သံဃာတော် ဦးဇဝနကို ဒကာဟန်ဆောင် ဖုန်းဆက်ပင့်ပြီး ဖမ်းဆီး

သံဃာတော် ဦးဇဝနကို ဒကာဟန်ဆောင် ဖုန်းဆက်ပင့်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များက “အနား ဘယ်သူမှ မကပ်နဲ့” ဟုဆိုကာ ရိုက်နှက်ဖမ်းဆီး

မန္တလေး စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွင် ရှေ့တန်းမှ ကြွချီပါဝင်နေသည့် မန္တလေး ဘုရားကြီးတိုက်ဝင်း၊ အာသောကရာမတိုက် ကံသာကျောင်းမှ ဆရာတော် ဦးဇဝနကို ၎င်း၏ ဒကာတစ်ဦးကို ဖုန်းဆက်ပင့်ဆောင်ခိုင်းပြီး အကြမ်းဖက်စစ်ကောင်စီတပ်များက လူမြင်ကွင်းတွင် ရိုက်နှက်ဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့ရှိရသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဇွန်လ ၁၄ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက မန္တလေး မဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းကို ကားဖြင့်တိုက်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်း စသည့် ရက်စက်သော ဖြိုခွင်းမှုများကို လုပ်ဆောင်ခဲ့ကြောင်း၊ သပိတ်တွင်ပါဝင်သော ဆရာတော် ဦးဇဝနသည် ဖြိုခွင်းခံရမှုမှ လွတ်မြောက်သွားသော်လည်း ဒကာတစ်ဦးက ဖုန်းဆက်၍ သွားရောက်ရာမှ အကြမ်းဖက်စစ်ကောင်စီတပ်များက ထောင်ချောက်ဆင် ရိုက်နှက်ဖမ်းဆီးသွား သည်ဟု မျက်မြင်တွေ့ရှိရသူများက ဆိုသည်။

“ဆရာတော်က သပိတ်ဖြိုခွင်းခံလိုက်ရချိန်မှာ လွတ်မြောက်သွားခဲ့ပေမယ့် ဦးဇင်းနဲ့ရင်းနီးတဲ့ အဖမ်းခံလိုက်ရသူဒကာတဦးက ဖုန်းလှမ်းဆက်ခေါ်လို့ လွတ်မြောက်နေရာမှ ပြန်အသွားမှာစစ် ကောင်စီတပ်များရောက်လာပြီး ဦးဇင်းကို ဝိုင်းပီးရိုက်တယ်။ အနားကို ဘယ်သူမှမလာနဲ့ပြောပြီး ဆရာတော်ကို ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားတယ်”ဟု မန္တလေးမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကဆိုသည်။

ဗုဒ္ဓဘာသာမှ ဘုရားသားတော် ရဟန်းတစ်ပါးကို အကြမ်းဖက်စစ်ကောင်စီတပ်များက ရိုက်နှက် ဖမ်းဆီးခြင်းသည် ရိုင်းစိုင်းသော လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုသည်။”သံဃာကို သံဃာလို့မြင်ရင် ရိုက်ပီးဖမ်းစရာမလိုသလို သူတို့ဖမ်းလို့မမိလို့ လွတ်သွားတဲ့ သံဃာတော်တစ်ပါး ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြတာ အခုလိုထောင် ဖမ်းစရာလည်း မလိုဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဇွန်လ ၁ ရက်နေ့ကလည်း မန္တလေး မစိုးရိမ်တိုက်သစ်တွင် ပရိတ်ရွတ်ဖတ်သည့် သံဃာတော်များကို ဆဲဆိုခြင်း၊ သေနတ်ဖြင့် ပစ်ခြင်း၊ ရမ်းကားခြင်းများ ပြုလုပ်ခဲ့သေးသည်။

Zawgyi

သံဃာေတာ္ ဦးဇ၀နကို ဒကာဟန္ေဆာင္ ဖုန္းဆက္ပင့္ၿပီး အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားက “အနား ဘယ္သူမွ မကပ္နဲ႔” ဟုဆိုကာ ႐ိုက္ႏွက္ဖမ္းဆီး

