စစ်ကောင်စီက အစိုးရငွေတိုက်စာချုပ်များ ဒုတိယအကြိမ်ထုတ်ရောင်းမည်
သက်တမ်း၂ နှစ်နဲ့ ၄ နှစ်သက်တမ်းရှိတဲ့ ငွေတိုက်စာချုပ် ၂ မျိုးကို စစ်ကောင်စီက ရောင်းချမှာဖြစ်ပြီး ၂ နှစ်သက်တမ်းရှိတဲ့ စာချုပ်အတွက် တစ်နှစ်ကို အတိုးနှုန်း ၇ ဒသမ ၂၅ ရာခိုင်နှုန်း၊ ၄ နှစ်သက်တမ်းရှိတဲ့ ငွေတိုက်စာချုပ်အတွက် တစ်နှစ်အတိုးနှုန်းကို…
၇ ဒသမ ၅ ရာခိုင်နှုန်း အသီးသီး သတ်မှတ်ထားပါတယ်။ငွေတိုက်စာချုပ်နဲ့ငွေတိုက်လက်မှတ်တွေကို အစိုးရဘတ်ဂျတ် လိုငွေရှိတဲ့အခါ လိုငွေ ဖြည့်တင်းဖို့ အများပြည်သူကို ထုတ်ဝေရောင်းချခြင်းဖြစ်ပြီး တစ်နည်းအားဖြင့် အစိုးရက အများပြည်သူထံက…
အတိုးပေးပြီး ငွေချေးယူတဲ့ နည်းလမ်းတခုလည်း ဖြစ်ပါတယ်။
ဒီငွေတိုက်စာချုပ်တွေကို ဘဏ်နဲ့ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေ၊ အာမခံကုမ္ပဏီတွေ၊ Securities ကုမ္ပဏီတွေက ဝယ်ယူခွင့်ရှိပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ကျပ်ဘီလီယံ ၂၀၀ တန်…
ကြေးရှိတဲ့ ငွေတိုက်စာချုပ်တွေကို စစ်ကောင်စီက လေ လံစနစ်နဲ့ပထမအကြိမ် ရောင်းချရာမှာ ၁ ဒသမ ၇ ဘီလီယံဖိုး၊ ရာခိုင်နှုန်း အနေနဲ့ ဝ ဒသမ ၈၅ ရာခိုင်နှုန်းပဲ ရောင်းချနိုင်ခဲ့ပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတော်အာဏာကို အသုံးပြုနိုင်တဲ့ တရားဝင်အဖွဲ့အစည်း…
မဟုတ်တဲ့အတွက် ငွေတိုက်စာချုပ်တွေ ရောင်းချခြင်းကို လုပ်ကိုင်ခွင့် မရှိကြောင်းနဲ့ စစ်ကောင်စီ ရောင်းချတဲ့ ငွေတိုက်စာချုပ်တွေဟာ တရားမဝင်ကြောင်း ပြည် ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က ဖေဖော်ဝါရီ ၁၇ ရက်က သတိပေးထုတ်ပြန်ထားခဲ့ပါတယ်။…
လက်ရှိ စစ်ကောင်စီလက်ထက်မှာ အခွန်အရပ်ရပ်က ရရှိငွေတွေ၊ နိုင်ငံတကာက ချေးငွေ ရရှိမှုတွေ လျော့န ည်းနိုင်ပြီး လိုအပ်လာတဲ့ လိုငွေအတွက် စစ်ကောင်စီက သယံဇာတတွေ ပိုထုတ်လာနိုင်သလို၊ တရုတ်နဲ့ ရှရှားနိုင်ငံတို့က ချေးငွေရယူတာ၊ ကုန်ပစ္စည်းအကြွေးယူတာတွေရှိလာနိုင်တယ်လို့လည်း စီးပွားရေး လေ့လာစောင့်ကြည့်သူ တစ်ဦးက သုံးသပ်ပါတယ်။…
Zawgyi
စစ္ေကာင္စီက အစိုးရေငြတိုက္စာခ်ဳပ္မ်ား ဒုတိယအႀကိမ္ထုတ္ေရာင္းမည္
သက္တမ္း၂ ႏွစ္နဲ႔ ၄ ႏွစ္သက္တမ္းရွိတဲ့ ေငြတိုက္စာခ်ဳပ္ ၂ မ်ိဳးကို စစ္ေကာင္စီက ေရာင္းခ်မွာျဖစ္ၿပီး ၂ ႏွစ္သက္တမ္းရွိတဲ့ စာခ်ဳပ္အတြက္ တစ္ႏွစ္ကို အတိုးႏႈန္း ၇ ဒသမ ၂၅ ရာခိုင္ႏႈန္း၊ ၄ ႏွစ္သက္တမ္းရွိတဲ့ ေငြတိုက္စာခ်ဳပ္အတြက္ တစ္ႏွစ္အတိုးႏႈန္းကို…
၇ ဒသမ ၅ ရာခိုင္ႏႈန္း အသီးသီး သတ္မွတ္ထားပါတယ္။ေငြတိုက္စာခ်ဳပ္နဲ႔ေငြတိုက္လက္မွတ္ေတြကို အစိုးရဘတ္ဂ်တ္ လိုေငြရွိတဲ့အခါ လိုေငြ ျဖည့္တင္းဖို႔ အမ်ားျပည္သူကို ထုတ္ေဝေရာင္းခ်ျခင္းျဖစ္ၿပီး တစ္နည္းအားျဖင့္ အစိုးရက အမ်ားျပည္သူထံက…
အတိုးေပးၿပီး ေငြေခ်းယူတဲ့ နည္းလမ္းတခုလည္း ျဖစ္ပါတယ္။
ဒီေငြတိုက္စာခ်ဳပ္ေတြကို ဘဏ္နဲ႔ေငြေၾကးဆိုင္ရာအဖြဲ႕အစည္းေတြ၊ အာမခံကုမၸဏီေတြ၊ Securities ကုမၸဏီေတြက ဝယ္ယူခြင့္ရွိပါတယ္။ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလကလည္း က်ပ္ဘီလီယံ ၂၀၀ တန္…
ေၾကးရွိတဲ့ ေငြတိုက္စာခ်ဳပ္ေတြကို စစ္ေကာင္စီက ေလ လံစနစ္နဲ႔ပထမအႀကိမ္ ေရာင္းခ်ရာမွာ ၁ ဒသမ ၇ ဘီလီယံဖိုး၊ ရာခိုင္ႏႈန္း အေနနဲ႔ ဝ ဒသမ ၈၅ ရာခိုင္ႏႈန္းပဲ ေရာင္းခ်ႏိုင္ခဲ့ပါတယ္။
စစ္ေကာင္စီဟာ ႏိုင္ငံေတာ္အာဏာကို အသုံးျပဳႏိုင္တဲ့ တရားဝင္အဖြဲ႕အစည္း…
မဟုတ္တဲ့အတြက္ ေငြတိုက္စာခ်ဳပ္ေတြ ေရာင္းခ်ျခင္းကို လုပ္ကိုင္ခြင့္ မရွိေၾကာင္းနဲ႔ စစ္ေကာင္စီ ေရာင္းခ်တဲ့ ေငြတိုက္စာခ်ဳပ္ေတြဟာ တရားမဝင္ေၾကာင္း ျပည္ ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳ ေကာ္မတီ (CRPH) က ေဖေဖာ္ဝါရီ ၁၇ ရက္က သတိေပးထုတ္ျပန္ထားခဲ့ပါတယ္။…
လက္ရွိ စစ္ေကာင္စီလက္ထက္မွာ အခြန္အရပ္ရပ္က ရရွိေငြေတြ၊ ႏိုင္ငံတကာက ေခ်းေငြ ရရွိမႈေတြ ေလ်ာ့န ည္းႏိုင္ၿပီး လိုအပ္လာတဲ့ လိုေငြအတြက္ စစ္ေကာင္စီက သယံဇာတေတြ ပိုထုတ္လာႏိုင္သလို၊ တ႐ုတ္နဲ႔ ရွရွားႏိုင္ငံတို႔က ေခ်းေငြရယူတာ၊ ကုန္ပစၥည္းအေႂကြးယူတာေတြရွိလာႏိုင္တယ္လို႔လည္း စီးပြားေရး ေလ့လာေစာင့္ၾကည့္သူ တစ္ဦးက သုံးသပ္ပါတယ္။…