မနက်မိုးလင်းတိုင်း ရွတ်ဖတ်ပူဇော်ပေးရုံဖြင့် လာဘ်လာဘပွင့်လန်းလာစေသည့် လာဘ်နှိုးဂါထာတော်

မနက်မိုးလင်းတိုင်း ရွတ်ဖတ်ပူဇော်ပေးရုံဖြင့် လာဘ်လာဘပွင့်လန်းလာစေသည့် လာဘ်နှိုးဂါထာတော်

လာဘ်ပိတ် လာဘ်တိတ်နေသူများအတွက် ရွတ်ဖတ်ပူဇော်ပေးရုံဖြင့် လာဘ်လာဘပွင့်လန်းလာစေတဲ့ လာဘ်နှိုးဂါထာတော်ကြီးကိုဖော်ပြပေးလိုက်ပါတယ်။ လူတိုင်းနီးပါး လာဘ်ပွင့် လာဘ်ရွှင်ဂါထာတို့ ငွေဝင်ဂါထာ တို့ပဲ ရွတ်ဆိုနေကြပြီး လာဘ်ကိုနှိုးပေးဖို့ မေ့နေတတ်ကြပါတယ်။ဒါကြောင့် လာဘ်လာဘ ငွေကြေးတွေက ဝင်သင့်သလောက်မဝင်တော့ဘူးပေါ့။ ရွတ်ဆို ပုံကတော့မနက် အိပ်ယာထ မျက်နှာသစ်ပြီးတာနဲ့ ပိုက်ဆံအိတ်ကိုကိုင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို အာရုံပြုပြီး

၁။ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ကို ၃ခေါက် ရွတ်ဆိုပါ။၂။ သရဏဂုံ ၃ပါးကို တစ်ခေါက်ရွတ်ဆိုပါ။၃။ ပြီးရင်တော့ အခုပြောတဲ့ လာဘ်နှိုး ဂါထာကို ၂၇ ခေါက်ရွတ်ဆို ရပါမယ်။ လာဘ်နှိုးဂါထာတော် သိဒ္ဓိတေဇာ သိဒ္ဓိဝရာသိဒ္ဓိဇေယျာ သိဒ္ဓိကမ္မါသတ္ထု ပူဇာ လာဘဝရာ ..သဗ္ဗေပိယာ ဘဝတုမေ။ ဒါဆို ကိုယ့်အတွက် ကိုယ်ပိုင်ဆိုင်ရမယ့် ကိုယ်ပိုင်ဆိုင်ခွင့်ရှိတဲ့ လာဘ်ကိုနှိုးပြီးပါပြီ။လာဘ်ပွင့်ဂါထာတို့ လာဘ်ခေါ်ဂါထာတို့ ငွေရဂါထာတို့ နှစ်သက်ရာ ထပ်ပြီးရွတ်တော့ပေါ့။ နေ့စဉ်မပျက်မကွက် ဆောင်ရွက်ပါက (၇)ရက်အတွင်း ထူးခြားသိသာလာပါလိမ့်မယ်။ သတိပြုရမှာက လာဘ်နှိုးပြီးမှ လာဘ်ခေါ်ပါ။ လာဘ်နှိုး ဂါထာတော်ကြီး ရွတ်ပြီးရင် လာဘ်ခေါ် လာဘ်ပွင့် လာဘ်ရွှင်ဂါထာတခုခုတော့ ရွတ်ဆိုပေးရမှာဖြစ်ပါတယ်။

Zawgyi

မနက္မိုးလင္းတိုင္း ႐ြတ္ဖတ္ပူေဇာ္ေပး႐ုံျဖင့္ လာဘ္လာဘပြင့္လန္းလာေစသည့္ လာဘ္ႏႈိးဂါထာေတာ္

လာဘ္ပိတ္ လာဘ္တိတ္ေနသူမ်ားအတြက္ ႐ြတ္ဖတ္ပူေဇာ္ေပး႐ုံျဖင့္ လာဘ္လာဘပြင့္လန္းလာေစတဲ့ လာဘ္ႏႈိးဂါထာေတာ္ႀကီးကိုေဖာ္ျပေပးလိုက္ပါတယ္။ လူတိုင္းနီးပါး လာဘ္ပြင့္ လာဘ္႐ႊင္ဂါထာတို႔ ေငြဝင္ဂါထာ တို႔ပဲ ႐ြတ္ဆိုေနၾကၿပီး လာဘ္ကိုႏႈိးေပးဖို႔ ေမ့ေနတတ္ၾကပါတယ္။ဒါေၾကာင့္ လာဘ္လာဘ ေငြေၾကးေတြက ဝင္သင့္သေလာက္မဝင္ေတာ့ဘူးေပါ့။ ႐ြတ္ဆို ပုံကေတာ့မနက္ အိပ္ယာထ မ်က္ႏွာသစ္ၿပီးတာနဲ႔ ပိုက္ဆံအိတ္ကိုကိုင္ ျမတ္စြာဘုရားရွင္ ကိုယ္ေတာ္ျမတ္ႀကီးကို အာ႐ုံျပဳၿပီး

၁။ နေမာ တႆ ဘဂဝေတာ အရဟေတာ သမၼာသမၺဳဒၶႆ ကို ၃ေခါက္ ႐ြတ္ဆိုပါ။၂။ သရဏဂုံ ၃ပါးကို တစ္ေခါက္႐ြတ္ဆိုပါ။၃။ ၿပီးရင္ေတာ့ အခုေျပာတဲ့ လာဘ္ႏႈိး ဂါထာကို ၂၇ ေခါက္႐ြတ္ဆို ရပါမယ္။ လာဘ္ႏႈိးဂါထာေတာ္ သိဒၶိေတဇာ သိဒၶိဝရာသိဒၶိေဇယ်ာ သိဒၶိကမၼါသတၳဳ ပူဇာ လာဘဝရာ ..သေဗၺပိယာ ဘဝတုေမ။ ဒါဆို ကိုယ့္အတြက္ ကိုယ္ပိုင္ဆိုင္ရမယ့္ ကိုယ္ပိုင္ဆိုင္ခြင့္ရွိတဲ့ လာဘ္ကိုႏႈိးၿပီးပါၿပီ။လာဘ္ပြင့္ဂါထာတို႔ လာဘ္ေခၚဂါထာတို႔ ေငြရဂါထာတို႔ ႏွစ္သက္ရာ ထပ္ၿပီး႐ြတ္ေတာ့ေပါ့။ ေန႔စဥ္မပ်က္မကြက္ ေဆာင္႐ြက္ပါက (၇)ရက္အတြင္း ထူးျခားသိသာလာပါလိမ့္မယ္။ သတိျပဳရမွာက လာဘ္ႏႈိးၿပီးမွ လာဘ္ေခၚပါ။ လာဘ္ႏႈိး ဂါထာေတာ္ႀကီး ႐ြတ္ၿပီးရင္ လာဘ္ေခၚ လာဘ္ပြင့္ လာဘ္႐ႊင္ဂါထာတခုခုေတာ့ ႐ြတ္ဆိုေပးရမွာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *