့ နေရာ မှာ အကူ အညီ တွေ ပေးနေတဲ့ တကယ့်ရှားမှရှားတဲ့ လူပီသလွန်းတာထက် ပိုတဲ့ ကောင်မလေး
သူပေါ့..ကျွန်တော် လေးစားမိ တဲ့ အမျိုးသမီးသူပေါ့…
မိဘက ကြိုးစားပြီးဆေးကျောင်းထားတာကို အေးဆေးမနေဘဲ စစ်ဖြစ်နေတဲ့နေရာမှာ သွားကူညီနေတယ်တဲ့လေ။
သူပေါ့…မိန်းကလေးတန်မဲ့ သာမန်ယောကျာ်းလေးတွေမလုပ်နိုင်တဲ့စွန့်စားမှုမျိုးလုပ်နိုင်တဲ့ အာဂအမျိုးသမီးလေးပေါ့။
သူပေါ့…ကိုယ်ကျိုးကိုမငဲ့ပဲ တစ်ခါမှမတွေ့ဘူးမစုံဘူးတဲ့လူတွေအတွက် စာနာစိတ်လေးတစ်ခုနဲ့ စိတ်ရောလူပါကူညီနေလိုက်တာ။
သူပေါ့ ဂျုတီကုတ်လေးနဲ့ ariconခန်းထဲမှာ ဆေးလေးကုပြီးနေရင်ရတာကို သေနတ်သံတွေဗုံးသံတွေကြားမှာ သွားနေနေလေရဲ့။
သူပေါ့…ရွယ်တူတွေ ကိုယ့်ဘဝတက်လမ်းအတွက် ဘွဲ့လွန်စာမေးပွဲတွေဖြေ အပြိုင်ကြိုးစားနေတဲ့အချိန်မှာ သူကတော့
တောထဲတောင်ထဲမှာ အသပြာတစ်ပြားမှမရတဲ့အလုပ်ကို လုပ်နေလေသတဲ့။
သူပေါ့…မိန်းကလေးတန်မဲ့ skin care အတွက်ပိုက်ဆံရှိဖို့နေနေသာသာ မရွေးမုန့်ကို မျှစားရမဲ့အခြေအနေမှာ သွားနေလေရဲ့သူပေါ့…
အသပြာမရပေမယ့် ပြည်သူတွေရဲ့ရင်ထဲကချစ်ခြင်းတွေအပြည့်ဝရထားတဲ့ ဆရာဝန်မလေးလေ။
သူကြောင့်ပဲ ရခဲလှတဲ့လူဘဝမှာ ကိုယ့်အတွက်ချည်း မစဉ်းစားပဲသူများအတွက် စဉ်းစားပေးရမယ်ဆိုတာ သိလာတယ်။
သူကြောင့်ပဲ ကိုယ့်ဆုံးဖြတ်ချက်တစ်ခု ခိုင်မာလာခဲ့တယ်။
သူပေါ့…တကယ့် wonder woman ကြီးပါကွာ။
မြန်မာ ပြည်သူ တွေ အတွက် မီးအိမ်ရှင်လူငယ်လေးတစ်ယောက် ဆို ပါ တော့..
အ ခု လို ဝင် ရောက် ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ်တစ်ယောက်ခြင်းစီတိုင်း
ကျန်းမာ ပျော်ရွှင်သောနေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေ လို့ ဆု တောင်းပေးလိုက် ပါ တယ် ။
Zawgyi