ဝေဖန်နေတဲ့သူတွေကို ဘယ်လိုဒုက္ခခံရကြောင်း ဗီဒီယိုနဲ့တကွသက်သေပြလိုက်တဲ့ PDF လူငယ်တစ်ဦး

နွေဦးတော်လှန်ရေးအတွက် အလှူခံတာနဲ့ပတ်သက်ပြီး ဝေဖန်နေတဲ့သူတွေကို သူအင်တာနက်သုံးဖို့တောင် ဘယ်လိုဒုက္ခခံရကြောင်း ဗီဒီယိုနဲ့တကွသက်သေပြလိုက်တဲ့ PDF လူငယ်တစ်ဦး

လက်ရှိမှာတော့ မြန်မာနိုင်ငံအနှံ့အပြားရှိ တိုင်းဒေသအသီးသီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဖွဲ့စည်းထားကြတာ ဖြစ်ပါတယ် ။ PDF အဖွဲ့တွေမှာ တာဝန်ထမ်းဆောင်နေသူ အများစုကတော့ လူငယ်တွေဖြစ်ကြပြီး သူတို့က

တိုင်းပြည်ရဲ့အနာဂတ်အတွက် ကြိုးစားနေကြတာ ဖြစ်ပါတယ် ။ ရန်ကုန်မြို့မှာပြုလုပ်တဲ့ လူထုလှုပ်ရှားမှုတွေမှာ မပျက်မကွက်ပါဝင်ခဲ့တဲ့ လူငယ်တစ်ဦးကလည်း အခုဆိုရင် PDF တပ်ဖွဲ့တစ်ခုကို ဝင်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ် ။

သူကတော့ ရန်ကုန်မှာရှိစဉ်ကတည်းက

အန္တရာယ်တွေကြားကနေ လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့သူတစ်ဦး ဖြစ်ပါတယ် ။ အခုချိန်မှာတော့ တောထဲတောင်ထဲကို ရောက်ရှိနေပြီဖြစ်ကြောင်း ပြည်သူတွေကို အသိပေးခဲ့တာ ဖြစ်ပါတယ် ။ မနေ့ကဆိုရင်လည်း PDF အဖွဲ့တွေအတွက် တစ်လကို (၅)ထောင်ပဲလှူပေးပါဆိုပြီး

သူက အလှူခံခဲ့တာ ဖြစ်ပါတယ် ။ ဒါပေမဲ့ အလှူခံဖို့အတွက် အသုံးပြုထားတဲ့ ဖုန်းနံပါတ်က Mytel ဖြစ်နေတာကြောင့် သူ့အနေနဲ့ ဝေဖန်မှုတွေခံခဲ့ရတာ ဖြစ်ပါတယ် ။ သူကတော့ ဝေဖန်တဲ့သူတွေကို တော်လှန်ရေးပြီးမှသာ သူနေခဲ့စားခဲ့ရတဲ့ အခြေအနေတွေနဲ့ ပေးဆပ်ခဲ့ရပုံတွေ

ပြောပြမယ်ဆိုပြီး ပြောလိုက်တာ ဖြစ်ပါတယ် ။ ဒါ့အပြင် “ကိုယ်ကျိုးအတွက်ရှာရအောင်လည်း မွဲတေနေပြီး တော်လှန်ရေးဗန်းပြပြီး ကိုယ်ကျိုးအတွက် သူများတွေလို နိုင်ငံရေးအမြတ်ထုတ်နေခဲ့တာလည်းမဟုတ်ဘူး။

ကိုယ်ဘယ်ရောက်နေပါတယ် ဘယ်မှာနေနေရပါတယ် ဘာညာဆိုပြီး

အကုန်ရိုက်ပြနေရအောင်လည်း တပ်ရင်းသတင်းအပေါက်မခံနိုင်ဘူး။ ” ဆိုပြီး ပြန်လည်တုံ့ပြန်ထားပါတယ်။ ဝေဖန်မှုတွေရှိနေပေမယ့်လည်း လောလောဆယ်တော့ လမ်းမလွဲအောင် တည့်တည့်ဆက်သွားမယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုလို အင်တာနက်သုံးရဖို့နဲ့

Post တွေတင်နိုင်ဖို့အတွက် မိုးရွာထားတဲ့တောင်ပေါ်ကို ခက်ခက်ခဲခဲတက်ခဲ့ရကြောင်း ဗီဒီယိုဖိုင်နဲ့အတူ မျှဝေထားတာလည်း တွေ့ရပါတယ်။

