ကျဆုံးသူ ကျောင်းသား‌‌ မောင်လင်းထက်၏ အလောင်း ပြန်မရသေး၍ နာရေး မကျင်းပနိုင်သေး

ကျဆုံးသူ ကျောင်းသား‌‌ မောင်လင်းထက်၏ အလောင်း ပြန်မရသေး၍ နာရေး မကျင်းပနိုင်သေး

မြတောင်သပိတ် ဖြိုခွဲခံရစဉ် ကျဆုံးသူ ကျောင်းသား ကိုလင်းထက်၏ အလောင်း ပြန်မရသေး၍ နာရေး မကျင်းပနိုင်သေး

စစ်အာဏာရှင် ကျဆုံးရေး လမ်းလျှောက်ချီတက် ဆန္ဒပြသည့် မန္တလေး မြတောင် သပိတ်စစ်ကြောင်းကို မတ်လ(၁၁)ရက် မနက်ပိုင်းတွင် ရဲနှင့် စစ်သားများက အကြမ်းဖက်ပစ်ခတ် ဖြိုခွဲခဲ့ရာတွင် ကျဆုံးသူ ရတနာပုံတက္ကသိုလ် ဘူမိဗေဒကျောင်းသား အသက်(၁၉)နှစ်အရွယ် ကိုလင်းထက်၏ အလောင်းကို မိသားစုထံ ပြန်လည်ပို့ဆောင်ခြင်း မရှိသဖြင့် နာရေးအခမ်းအနား ကျင်ပနိုင်ခြင်း မရှိသေးဘဲ ဖြစ်နေသည်။

မတ်လ(၁၁)ရက်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း၃ဝနှင့် လမ်း၉၀ အနီးရှိ ကိုးလုံးတကာဘုရားအနီးတွင် မြတောင်သပိတ်စစ်ကြောင်းကို ရဲနှင့်စစ်သားများက အကြမ်းဖက်ဖြိုခွဲခဲ့ပြီး ကျဆုံးသူ ကိုလင်းထက်၏ အလောင်းကိုလည်း ရဲနှင့်စစ်သားများက သယ်ဆောင်သွားသည်ဟု မြင်တွေ့သူများက ပြောသည်။

“သတင်းကြားကတည်းက အဲ့ဒီဖြစ်တဲ့နေရာ သွားတယ်။ မနေ့ကတည်းက အခုချိန်ထိ ဘာမှ မတွေ့ရ၊ မသိရသေးဘူး။

ကျွန်တော့် သားလေး သေဆုံးသွားပြီ ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် ကျွန်တော့်သားရဲ့ အလောင်းကိုတော့ ပြန်ရချင်တယ်။ နောက်ဆုံးအနေနဲ့ သူ့ပုံနဲ့ သူ့အလောင်းကိုတော့ ပြန်ရချင်ပါတယ်”ဟု ကျဆုံးသူ ကိုလင်းထက်၏ ဖခင်က ငိုရင်းပြောသည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မြောက်ပြင်ရပ်တွင် နေထိုင်သူ ရတနာပုံတက္ကသိုလ် ဘူမိဗေဒ ဒုတိယနှစ်ကျောင်းသား အသက်(၁၉)နှစ်အရွယ် ကိုလင်းထက်သည် မတ်လ(၁၁)ရက်က ချီတက်ဆန္ဒပြခဲ့သည့် မြတောင်သပိတ်စစ်ကြောင်းတွင် Defence Team (ကာကွယ်ပေးသူများအဖွဲ့) အဖွဲ့ဝင်အနေဖြင့် လိုက်ပါခဲ့ပြီး ကိုးလုံးတကာ ဘုရားအနီးတွင် ရဲနှင့် စစ်သား အင်အား အများအပြားက သပိတ်စစ်ကြောင်းကို နှစ်ဖက်ညှပ်ပိတ်ကာ အကြမ်းဖက်ပစ်ခတ် ရိုက်နှက်ဖြိုခွဲစဉ် ကျဆုံးခဲ့ခြင်း ဖြစ်သည်ဟု သပိတ်စစ်ကြောင်းတွင် ပါဝင်သူများနှင့် နီးစပ်သူများက ပြောသည်။

