သံမဏိလိပ်ပြာလေး ( သို့မဟုတ် ) “နိုင်ငံရေးခရီးကြမ်းကိုဆက်လျှောက်ရမယ့်မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်…”

သံမဏိလိပ်ပြာလေး ( သို့မဟုတ် ) “နိုင်ငံရေးခရီးကြမ်းကိုဆက်လျှောက်ရမယ့်မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်…”

၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၉ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် အသက် ၇၆ နှစ်ပြည့်ပါပြီ။ ဒီနှစ် မွေးနေ့ဟာ သူ့အတွက် ဆယ်စုနှစ်တစ်ခုကျော်ကြာအပြီးမှာ ပထမအကြိမ် အထိန်းသိမ်းခံဘဝနဲ့ ပြန်လည်ဖြတ်သန်းရတာပါ။

လူထုရွေးကောက်တင်မြှောက်ပြီး နိုင်ငံကိုလက်တွေ့ဦးဆောင်မှုပေးခဲ့တဲ့၊ ငါးနှစ်တာနိုင်ငံရေးခရီးလမ်းကိုနောက်တစ်ကြိမ် ရှေ့ မဆက်နိုင်ခင်မှာပဲ အာဏာသိမ်းခံလိုက်ရတဲ့၊

ရွေးကောက်ပွဲတောင်ပြို ကမ်းပြိုအနိုင်ရ ပါတီခေါင်းဆောင်ဟာ အခုတော့ နိုင်ငံရေးခယောင်းလမ်းကို ဆက်လျှောက်ရဖွယ်ရှိ နေပါတယ်။

အာဏာသာမသိမ်းခဲ့ရင် ဒီအချိန်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် အစိုးရအဖွဲ့ နောက်သက်တမ်းတစ်ခုကို ဆက်လက်ဦးဆောင်နိုင်မယ့် မွေးနေ့ရှင်ဟာ အခု တော့ စစ်တပ်က တမှုပြီးတမှု ထပ်တိုးတရားစွဲဆိုနေတဲ့ ရာဇဝတ်မှုပုဒ်မတွေကို ရင်ဆိုင်နေရတာပါ။

မွေးနေ့ရှင်ရဲ့ဆန္ဒ မြန်မာနိုင်ငံမှာ မွေးနေ့တွေကို ကာယကံရှင်ကိုယ်တိုင်က တကူးတကမှတ်မှတ်ရရ ကျင်းပနေစရာမလိုဘဲ လူထုက အမြဲသတိတရနဲ့

ကျင်းပပေးခြင်း ခံရသူတွေ ရှားရှားပါးပါးထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့သူ့ရဲ့သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့လည်း ပါဝင်ပါတယ်။

“မွေးနေ့ဆိုတာတော့ တစ်နှစ်ပြီးသွားပြီပေါ့နော်၊ နှစ်တစ်နှစ်က ရွေ့လျားသွားပြီ၊ တစ်နှစ် တစ်နှစ် ရွေ့လျားသွားတဲ့ အချိန်အတွင်းမှာ ပြည်သူ တိုင်းပြည်သူတိုင်းက တစ်နှစ်အတွင်းမှာ ကိုယ်ဘာ တာဝန်ရှိတာတွေလုပ်ခဲ့လဲ၊

ဘာတန်ဖိုးရှိတာတွေလုပ်ခဲ့လဲ ဆိုတာ ပြန်သုံးသပ်ဖို့လိုတယ်၊ တန်ဖိုး ရှိတယ်ဆိုတာ ကိုယ့်အတွက်တင်မဟုတ်ဘူး၊ တခြားသူတွေအတွက်ပါပေါ့၊ အဲဒါလေး သုံးသပ်ပြီးတော့ နောင်နှစ်မှာ ဒီနှစ်ထက်ပိုပြီးတန်ဖိုးရှိတဲ့ ကိစ္စတွေဖြစ်မြောက်အောင်လုပ်မယ်ဆိုတာ သံဓိဋ္ဌာန်လေးတွေ ချပေးစေချင်ပါတယ်၊ အဲဒါကပဲ အမေ့အတွက်မွေးနေ့လက်ဆောင်ပေါ့”

ဒီစကားလုံးတွေကို ၂၀၁၉ ခုနှစ်က ကျရောက်တဲ့ သူ့ရဲ့ ၇၄ နှစ်မြောက် မွေးနေ့မှာ သူရချင်တဲ့ မွေးနေ့လက်ဆောင်အကြောင်းကို ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် ပြောခဲ့တာပါ။