Zawgyi

ေႏြဦးေတာ္လွန္ေရးအတြက္ အလႉခံတာနဲ႔ပတ္သက္ၿပီး ေဝဖန္ေနတဲ့သူေတြကို သူအင္တာနက္သုံးဖို႔ေတာင္ ဘယ္လိုဒုကၡခံရေၾကာင္း ဗီဒီယိုနဲ႔တကြသက္ေသျပလိုက္တဲ့ PDF လူငယ္တစ္ဦး

လက္ရွိမွာေတာ့ ျမန္မာႏိုင္ငံအႏွံ႔အျပားရွိ တိုင္းေဒသအသီးသီးမွာ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြကို ဖြဲ႕စည္းထားၾကတာ ျဖစ္ပါတယ္ ။ PDF အဖြဲ႕ေတြမွာ တာဝန္ထမ္းေဆာင္ေနသူ အမ်ားစုကေတာ့ လူငယ္ေတြျဖစ္ၾကၿပီး သူတို႔က

တိုင္းျပည္ရဲ႕အနာဂတ္အတြက္ ႀကိဳးစားေနၾကတာ ျဖစ္ပါတယ္ ။ ရန္ကုန္ၿမိဳ႕မွာျပဳလုပ္တဲ့ လူထုလႈပ္ရွားမႈေတြမွာ မပ်က္မကြက္ပါဝင္ခဲ့တဲ့ လူငယ္တစ္ဦးကလည္း အခုဆိုရင္ PDF တပ္ဖြဲ႕တစ္ခုကို ဝင္ေရာက္သြားခဲ့ၿပီ ျဖစ္ပါတယ္ ။

သူကေတာ့ ရန္ကုန္မွာရွိစဥ္ကတည္းက

အႏၲရာယ္ေတြၾကားကေန လမ္းေပၚထြက္ၿပီး ဆႏၵထုတ္ေဖာ္ခဲ့သူတစ္ဦး ျဖစ္ပါတယ္ ။ အခုခ်ိန္မွာေတာ့ ေတာထဲေတာင္ထဲကို ေရာက္ရွိေနၿပီျဖစ္ေၾကာင္း ျပည္သူေတြကို အသိေပးခဲ့တာ ျဖစ္ပါတယ္ ။ မေန႔ကဆိုရင္လည္း PDF အဖြဲ႕ေတြအတြက္ တစ္လကို (၅)ေထာင္ပဲလႉေပးပါဆိုၿပီး

သူက အလႉခံခဲ့တာ ျဖစ္ပါတယ္ ။ ဒါေပမဲ့ အလႉခံဖို႔အတြက္ အသုံးျပဳထားတဲ့ ဖုန္းနံပါတ္က Mytel ျဖစ္ေနတာေၾကာင့္ သူ႔အေနနဲ႔ ေဝဖန္မႈေတြခံခဲ့ရတာ ျဖစ္ပါတယ္ ။ သူကေတာ့ ေဝဖန္တဲ့သူေတြကို ေတာ္လွန္ေရးၿပီးမွသာ သူေနခဲ့စားခဲ့ရတဲ့ အေျခအေနေတြနဲ႔ ေပးဆပ္ခဲ့ရပုံေတြ

ေျပာျပမယ္ဆိုၿပီး ေျပာလိုက္တာ ျဖစ္ပါတယ္ ။ ဒါ့အျပင္ “ကိုယ္က်ိဳးအတြက္ရွာရေအာင္လည္း မြဲေတေနၿပီး ေတာ္လွန္ေရးဗန္းျပၿပီး ကိုယ္က်ိဳးအတြက္ သူမ်ားေတြလို ႏိုင္ငံေရးအျမတ္ထုတ္ေနခဲ့တာလည္းမဟုတ္ဘူး။

ကိုယ္ဘယ္ေရာက္ေနပါတယ္ ဘယ္မွာေနေနရပါတယ္ ဘာညာဆိုၿပီး

အကုန္႐ိုက္ျပေနရေအာင္လည္း တပ္ရင္းသတင္းအေပါက္မခံႏိုင္ဘူး။ ” ဆိုၿပီး ျပန္လည္တုံ႔ျပန္ထားပါတယ္။ ေဝဖန္မႈေတြရွိေနေပမယ့္လည္း ေလာေလာဆယ္ေတာ့ လမ္းမလြဲေအာင္ တည့္တည့္ဆက္သြားမယ္လို႔ ေျပာခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ အခုလို အင္တာနက္သုံးရဖို႔နဲ႔

Post ေတြတင္ႏိုင္ဖို႔အတြက္ မိုး႐ြာထားတဲ့ေတာင္ေပၚကို ခက္ခက္ခဲခဲတက္ခဲ့ရေၾကာင္း ဗီဒီယိုဖိုင္နဲ႔အတူ မွ်ေဝထားတာလည္း ေတြ႕ရပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *