အိမ်မပြန်ရတာ ကြာလှပြီမို့ မိသားစုကို ဘယ်လောက်တောင် လွမ်းနေကြောင်းပြောပြလာတဲ့ ညီနန္ဒ

ထွက်ပြေးတိမ်းရှောင်နေရင်း အိမ်မပြန်ရတာ ကြာလှပြီမို့ မိသားစုကို ဘယ်လောက်တောင် လွမ်းနေကြောင်းပြောပြလာတဲ့ ညီနန္ဒ

သရုပ်ဆောင်မင်းသား ညီနန္ဒကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေကို ရဲရဲရင့်ရင့်နဲ့ အင်တိုက်အားတိုက်ပြုလုပ်တာကြောင့် ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ပါပဲ..။

ညီနန္ဒကတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ အမှုဖွင့် အရေးယူခြင်းခံထားရတာကြောင့် လတ်တလောမှာ အခက်အခဲတွေနဲ့ အန္တရာယ်တွေကြားက ရှောင်တိမ်းပုန်းခိုနေရသူလည်း ဖြစ်ပါတယ်..။

လတ်တလောအခြေအနေတွေမှာ အိမ်မပြန်နိုင်တာ အတော်လေးကြာနေပြီဖြစ်တဲ့အတွက် ချစ်ရတဲ့မိသားစုကို လွမ်းနေရပြီး အိမ်ပြန်ချင်တဲ့စိတ်ဇောတွေကြောင့် အိပ်မက် မက်ခဲ့တဲ့အကြောင်းတွေ ပြောပြလာပါတယ်..။

မိသားစုကို နေ့နေ့ညည သတိရလွမ်းဆွတ်နေရပြီး အခုချိန်မှာ လက်တွေ့အကောင်အထည်မဖော်နိုင်သေးတဲ့ အိမ်ပြန်ခြင်းကို အိပ်မက်ထဲမှာ ပြုလုပ်ခဲ့တဲ့အကြောင်းတွေကို လွမ်းလွမ်းဆွေးဆွေးလေး ပြောပြထားတာ ဖြစ်ပါတယ်..။

“အလွမ်း… ပြန်ချင်စိတ်ကြောင့်…

အလွမ်း… ပြန်ချင်ဇောကြောင့်…

နေ့ခင်း… အိပ်မက်ထဲမှာ

အတွေး… အိပ်မက်ထဲမှာ

အိမ်ပြန်ဖြစ်တယ်..” ဆိုပြီး သူ့ရဲ့အဖြစ်တွေကို ညီနန္ဒက ပြောပြထားတာ ဖြစ်ပါတယ်..။

တော်လှန်ရေးအတွက် လူထုလှုပ်ရှားမှုတွေပြုလုပ်ကာ အရေးတော်ပုံကြီးမှာ တတ်နိုင်သလောက် ကြိုးစားပါဝင်အားဖြည့်ခဲ့ပြီး မိသားစုတွေနဲ့ ခွဲခွာနေ နေရတဲ့ ညီနန္ဒကို ပြည်သူပရိသတ်တွေကလည်း အားပေးစကားတွေပြောထားကြတာ တွေ့ရပါတယ်..။

Zawgyi

ထြက္ေျပးတိမ္းေရွာင္ေနရင္း အိမ္မျပန္ရတာ ၾကာလွၿပီမို႔ မိသားစုကို ဘယ္ေလာက္ေတာင္ လြမ္းေနေၾကာင္းေျပာျပလာတဲ့ ညီနႏၵ

သ႐ုပ္ေဆာင္မင္းသား ညီနႏၵကေတာ့ ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ ျပည္သူေတြနဲ႔အတူ လမ္းေပၚထြက္လႈပ္ရွားမႈေတြကို ရဲရဲရင့္ရင့္နဲ႔ အင္တိုက္အားတိုက္ျပဳလုပ္တာေၾကာင့္ ၅၀၅ က ျဖင့္ အမႈဖြင့္အေရးယူျခင္းခံထားရတဲ့ အႏုပညာရွင္ေတြထဲက တစ္ေယာက္ပါပဲ..။

ညီနႏၵကေတာ့ အၾကမ္းဖက္စစ္ေကာင္စီရဲ႕ အမႈဖြင့္ အေရးယူျခင္းခံထားရတာေၾကာင့္ လတ္တေလာမွာ အခက္အခဲေတြနဲ႔ အႏၲရာယ္ေတြၾကားက ေရွာင္တိမ္းပုန္းခိုေနရသူလည္း ျဖစ္ပါတယ္..။

လတ္တေလာအေျခအေနေတြမွာ အိမ္မျပန္ႏိုင္တာ အေတာ္ေလးၾကာေနၿပီျဖစ္တဲ့အတြက္ ခ်စ္ရတဲ့မိသားစုကို လြမ္းေနရၿပီး အိမ္ျပန္ခ်င္တဲ့စိတ္ေဇာေတြေၾကာင့္ အိပ္မက္ မက္ခဲ့တဲ့အေၾကာင္းေတြ ေျပာျပလာပါတယ္..။

မိသားစုကို ေန႔ေန႔ညည သတိရလြမ္းဆြတ္ေနရၿပီး အခုခ်ိန္မွာ လက္ေတြ႕အေကာင္အထည္မေဖာ္ႏိုင္ေသးတဲ့ အိမ္ျပန္ျခင္းကို အိပ္မက္ထဲမွာ ျပဳလုပ္ခဲ့တဲ့အေၾကာင္းေတြကို လြမ္းလြမ္းေဆြးေဆြးေလး ေျပာျပထားတာ ျဖစ္ပါတယ္..။

“အလြမ္း… ျပန္ခ်င္စိတ္ေၾကာင့္…

အလြမ္း… ျပန္ခ်င္ေဇာေၾကာင့္…

ေန႔ခင္း… အိပ္မက္ထဲမွာ

အေတြး… အိပ္မက္ထဲမွာ

အိမ္ျပန္ျဖစ္တယ္..” ဆိုၿပီး သူ႔ရဲ႕အျဖစ္ေတြကို ညီနႏၵက ေျပာျပထားတာ ျဖစ္ပါတယ္..။

ေတာ္လွန္ေရးအတြက္ လူထုလႈပ္ရွားမႈေတြျပဳလုပ္ကာ အေရးေတာ္ပုံႀကီးမွာ တတ္ႏိုင္သေလာက္ ႀကိဳးစားပါဝင္အားျဖည့္ခဲ့ၿပီး မိသားစုေတြနဲ႔ ခြဲခြာေန ေနရတဲ့ ညီနႏၵကို ျပည္သူပရိသတ္ေတြကလည္း အားေပးစကားေတြေျပာထားၾကတာ ေတြ႕ရပါတယ္..။

Leave a Reply

Your email address will not be published. Required fields are marked *