အဲဒီနေ့ကဆို မနက် ၇ နာရီ မိနစ် ၄၀ မှာ ရန်ကုန်မြို့လယ်က မဟာဗန္ဓုလပန်းခြံ မှာ လူပေါင်း ၇၄၀ က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ရုပ်ပုံကို ဓာတ်ပုံကားချပ်တွေနဲ့ စုပေါင်းပုံဖော်ခဲ့ကြတာက အထင်ကရပါ။

အခု ၂၀၂၁ ခုနှစ်မွေးနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကိုချစ်တဲ့ပြည်သူတွေကိုခြံရံပြီး မွေးနေ့ပွဲကိုကျင်းပဖို့ မဖြစ်နိုင်ပြန်ပါဘူး။ ခါတိုင်းနှစ်တွေနဲ့မတူတဲ့ ဒီနှစ်မွေးနေ့ကတော့ ၁၀ နှစ်ကျော် ပြင်ပကမ္ဘာမှာ လွတ်မြောက်ပြီးတဲ့နောက် နောက်တဖန် နေအိမ်အကျယ်ချုပ် ကာလမှာ ကျရောက်တဲ့မွေးနေ့ဖြစ်နေတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ်ပြည့်မွေးနေ့ဟာ ပြီးခဲ့တဲ့ ၁၀ နှစ် အတွင်းသူ့ကိုချစ်တဲ့သူ အမြောက်အမြားကို ဘေးမှာခြံရံပြီး နောက်ဆုံးကျင်းပထားတဲ့ မွေးနေ့ဆိုလည်း မမှားပါဘူး။

ဘာကြောင့်လဲဆိုရင် ၂၀၂၀ ပြည့်နှစ်မှာ ကျရောက်တဲ့မွေးနေ့တုန်းက ကိုဗစ်ကပ်ရောဂါကြောင့် လူစုလူဝေးမလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရက တင်းကျပ်တဲ့ စည်းကမ်းတွေချမှတ်ခဲ့ပါတယ်။

ဒီအချက်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကိုချစ်တဲ့ပြည်သူတွေ ကိုယ်တိုင်လိုက်နာခဲ့တာကြောင့်ပါ။ အဲဒီနှစ်ကသူ့ရဲ့ နေအိမ်မှာပဲအတူနေမိသားစုနဲ့ပဲ ကျင်းပခဲ့ပါတယ်။

စစ်အုပ်စုရဲ့ အာဏာသိမ်းမှုနောက် ပုဒ်မတစ်ခုပြီးတစ်ခုနဲ့ တရားစွဲဆိုခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်နယ်မြေထဲက အိမ်တစ်အိမ်မှာ အကျယ်ချုပ်နေနေရပါတယ်။

သူကိုယ်တိုင်တောင် ဘယ်နေရာမှာ ထိန်းသိမ်းထားမှန်း မသိတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနှစ်မွေးနေ့ကိုတော့ အကျယ်ချုပ် ကာလအတူနေ မိသားစုဝင်တွေနဲ့ သူ့ရဲ့အချစ်တော် ခွေးလေး ထိုက်ချီဒိုတို့နဲ့အတူ ဖြတ်သန်းဖွယ်ရှိနေပါတယ်။

အကျယ်ချုပ်ကာလမွေးနေ့တွေကို ဘယ်လိုဖြတ်သန်းခဲ့လဲ ပကာသန တွေကို မကြိုက်တတ်သလို ရိုးရိုးရှင်းရှင်းနေထိုင်ရတာကို သဘောကျတဲ့ဒေါ်အောင်ဆန်းစုကြည်ကတော့ မွေးနေ့ ကို တခမ်းတနား ကျင်းပဖို့မဖြစ်နိုင်တဲ့ လက်ရှိ အခြေအနေအပေါ် စိတ်ထဲ ဘယ်လိုမှ ခံစားရမှာမဟုတ်ဘူးလို့

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယခင် အကျယ်ချုပ်ကာလတွေကို နှစ်အတန်ကြာ အတူဖြစ်သန်းခဲ့တဲ့ ဒေါ်ခင်ခင်းဝင်းက မှတ်ချက်ပြုပါတယ်။

အုန်းထမင်းကိုကြိုက်တဲ့ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့မွေးနေ့မှာ အုန်းထမင်းကို ဘုရားကပ်သလို ကိုယ်တိုင်လည်း နှစ်နှစ်ခြိုက်ခြိုက်စားတတ်သူပါ။

“သူက အုန်းထမင်းတောင် အဝင်း(ဒေါ်ခင်ခင်ဝင်း) ချက်တဲ့ အုန်းထမင်းမှ ကြိုက်တာလို့ပြောတာ” လို့ ဒေါ်ခင်ခင်ဝင်းက ဒီလိုပြောခဲ့တဲ့အပေါ် ဂုဏ်ယူ ဝမ်းသာတဲ့ဟန်နဲ့ပြန်ပြောပြပါတယ်။

နေ့တိုင်း ဘုရားဝတ်ပြု တရားထိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မွေးနေ့မှာ ထူးထူးခြားခြား လုပ်ပေးဖို့ ပြောတာမရှိ ပေမယ့် ဘုရားစင်ကို အထူးပြင်ပေးရတယ်လို့ ဒေါ်ခင်ခင်ဝင်းကပြောပါတယ်။

မုန့်လုံးရေပေါ်လို မုန့်လက်ကောက်လို မြန်မာမုန့်တွေကိုကြိုက်တဲ့ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့မွေးနေ့မှာ တော့ အဲဒီမုန့်တွေနဲ့ ဆွမ်းဆက်ကပ်လှူဒါန်းလေ့ရှိပါတယ်။

ပန်းတွေရေချမ်းတွေဆွမ်းတွေ ပြင်ဆင်ပြီးလို့ မနက် ၈ နာရီလောက်ဆို သူဆွမ်းကပ်တယ်၊ ဘုရားရှိခိုးတယ်၊ ပြီးတော့မှ သူစားတယ်၊ အုန်းထမင်းကို မွေးနေ့မှာချက်ပေးထားရင် ရေခဲသေတ္တာထဲ ဘူးလေးနဲ့

ထည့်ထားပြီး ခဏခဏ ပြန်နွှေးစားတာလေးလုပ်တယ် ၊ ကိတ်မုန့်တွေဘာတွေတော့ လုပ်လေ့မရှိဘူး” လို့ ဒေါ်ခင်ခင်ဝင်းက မှတ်မှတ်ရရ ပြောပါတယ်။

နိုင်ငံရေးရုပ်ရှင်ဇာတ်ကားတွေကြိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ နေအိမ်အကျယ်ချုပ်ကာလတွေမှာ စာဖတ်တာ၊စာရေးတာ၊ ရေဒီယိုနားထောင်တာ၊ ဘာသာစကားတွေလေ့လာတာ နဲ့ စန္ဒရားတီးတာတွေကို အချိန်ဇယားနဲ့ အလုပ်လုပ်နေတတ်သူပါ။

နောက်ထပ် သူကြိုက်တဲ့ အလုပ်တစ်ခုက ရုပ်ရှင်ကြည့်တာပါပဲ။ ရုပ်ရှင်ကြည့်ရင် နိုင်ငံရေးဇာတ်ကားတွေ အကြည့်များ သလို ဂန္ထဝင်မြောက်တဲ့ နိုင်ငံခြားဇာတ်ကားတွေကိုလည်း စုဆောင်းထားတတ်ပါတယ်။

ရုပ်ရှင်ကြည့်တဲ့အခါ ဇာတ်လမ်း တင်မဟုတ်၊ဇာတ်ကား မှာပါတဲ့သရုပ်ဆောင်တွေရဲ့ အသေးစိတ် သရုပ်ဆောင်ချက်တွေက အစ လေးလေးနက်နက် ခံစားပြီး ကြည့်တတ်သူလို့ ဆိုပါတယ်။

“တခါသူ့မွေးနေ့မှာအတူကြည့်ဖြစ်တဲ့ရုပ်ရှင်ကနာမည်တော့မမှတ်မိဘူး။ ဖိနှိပ်ချုပ်ချယ်မှုတွေများတဲ့မြို့လေး ရှိတယ်၊ အဲဒီမြို့မှာလူတွေက တအားကိုကြောက်ပြီးတော့မှ မလွတ်မလပ်နေရတဲ့ အခါမှာ လူတစ်ယောက်ရောက်လာတယ်။

အဲဒီလူက လွတ်မြောက်အောင်ကူညီတာပေါ့၊ အဲဒီလူရဲ့အလုပ်တွေကို ကူညီတဲ့သူတွေကိုလည်း နှိပ်ကွပ်လွန်းလို့ ဘယ်သူမှ သူ့ကို မကူညီရဲဘူး၊ သူ့တစ်ယောက် တည်းပဲ စဉ်းစားပြီး ဦးဆောင်ပြီးလုပ်သွားတာ၊ နောက်ဆုံးအောင်မြင်သွားတယ်ပေါ့၊