ကိုလင်းထက် ကျဆုံးမှုနှင့်ပတ်သက်၍ ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက မတ်လ(၁၁)ရက် ညနေပိုင်းတွင် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ပြီး ကိုလင်းထက်အား မြန်မာနိုင်ငံ၏ ၂၀၂၁ခုနှစ် နွေဦးတော်လှန်ရေး အာဇာနည် သူရဲကောင်းအဖြစ် ကမ္ဗည်းတင်ကြောင်း ဖော်ပြထားသည်။

မတ်လ(၁၁)ရက်က မြတောင်သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရမှုတွင် ကိုလင်းထက် ကျဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရကာ (၂၀)ကျော် အဖမ်းခံခဲ့ရကြောင်း နီးစပ်သူများက ပြောသည်။

ပုံစာ – ကိုလင်းထက်၏ အလောင်းကို ရဲနှင့်စစ်သားများသည် သယ်ယူသွားသော်လည်း မိသားစုထံ ဆက်သွယ်ခြင်း မရှိသဖြင့် နာရေးကျင်းပနိုင်ခြင်း မရှိသေးပေ။

Zawgyi

က်ဆုံးသူ ေက်ာင္းသား‌‌ ေမာင္လင္းထက္၏ အေလာင္း ျပန္မရေသး၍ နာေရး မက်င္းပႏိုင္ေသး

ျမေတာင္သပိတ္ ၿဖိဳခြဲခံရစဥ္ က်ဆုံးသူ ေက်ာင္းသား ကိုလင္းထက္၏ အေလာင္း ျပန္မရေသး၍ နာေရး မက်င္းပႏိုင္ေသး

စစ္အာဏာရွင္ က်ဆုံးေရး လမ္းေလွ်ာက္ခ်ီတက္ ဆႏၵျပသည့္ မႏၲေလး ျမေတာင္ သပိတ္စစ္ေၾကာင္းကို မတ္လ(၁၁)ရက္ မနက္ပိုင္းတြင္ ရဲႏွင့္ စစ္သားမ်ားက အၾကမ္းဖက္ပစ္ခတ္ ၿဖိဳခြဲခဲ့ရာတြင္ က်ဆုံးသူ ရတနာပုံတကၠသိုလ္ ဘူမိေဗဒေက်ာင္းသား အသက္(၁၉)ႏွစ္အ႐ြယ္ ကိုလင္းထက္၏ အေလာင္းကို မိသားစုထံ ျပန္လည္ပို႔ေဆာင္ျခင္း မရွိသျဖင့္ နာေရးအခမ္းအနား က်င္ပႏိုင္ျခင္း မရွိေသးဘဲ ျဖစ္ေနသည္။

မတ္လ(၁၁)ရက္က မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္ လမ္း၃ဝႏွင့္ လမ္း၉၀ အနီးရွိ ကိုးလုံးတကာဘုရားအနီးတြင္ ျမေတာင္သပိတ္စစ္ေၾကာင္းကို ရဲႏွင့္စစ္သားမ်ားက အၾကမ္းဖက္ၿဖိဳခြဲခဲ့ၿပီး က်ဆုံးသူ ကိုလင္းထက္၏ အေလာင္းကိုလည္း ရဲႏွင့္စစ္သားမ်ားက သယ္ေဆာင္သြားသည္ဟု ျမင္ေတြ႕သူမ်ားက ေျပာသည္။

“သတင္းၾကားကတည္းက အဲ့ဒီျဖစ္တဲ့ေနရာ သြားတယ္။ မေန႔ကတည္းက အခုခ်ိန္ထိ ဘာမွ မေတြ႕ရ၊ မသိရေသးဘူး။