မႏၲေလး စစ္အာဏာရွင္ဆန႔္က်င္ေရး သပိတ္စစ္ေၾကာင္းတြင္ ေရွ႕တန္းမွ ႂကြခ်ီပါဝင္ေနသည့္ မႏၲေလး ဘုရားႀကီးတိုက္ဝင္း၊ အာေသာကရာမတိုက္ ကံသာေက်ာင္းမွ ဆရာေတာ္ ဦးဇဝနကို ၎၏ ဒကာတစ္ဦးကို ဖုန္းဆက္ပင့္ေဆာင္ခိုင္းၿပီး အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားက လူျမင္ကြင္းတြင္ ႐ိုက္ႏွက္ဖမ္းဆီးသြားေၾကာင္း မ်က္ျမင္ေတြ႕ရွိရသူမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

ဇြန္လ ၁၄ ရက္ေန႔ နံနက္ ၆ နာရီ ၁၅ မိနစ္တြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားက မႏၲေလး မဟာမိတ္တပ္ေပါင္းစု သပိတ္စစ္ေၾကာင္းကို ကားျဖင့္တိုက္ျခင္း၊ ေသနတ္ျဖင့္ ပစ္ခတ္ျခင္း စသည့္ ရက္စက္ေသာ ၿဖိဳခြင္းမႈမ်ားကို လုပ္ေဆာင္ခဲ့ေၾကာင္း၊ သပိတ္တြင္ပါဝင္ေသာ ဆရာေတာ္ ဦးဇ၀နသည္ ၿဖိဳခြင္းခံရမႈမွ လြတ္ေျမာက္သြားေသာ္လည္း ဒကာတစ္ဦးက ဖုန္းဆက္၍ သြားေရာက္ရာမွ အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားက ေထာင္ေခ်ာက္ဆင္ ႐ိုက္ႏွက္ဖမ္းဆီးသြား သည္ဟု မ်က္ျမင္ေတြ႕ရွိရသူမ်ားက ဆိုသည္။

“ဆရာေတာ္က သပိတ္ၿဖိဳခြင္းခံလိုက္ရခ်ိန္မွာ လြတ္ေျမာက္သြားခဲ့ေပမယ့္ ဦးဇင္းနဲ႔ရင္းနီးတဲ့ အဖမ္းခံလိုက္ရသူဒကာတဦးက ဖုန္းလွမ္းဆက္ေခၚလို႔ လြတ္ေျမာက္ေနရာမွ ျပန္အသြားမွာစစ္ ေကာင္စီတပ္မ်ားေရာက္လာၿပီး ဦးဇင္းကို ဝိုင္းပီး႐ိုက္တယ္။ အနားကို ဘယ္သူမွမလာနဲ႔ေျပာၿပီး ဆရာေတာ္ကို ႐ိုက္ႏွက္ ဖမ္းဆီးေခၚေဆာင္သြားတယ္”ဟု မႏၲေလးမွ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူတစ္ဦးကဆိုသည္။

ဗုဒၶဘာသာမွ ဘုရားသားေတာ္ ရဟန္းတစ္ပါးကို အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားက ႐ိုက္ႏွက္ ဖမ္းဆီးျခင္းသည္ ႐ိုင္းစိုင္းေသာ လုပ္ရပ္ျဖစ္ေၾကာင္း ေျပာဆိုသည္။”သံဃာကို သံဃာလို႔ျမင္ရင္ ႐ိုက္ပီးဖမ္းစရာမလိုသလို သူတို႔ဖမ္းလို႔မမိလို႔ လြတ္သြားတဲ့ သံဃာေတာ္တစ္ပါး ၿငိမ္းၿငိမ္းခ်မ္းခ်မ္းဆႏၵျပတာ အခုလိုေထာင္ ဖမ္းစရာလည္း မလိုဘူး” ဟု ၎က ဆက္လက္ေျပာဆိုသည္။

အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားသည္ ဇြန္လ ၁ ရက္ေန႔ကလည္း မႏၲေလး မစိုးရိမ္တိုက္သစ္တြင္ ပရိတ္႐ြတ္ဖတ္သည့္ သံဃာေတာ္မ်ားကို ဆဲဆိုျခင္း၊ ေသနတ္ျဖင့္ ပစ္ျခင္း၊ ရမ္းကားျခင္းမ်ား ျပဳလုပ္ခဲ့ေသးသည္။

Leave a Reply

Your email address will not be published. Required fields are marked *