အဲလိုအောင်မြင်တဲ့ အခါကျတော့ ပြည်သူလူထုက သူ့ကိုတင်မြှောက်တော့ ဒါပေမယ့် အဲဒီလူက လက်မခံဘူး၊ အဲဒီမြို့ကနေ ထွက်သွားတာပေါ့၊ ဇာတ်လမ်းက အဲဒီလို”

အကျယ်ချုပ်ကာလနှစ်အတန်ကြာအတူဖြတ်သန်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခက်ခဲတဲ့ကာလတွေမှာ ဒေါ်ခင်ခင်ဝင်းတို့သားအမိက အနီးကပ်ရှိခဲ့ပါတယ်။

သူနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တစ်ခုမှာ အတူရုပ်ရှင်ကြည့်ဖြစ်တဲ့ အမှတ်တရကိုလည်း ဒေါ်ခင်ခင်ဝင်းက ခုလို မှတ်မှတ်ရရပြောပါသေးတယ်။ “အဲဒီတော့အန်တီဝင်းက သူ့ကိုမေးတယ်။ အစ်မ အဲဒီလိုထွက်သွားမလို့လားဆိုတော့ သူက အန်တီဝင်းကို ပြန်ပြောတယ်။

ဒီတိုင်းပြည်မှာ စိတ်ချရတဲ့ ဥပဒေ၊ စိတ်ချရတဲ့ခေါင်းဆောင်မရှိသေးသရွေ့ သူမပြန်ပါဘူးတဲ့၊ ဒါပေမယ့် စိတ်ချရပြီဆိုရင်တော့ သူမြေးတွေနဲ့နေချင်တယ်တဲ့ ၊အဲဒီစကားကို နားထောင်ပြီး အန်တီဝင်းစိတ်မကောင်းဖြစ်ရတယ် ”

မြန်မာဝတ်စုံတွေကြိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည် မြန်မာဝတ်စုံ ကို ဝတ်ရတာနှစ်ခြိုက်တဲ့ဒေါ်အောင်ဆန်းစုကြည် ကို သူ့မွေးနေ့မှာ ပိတ်စတွေ၊ မြန်မာအထည် ချိတ်ထဘီလို ချည်လို အဝတ်အစားတွေကို သူ့ကိုချစ်တဲ့သူတွေက တခုတ်တရ ပို့ပေးတတ်ကြပါတယ်။

ဟိုအရင် အကျယ်ချုပ်ကာလတွေကတော့ အပြင်လူတွေ ပေးတာကို များများစားစားလက်ခံရလေ့မရှိပါဘူး။ စစ်အစိုးရခေတ်က ခြံအမှတ် ၅၄ ကိုဝင်ထွက်ခွင့်ရှိသူတွေဖြစ်တဲ့ဒေါက်တာတင်မျိုးဝင်းတို့၊ သမ္မတဟောင်း ဦးထင်ကျော်တို့လို လူရင်းတွေကပဲ ပို့ပေးကြတာပါ။

“သူက ခရမ်းရောင်၊ ဗေဒါရောင်၊ ကျီးဥရောင် ၊ အပြာနုလေးတွေ ၊ အသားဖျော့လေးတွေ အဲဒီလိုအရောင်တွေ ကြိုက်တယ်၊ မြန်မာဝတ်စုံကြိုက်တော့ မွေးနေ့ဆို သူ့မိတ်ဆွေတွေက ပို့ပေးကြပါတယ်” လို့ ဒေါ်ခင်ခင်ဝင်းက တချိန်က အကျယ်ချုပ်ကာလတွေ ကမွေးနေ့လက်ဆောင်တွေ အကြောင်းပြောပြပါတယ်။

၂၀၁၀ နိုဝင်ဘာ မှာ နေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်မြောက်တဲ့ အချိန်မှာတော့ မွေးနေ့လက်ဆောင် မျိုးစုံကိုလက်ခံရရှိနေပါပြီ။ အဲဒီထဲမှာ ထူးထူး ခြားခြား သဘာဝဆိုးဆေးတွေသုံးပြီးထုတ်တဲ့ မြန်မာယက္ကန်းထွက် ချည်ထည်တွေကိုဖန်တီးတဲ့ မဖြူအိသိမ်းရဲ့လက်ရာ အထည်စတွေကို ဒေါ်အောင်ဆန်း စုကြည်က နှစ်သက်ပါတယ်။

