အမေဖြစ်သူအတွက် သားကင်မ်အဲရစ် ဆုမွန်ကောင်းတောင်းရေးသားစာပေးပို့

အမေဖြစ်သူအတွက် သားကင်မ်အဲရစ် ဆုမွန်ကောင်းတောင်းရေးသားစာပေးပို့

တိုင်းပြည်မှာ ဒီမိုကရေစီပြန်လည်ရရှိဖို့ စည်းစည်းလုံးလုံးနဲ့ တဖန်ပြန်ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူတွေနဲ့အတူ သူနဲ့ သူ့မိသားစုက တသားတည်းရှိနေတယ်လို့

အဖမ်းဆီးခံထားရပြီး အမှုရင်ဆိုင်နေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်း ခေါ် မစ္စတာ ကင်မ်အဲရစ်က ပြောကြားလိုက်ပါတယ်။

ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အကြိုအဖြစ် ဇွန်လ ၁၆ ရက်နေ့က နော်ဝေနိုင်ငံ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံ

ထိန်းသိမ်းရေးကော်မတီက ဦးဆောင်ကျင်းပတဲ့ပွဲကို ပေးပို့တဲ့ သဝဏ်လွှာမှာမစ္စတာ ကင်မ်အဲရစ်က အခုလို သဝဏ်လွှာပေးပို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အဲ့ဒီစာထဲမှာတော့ မစ္စတာ ကင်မ်အဲရစ်က မြန်မာပြည်သူတွေနဲ့အတူ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် လက်ရှိရင်ဆိုင်ကြုံ တွေ့နေရတဲ့ အခြေအနေကြားမှာ

အကောင်းဆုံးသော မွေးနေ့ဖြစ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းချင်ပါတယ်လို့ ရေးသားထားပါတယ်။ ကမ္ဘာတလွှားက လူတိုင်းကလည်း ဒီမိုကရေအရေး ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူတွေကို ဆက်လက်ထောက်ခံအားပေးဖို့ လိုအပ်ပါတယ် သဝဏ်လွှာထဲမှာ တိုက်တွန်းထားပါတယ်။

နောက်တနှစ် ဒီလိုအချိန် မွေးနေ့အခါသမယမှာ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မွေးနေ့ဆုမွန်ကောင်းတွေကို လူကိုယ်တိုင် လက်ခံရရှိနိုင်ဖို့ မျှော်လင့်ပြီး

အားလုံးဆန္ဒရှိတဲ့အတိုင်း Generation Z မျိုးဆက်တွေလည်းငြိမ်းချမ်းရေးနဲ့ လွတ်လပ်ခြင်းကို ရယူ အမွေဆက်ခံနိုင်ကြဖို့ အတူတကွ မျှော်လင့်ကြရအောင်ပါဆိုပြီး မစ္စတာ ကင်မ်အဲရစ်က ရေးသားထားပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁၉ ရက်နေ့မှာ အသက် ၇၆ နှစ်ပြည့်မှာ ဖြစ်ပါတယ်။

Zawgyi

အေမျဖစ္သူအတြက္ သားကင္မ္အဲရစ္ ဆုမြန္ေကာင္းေတာင္းေရးသားစာေပးပို႔

တိုင္းျပည္မွာ ဒီမိုကေရစီျပန္လည္ရရွိဖို႔ စည္းစည္းလုံးလုံးနဲ႔ တဖန္ျပန္ႀကိဳးပမ္းေနၾကတဲ့ ျမန္မာျပည္သူေတြနဲ႔အတူ သူနဲ႔ သူ႔မိသားစုက တသားတည္းရွိေနတယ္လို႔

အဖမ္းဆီးခံထားရၿပီး အမႈရင္ဆိုင္ေနရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕သားငယ္ ကိုထိန္လင္း ေခၚ မစၥတာ ကင္မ္အဲရစ္က ေျပာၾကားလိုက္ပါတယ္။

ဇြန္လ ၁၉ ရက္ေန႔မွာ က်ေရာက္မယ့္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေမြးေန႔အႀကိဳအျဖစ္ ဇြန္လ ၁၆ ရက္ေန႔က ေနာ္ေဝႏိုင္ငံ ေဒၚေအာင္ဆန္းစုၾကည္ပန္းၿခံ

ထိန္းသိမ္းေရးေကာ္မတီက ဦးေဆာင္က်င္းပတဲ့ပြဲကို ေပးပို႔တဲ့ သဝဏ္လႊာမွာမစၥတာ ကင္မ္အဲရစ္က အခုလို သဝဏ္လႊာေပးပို႔ ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

အဲ့ဒီစာထဲမွာေတာ့ မစၥတာ ကင္မ္အဲရစ္က ျမန္မာျပည္သူေတြနဲ႔အတူ မိခင္ျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္ လက္ရွိရင္ဆိုင္ႀကဳံ ေတြ႕ေနရတဲ့ အေျခအေနၾကားမွာ

အေကာင္းဆုံးေသာ ေမြးေန႔ျဖစ္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းခ်င္ပါတယ္လို႔ ေရးသားထားပါတယ္။ ကမာၻတလႊားက လူတိုင္းကလည္း ဒီမိုကေရအေရး ႀကိဳးပမ္းေနၾကတဲ့ ျမန္မာျပည္သူေတြကို ဆက္လက္ေထာက္ခံအားေပးဖို႔ လိုအပ္ပါတယ္ သဝဏ္လႊာထဲမွာ တိုက္တြန္းထားပါတယ္။

ေနာက္တႏွစ္ ဒီလိုအခ်ိန္ ေမြးေန႔အခါသမယမွာ မိခင္ျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ ေမြးေန႔ဆုမြန္ေကာင္းေတြကို လူကိုယ္တိုင္ လက္ခံရရွိႏိုင္ဖို႔ ေမွ်ာ္လင့္ၿပီး

အားလုံးဆႏၵရွိတဲ့အတိုင္း Generation Z မ်ိဳးဆက္ေတြလည္းၿငိမ္းခ်မ္းေရးနဲ႔ လြတ္လပ္ျခင္းကို ရယူ အေမြဆက္ခံႏိုင္ၾကဖို႔ အတူတကြ ေမွ်ာ္လင့္ၾကရေအာင္ပါဆိုၿပီး မစၥတာ ကင္မ္အဲရစ္က ေရးသားထားပါတယ္။

လက္ရွိအခ်ိန္မွာ စစ္ေကာင္စီက ဖမ္းဆီးထိန္းသိမ္းထားတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဇြန္လ ၁၉ ရက္ေန႔မွာ အသက္ ၇၆ ႏွစ္ျပည့္မွာ ျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *