မြင်လား မင်းတို့လုပ်လိုက်တာ ဘိုးဘွားတွေ ပြာဖြစ်သွားရပြီ

မြင်လား မင်းတို့လုပ်လိုက်တာ ဘိုးဘွားတွေ ပြာဖြစ်သွားရပြီ

စစ်ကောင်စီတပ်များ မီးတင်ရှို့သော ကင်းမရွာမီးလောင်မှုမှ သက်ကြီးရွယ်အို ၃ ဦးကယ်ထုတ်နိုင်ခဲ့ပြီး ဘိုးဘွား ၂ ဦး မီးထဲပါ၍ ကွယ်လွန်သွား

မကွေးတိုင်းဒေသကြီး၊ပေါက်မြို့နယ် ကင်းမရွာကိုအကြမ်း ဖက်စစ်တပ်က မီးတင်ရှို့ခဲ့ရာတွင် သက်ကြီးရွယ်အို ၃ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး အဘိုးအဘွား ၂ ဦး မီးထဲပါပြီး ကွယ်လွန်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“ကျနော်တို့သိသလောက်တော့ အခုညနေအထိပေါ့။ သက်ကြီးရွယ်အို ၃ ဦးကတော့ ကယ်ထုတ်နိုင်ခဲ့တယ်။ ကျန်တဲ့ အဘိုးဦးမြမောင်နဲ့ ဒေါ်ကြီးမိန်ကတော့ မီးထဲပါသွားတယ်။ အဲဒါကို အတည် ပြုပြီးပြီ။ သူတို့အိမ်မှာ အရိုးကျနေတဲ့ အ လေ ာင်းတွေလည်း ရပါပြီ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် ကင်းမကျေးရွာသူကျေးရွာသားများမှာ မိမိတို့၏ နေအိမ်များသို့ ပြန်ကြည့်၍ ရနိုင်သမျှ ပစ္စည်းတချို့ ယူရန် လာရောက်ကြသော်လည်း ပြာပုံအတိသာ မြင်တွေ့ရကြောင်း၊ လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ မရှိတော့သော်လည်း လုံခြုံမှုမရှိခြင်း၊ နေစရာအိမ်မရှိတော့ခြင်းတို့ကြောင့် အတိဒုက္ခရောက်နေရသည်ဟု သိရှိရသည်။

“ဘယ်သွားနေရမလဲ။ ဒီလိုပဲ နီးစပ်ရာနေရာတွေထဲမှာ နေရမယ်ထင်တယ်။ နေစရာ အိမ်လည်းမရှိတော့ဘူးလေ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ကင်းမကျေးရွာမှ မီးလောင်ကွယ်လွန်သွားသော အဘိုး ဦးမြမောင်နှင့် အဘွားဒေါ်ကြီးမိန်တို့၏ ကြွင်းကျန်ရစ်သော ရုပ်အ လေ ာင်းနှစ်ခု။

Zawgyi

ျမင္လား မင္းတို႔လုပ္လိုက္တာ ဘိုးဘြားေတြ ျပာျဖစ္သြားရၿပီ

စစ္ေကာင္စီတပ္မ်ား မီးတင္ရႈိ႕ေသာ ကင္းမ႐ြာမီး​ေလာင္မႈမွ သက္ႀကီး႐ြယ္အို ၃ ဦးကယ္ထုတ္ႏိုင္ခဲ့ၿပီး ဘိုးဘြား ၂ ဦး မီးထဲပါ၍ ကြယ္လြန္သြား

မေကြးတိုင္းေဒသႀကီး၊ေပါက္ၿမိဳ႕နယ္ ကင္းမ႐ြာကိုအၾကမ္း ဖက္စစ္တပ္က မီးတင္ရႈိ႕ခဲ့ရာတြင္ သက္ႀကီး႐ြယ္အို ၃ ဦးကို ကယ္ထုတ္ႏိုင္ခဲ့ၿပီး အဘိုးအဘြား ၂ ဦး မီးထဲပါၿပီး ကြယ္လြန္ခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာဆိုသည္။

“က်ေနာ္တို႔သိသေလာက္ေတာ့ အခုညေနအထိေပါ့။ သက္ႀကီး႐ြယ္အို ၃ ဦးကေတာ့ ကယ္ထုတ္ႏိုင္ခဲ့တယ္။ က်န္တဲ့ အဘိုးဦးျမေမာင္နဲ႔ ေဒၚႀကီးမိန္ကေတာ့ မီးထဲပါသြားတယ္။ အဲဒါကို အတည္ ျပဳၿပီးၿပီ။ သူတို႔အိမ္မွာ အ႐ိုးက်ေနတဲ့ အ ေလ ာင္းေတြလည္း ရပါၿပီ” ဟု ေဒသခံတစ္ဦးက ဆိုသည္။

လက္ရွိအခ်ိန္တြင္ ကင္းမေက်း႐ြာသူေက်း႐ြာသားမ်ားမွာ မိမိတို႔၏ ေနအိမ္မ်ားသို႔ ျပန္ၾကည့္၍ ရႏိုင္သမွ် ပစၥည္းတခ်ိဳ႕ ယူရန္ လာေရာက္ၾကေသာ္လည္း ျပာပုံအတိသာ ျမင္ေတြ႕ရေၾကာင္း၊ လက္ရွိအခ်ိန္တြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ား မရွိေတာ့ေသာ္လည္း လုံၿခဳံမႈမရွိျခင္း၊ ေနစရာအိမ္မရွိေတာ့ျခင္းတို႔ေၾကာင့္ အတိဒုကၡေရာက္ေနရသည္ဟု သိရွိရသည္။

“ဘယ္သြားေနရမလဲ။ ဒီလိုပဲ နီးစပ္ရာေနရာေတြထဲမွာ ေနရမယ္ထင္တယ္။ ေနစရာ အိမ္လည္းမရွိေတာ့ဘူးေလ” ဟု ေဒသခံတစ္ဦးက ေျပာဆိုသည္။

ဓာတ္ပုံ- ကင္းမေက်း႐ြာမွ မီးေလာင္ကြယ္လြန္သြားေသာ အဘိုး ဦးျမေမာင္ႏွင့္ အဘြားေဒၚႀကီးမိန္တို႔၏ ႂကြင္းက်န္ရစ္ေသာ ႐ုပ္အ ေလ ာင္းႏွစ္ခု။

Leave a Reply

Your email address will not be published. Required fields are marked *