မဖြူအိသိမ်း က ပန်းချီကိုလည်းဖန်တီးသူဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ပန်းချီကားတွေလည်းလက်ဆောင်ပေးခဲ့ဖူးသူပါ။ ဒါပေမဲ့ နောက်ပိုင်း ကာလတွေမှာတော့ သူကိုယ်တိုင်ဖန်တီးတဲ့ မြန်မာချည်ထည်တွေကိုပဲ ဒေါ်အောင်ဆန်းစုကြည် ရဲ့မွေးနေ့ အတွက် သီးသန့်ဖန်တီးပြီး လက်ဆောင်ပေး ခဲ့တယ်လို့ မဖြူအိသိမ်းကပြောပြပါတယ်။

“အန်တီကိုမွေးနေ့လက်ဆောင်ပေးတာကတော့ အန်တီအကျယ်ချုပ်ကျနေကတည်းကပေးချင်တာရယ်၊ နောက်မြန်မာပြည်မှာ ဒီလို လက်မှုထည်တွေဖန်တီးနိုင်တာကို သိစေချင်တယ်၊ အဓိကကတော့ အန်တီ့ကိုချစ်လို့ပေးချင်လို့ကိုပေးတာပေါ့” လို့ မဖြူအိသိမ်းက ပီတိသံစွက်လို့ပြောပြပါတယ်။

မွေးနေ့အတွက် ဖန်တီးပြီး ပို့ပေးတဲ့ အထည်တွေထဲ သူကြိုက်တာရှိရင် ကျသင့်တဲ့တန်ဖိုးအတိုင်း ပေးချေပြီးမှ ထပ်ဝယ်တတ်တယ်လို့ ဆိုပါတယ်။ “မွေးနေ့အတွက် ပို့လိုက်တဲ့ အထည်ကို သူကြိုက်တယ်ဆိုပြီး ထပ်မှာရင် ငွေနဲ့ပဲ ကျသင့်တာကိုပေးမှာတယ်၊ လက်ဆောင်ပေးတာကို လက်မခံဘူး”

မဖြူအိသိမ်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုမွေးနေ့ အတွက်ဆိုပြီးလက်ဆောင်တွေအမြဲပို့ပေးခဲ့ပေမယ့် လူချင်းတော့ သုံးကြိမ်ပဲတွေ့ဖူး တယ်လို့ ဆိုပါတယ်။

တွေ့ခဲ့တဲ့သုံးကြိမ်မှာလည်း စစ်ရှောင်ပြည်သူတွေနဲ့ တိုင်းရင်းသားတွေကို ကူညီပေးဖို့၊ လက်မှုပညာဖွံ့ဖြိုးမှုအားနည်းတဲ့ တိုင်းရင်းသား ဒေသတွေနဲ့ အကျဉ်းကျနေတဲ့အမျိုးသမီးတွေကို အတတ်ပညာတွေ ဖြန့်ဝေပေးဖို့ မှာလေ့ရှိတယ်လို့ ပြောပြပါတယ်။

အချိန်ကို အကျိုးရှိရှိ စီမံခန့်ခွဲတတ်သူ အရင် အကျယ်ချုပ်ကာလတွေမှာလည်း စာဖတ်တာနဲ့ စာရေးတာနဲ့ အများဆုံးအချိန်ကုန်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလည်း ဒီအလုပ်တွေနဲ့ ဖြတ်သန်းနေမှာပဲ လို့ ဒေါ်ခင်ခင်ဝင်းက မှန်းဆပါတယ်။

“သူ့ရဲ့ အချိန်တွေက စိပ်နေတာပဲ၊ စိတ်လေလွင့်စရာအချိန်ကိုမရှိဘူး။ ပြည်သူလူထုကိုပြောချင်တာ မပူပါနဲ့။ သူ့စိတ်ကိုသူ ဘယ်နေရာမှာ ဘယ်လိုထားရတယ်ဆိုတာသူသိတယ်။ ထားတယ်။

အပြင်မှာမနေရတာကလွဲလို့ နောက် ဘာလုပ်ရင်ကောင်းမလဲဆိုတာ အစီအစဉ်တွေ ပလန်တွေ သူ့ဘာသာချတယ်။ စာဖတ်တယ်။ လုပ်စရာရှိတာလုပ်တယ်။