ကြၽန္ေတာ့္ သားေလး ေသဆုံးသြားၿပီ ဆိုတာ လက္ခံပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္သားရဲ႕ အေလာင္းကိုေတာ့ ျပန္ရခ်င္တယ္။ ေနာက္ဆုံးအေနနဲ႔ သူ႔ပုံနဲ႔ သူ႔အေလာင္းကိုေတာ့ ျပန္ရခ်င္ပါတယ္”ဟု က်ဆုံးသူ ကိုလင္းထက္၏ ဖခင္က ငိုရင္းေျပာသည္။

မႏၲေလးၿမိဳ႕ ေအာင္ေျမသာစံၿမိဳ႕နယ္ ေျမာက္ျပင္ရပ္တြင္ ေနထိုင္သူ ရတနာပုံတကၠသိုလ္ ဘူမိေဗဒ ဒုတိယႏွစ္ေက်ာင္းသား အသက္(၁၉)ႏွစ္အ႐ြယ္ ကိုလင္းထက္သည္ မတ္လ(၁၁)ရက္က ခ်ီတက္ဆႏၵျပခဲ့သည့္ ျမေတာင္သပိတ္စစ္ေၾကာင္းတြင္ Defence Team (ကာကြယ္ေပးသူမ်ားအဖြဲ႕) အဖြဲ႕ဝင္အေနျဖင့္ လိုက္ပါခဲ့ၿပီး ကိုးလုံးတကာ ဘုရားအနီးတြင္ ရဲႏွင့္ စစ္သား အင္အား အမ်ားအျပားက သပိတ္စစ္ေၾကာင္းကို ႏွစ္ဖက္ညႇပ္ပိတ္ကာ အၾကမ္းဖက္ပစ္ခတ္ ႐ိုက္ႏွက္ၿဖိဳခြဲစဥ္ က်ဆုံးခဲ့ျခင္း ျဖစ္သည္ဟု သပိတ္စစ္ေၾကာင္းတြင္ ပါဝင္သူမ်ားႏွင့္ နီးစပ္သူမ်ားက ေျပာသည္။

ကိုလင္းထက္ က်ဆုံးမႈႏွင့္ပတ္သက္၍ ရတနာပုံတကၠသိုလ္ ေက်ာင္းသားမ်ား သမဂၢက မတ္လ(၁၁)ရက္ ညေနပိုင္းတြင္ သေဘာထားေၾကညာခ်က္ ထုတ္ျပန္ခဲ့ၿပီး ကိုလင္းထက္အား ျမန္မာႏိုင္ငံ၏ ၂၀၂၁ခုႏွစ္ ေႏြဦးေတာ္လွန္ေရး အာဇာနည္ သူရဲေကာင္းအျဖစ္ ကမၺည္းတင္ေၾကာင္း ေဖာ္ျပထားသည္။

မတ္လ(၁၁)ရက္က ျမေတာင္သပိတ္စစ္ေၾကာင္း အၾကမ္းဖက္ၿဖိဳခြင္းခံရမႈတြင္ ကိုလင္းထက္ က်ဆုံးၿပီး ႏွစ္ဦး ထိခိုက္ဒဏ္ရာရကာ (၂၀)ေက်ာ္ အဖမ္းခံခဲ့ရေၾကာင္း နီးစပ္သူမ်ားက ေျပာသည္။

ပုံစာ – ကိုလင္းထက္၏ အေလာင္းကို ရဲႏွင့္စစ္သားမ်ားသည္ သယ္ယူသြားေသာ္လည္း မိသားစုထံ ဆက္သြယ္ျခင္း မရွိသျဖင့္ နာေရးက်င္းပႏိုင္ျခင္း မရွိေသးေပ။

Leave a Reply

Your email address will not be published. Required fields are marked *