ဒီလိုနေနေရလို့များစိတ်ဓာတ်တွေကျပြီး ဘာမှမလုပ်ဘူးမထင်လိုက်လေနဲ့ အဲဒါမှားလိမ့်မယ်၊ လုပ်ရတာမှန်သမျှအကုန်လုပ်တာ” လို့ ပြောပြပါတယ်။

လန်ဒန် အောက်စဖို့ဒ်မှာနေတဲ့ ကာလတွေကလည်း ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စာဖတ်ဝါသနာကြီးတဲ့ ပညာတတ်တွေမို့ အိမ်ရှေ့ခန်းကစလို့ အိမ်သာအဆုံး စာအုပ်တွေအပြည့်ပဲလို့ ၁၉၈၅ ခုနှစ် ဝန်းကျင်ကာလတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းရင်းနှီးနှီးရှိခဲ့တဲ့ လန်ဒန်မှာနေတဲ့ ဒေါ်ကြည်ကြည်မေက ပြန်ပြောပြပါတယ်။

“မမစုက အင်မတန်ကိုရိုးရိုးရှင်းရှင်းနေတဲ့သူပေါ့။

ဂုဏ်ပကာသနမမက်ဘူး၊ စာအုပ်တွေတော့မက်တယ်။ သူ့အိမ်သွားလည်ရင် စာအုပ်တွေက အိမ်ရဲ့နေရာအပြည့်ပဲ၊ လူငယ်တွေကိုပြောပြချင်တာက မမစုကို ချစ်တယ်ဆိုရင် မမစုရဲ့ စာဖတ်တဲ့အကျင့်ကိုယူစေချင်တယ်” လို့ ဆိုပါတယ်။

စာဖတ်ရတာကြိုက်ပြီး စာအုပ်တွေနဲ့ပျော်မွေ့တဲ့ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်စဖို့ဒ်ကအိမ်ထောင်ရှင်မဘဝမှာတုန်းက စည်းကမ်းကြီးတဲ့သူအဖြစ်ပဲမြင်ခဲ့ရတယ်လို့ ဒေါ်ကြည်ကြည်မေကဆိုပါတယ်။

“တခါတလေ မမစုဆီသွားလည်ရင် ကင်မ့် (ဒေါ်အောင်ဆန်းစုကြည်သားအငယ်) ကို ကျောင်းကြိုတဲ့အချိန်ဆို အတူသွားကြတာပေါ့။ လမ်းမှာလည်း ကောင်းကျိုးဖြစ်တဲ့စကားပဲပြောတတ်တယ်၊ သူများအကြောင်းလည်း မမစုကမပြောတတ်ဘူး။

ကျောင်းကြိုပြီးအိမ်ရောက်ရင်လည်း ကင်မ်က သူများကလေးတွေလို ဆော့တာ တီဗီ ကြည့်တာမလုပ်ရဘူး၊ အိမ်စာကိုတန်းလုပ်ရတာ။ မမစုက အမြဲတမ်းစည်းနဲ့ကမ်းနဲ့ တိတိကျကျနေတတ်တယ်” လို့သူမြင်တွေ့ခဲ့ရတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျင့်တွေကိုပြန်ပြောပြပါတယ်။

အကျယ်ချုပ်ကာလအလွန်တချိန်က မွေးနေ့တွေ ဒေါ်အောင်ဆန်းကြည် နေအိမ် အကျယ်ချုပ်လွတ်မြောက်ပြီးတဲ့နောက် လူထုနဲ့ ပထမဆုံးကျင်းပခွင့်ရခဲ့တဲ့မွေးနေ့ကတော့ ၂၀၁၁ ခုနှစ်မှာ ကျရောက်တဲ့ ၆၆ နှစ်မြောက်မွေးနေ့ပါ။

လူထောင်ချီတက်ရောက်တဲ့ အဲဒီမွေးနေ့ကို ရန်ကုန်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ရုံးမှာကျင်းပခဲ့တာပါ။ အဲဒီမွေးနေ့မှာဒေါ်အောင်ဆန်းစုကြည် ကအမျိုးသားရင်ကြားစေ့ရေးမှာ ငြိမ်းချမ်းရေးဟာ ပထမဆုံး ခြေလှမ်းဖြစ်လို့ သူ့ရဲ့ဆုတောင်းက အားလုံးငြိမ်းချမ်းဖို့ဖြစ်တယ်လို့ပြောခဲ့ပါတယ်။

အဲဒီအချိန်က ဦးသိန်းစိန်အစိုးရလက်အောက် စစ်တပ်နဲ့ကချင်လက်နက်ကိုင်အဖွဲ့ကေအိုင်အိုတို့ အကြားတကျော့ပြန်တိုက်ပွဲတွေစတင်ဖြစ်ပွားနေချိန်ပါ။

တချိန်တည်းမှာပဲ ကေအိုင်အေဌာနချုပ်ရှိတဲ့ လိုင်ဇာမှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲကို ကေအိုင်အေ အရာရှိကြီးတွေဦးဆောင်ပြီး ကျင်းပပေးခဲ့တာပါ။

၂၀၁၂ ခုနှစ် ၆၇ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကိုတော့ နိုင်ငံတဝန်းကျင်းပခဲ့ကြပါတယ်။ အဲဒီနှစ်ကတော့ ဒေါ်အောင်ဆန်းစုကြည်က လန်ဒန်ကိုရောက်နေပါတယ်။

အဲဒီနေ့တိုက်တိုက်ဆိုင်ဆိုင် လန်ဒန်က ဘီဘီစီ ကမ္ဘာတလွှားအသံလွှင့်ဌာန ကိုရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ့်အိမ်ကိုယ်ယာပြန်ရသလို နွေးထွေးကြောင်း ပြောခဲ့ပါသေးတယ်။

၂၀၁၃ ခုနှစ် ၆၈ နှစ်မြောက် မွေးနေ့ကတော့ ရန်ကုန်ကအမျိုးသားဒီမိုကရေစီရုံးချုပ်မှာပဲကျင်းပပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အဖွဲ့ချုပ်ရုံး လာမယ်ဆိုတိုင်း လူစည်ကားတတ်ပေမယ့် အဲဒီနေ့ကတော့ ထောင်ချီတဲ့လူအုပ်ကြီးက ဆီးကြိုနေခဲ့တာပါ။

အထင်ကရ အဖြစ်ဆုံးကတော့ အဲဒီမွေးနေ့မှာ သတင်းစာဆရာကြီးဦးဝင်းတင်ပါ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူရှိနေခဲ့တာပါ။ ၂၀၁၄ မှာကျရောက်တဲ့ ၆၉ နှစ်မြောက်မွေးနေ့ကိုလည်း အဖွဲ့ချုပ်ရုံးအပါအဝင် နိုင်ငံတဝန်းကျင်းပကြပါတယ်။

အဲဒီနှစ်ကတော့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်လို့ နေပြည်တော် လွှတ်တော် အစည်းအဝေးတက်နေချိန်ပါ။

ဒေါ်အောင်ဆန်းစုကြည်ကတော့ နေပြည်တော်လွှတ်တော်ဝင်းအတွင်းက ဝန်ထမ်းတွေနဲ့ ကျင်းပခဲ့ပါတယ်။ လွှတ်တော်မှာ ကျင်းပတဲ့မွေးနေ့ပွဲတွေကိုတက်ရောက်ခွင့်ရတဲ့ လွှတ်တော်က အခြေခံအဆင့်ဝန်ထမ်းတစ်ဦးကတော့ သူတို့ကို မှတ်မှတ်ရရဖိတ်ပြီး အတူကျင်းပခဲ့လို့ပျော်ခဲ့ရချိန်တွေလို့ပြောပါတယ်။

“ဘယ်လူကြီးကမှ ကျွန်တော်တို့ကိုခေါ်ပြီး အဲဒီလို မွေးနေ့ကျင်းပတာမရှိခဲ့ဘူး၊ အမေဒေါ်အောင်ဆန်းစုကြည်ကပဲ အဲဒီလိုခေါ်တာ ၊ သူ့နားမကပ်ရဲတာတောင် သားတို့လာပါလို့အတင်းခေါ်ပြီး မုန့်တွေကျွေးတာ၊တကယ့်မေတ္တာတွေခံစားရချိန်ပေါ့ဗျာ ”

လို့ ပြည်ထောင်စုလွှတ်တော်မှာ အခြေခံဝန်ထမ်း လုပ်ခဲ့သူတစ်ဦးက ပြောပြပါတယ်။ ၂၀၁၅ခုနှစ်က အသက် ၇၀ပြည့် မွေးနေ့ကိုလည်း လွှတ်တော်မှာပဲကျင်းပခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက်ပါတယ်။ အဲဒီမွေးနေ့မှာ တော့ မွေးနေ့လက်ဆောင်အဖြစ် NLD ကို မဲပေးကြဖို့ပြောခဲ့ပါတယ်။

အဲဒီအချိန်ဟာ ၂၀၁၅ ရွေးကောက်ပွဲကျင်းပဖို့ သုံးလလောက်ပဲ လိုတော့တဲ့အချိန်ပါ။ ၂၀၁၆ ခုနှစ် အသက် ၇၁ နှစ်ပြည့်မွေးနေ့ မှာတော့ အစိုးရတာဝန်တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အနေနဲ့စတင်ထမ်းဆောင်နေချိန်ပါ။

အဲဒီနှစ်ကတော့ သူ့ရဲ့နေပြည်တော်က နှင်းဆီစံအိမ်မှာပဲ မိတ်ဆွေတချို့နဲ့ အကျဉ်းရုံးကျင်းပခဲ့ပါတယ်။ လက်ရှိ ရန်ကုန်က ၆ ထပ် ရှိတဲ့ NLD ပါတီရုံးသစ်ကိုလည်း အဲဒီနေ့မှာပဲဖွင့်လှစ်ခဲ့တာပါ။

အဲဒီနှစ်မှာ ထူးခြားတာတခုကတော့ နော်ဝေးနိုင်ငံဖရိုလန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံအဖြစ်ဖွင့်လှစ်ခဲ့တာပါ။ ၂၀၁၇ ခုနှစ် ၇၂ နှစ်မြောက်မွေးနေ့ကိုတော့ အစိုးရတာဝန်တွေကိုနိုင်ငံတော်အတိုင်ပင်ခံ အဖြစ်ထမ်းဆောင်နေပေမယ့် လွှတ်တော်ဝန်းထဲက I 12 အဆောင်မှာ ပဲကျင်းပခဲ့ပါတယ်။

၂၀၁၈ခုနှစ် ၇၃နှစ်ပြည့်မွေးနေ့ကတော့ ဘုရားတည်ခဲ့ပါတယ်။ နေပြည်တော်က ထာဝရငြိမ်းချမ်းရေးစေတီတော် မူလဌာပနာပိတ်ပွဲ ကျင်းပခဲ့တာပါ။ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးရည်စူးပြီး ပတ္တမြားတပြည်၊မြတပြည်၊ကျောက်စိမ်းတပြည်နဲ့နီလာတပြည်စီလှုခဲ့တာပါ။

ပြီးတော့ အဲဒီနေ့မှာပဲ လွှတ်တော်ထဲက I 12 အဆောင်မှာ ငြိမ်းချမ်းရေးအတွက်ချိုးဖြူငှက် ၇ကောင်ကိုလွှတ်ခဲ့ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လူ့အခွင့်အရေးနဲ့ဒီမိုကရေစီ အရေးတွေ့ဆုံ ဆွေးနွေးဖူးတဲ့ ကျောင်းသားခေါင်းဆောင် ကိုပိုင်ရဲသူကတော့ မြန်မာနိုင်ငံက စစ်အာဏာရှင်စနစ်ရဲ့ရိုက်ပုတ်မှုဒဏ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့

အတူမြန်မာပြည်သူတွေအားလုံး က ခံနေရချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အသက်ရာကျော် အထိ ရှင်သန်စေချင်သလို့ သူ့ရဲ့ ကျန်ရှိနေတဲ့ အချိန်တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်း သွားစေချင်တယ်လို့ဆိုပါတယ်။

“အန်တီဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနှစ်မွေးနေ့ ကိုတော့ ပျော်ရွှင်ပါစေလို့တော့ ဆုမတောင်းချင်ဘူး။ သူကျန်းမာပါစေလို့ ဆုတောင်းချင်တယ်” မြန်မာမှာနေထိုင်တဲ့ နှစ်သုံးဆယ်ကျော်မှာ ထက်ဝက်ကျော်ကာလတွေက အကျယ်ချုပ်ဘဝ၊

ထိန်းသိမ်းခံဘဝနဲ့ပဲ ဖြတ်သန်းခဲ့ရပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာအရှိန်အဝါကတော့ မြန်မာလူထုအပေါ်မှာ ဆက်ရှိနေဆဲပါ။ လူထုခေါင်းဆောင်အတွက် အရင်အကျယ်ချိန်ကာလတွေနဲ့မတူတာက ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ထောင်ဒဏ်ချမှတ်နိုင်တဲ့ အဂတိလိုက်စားမှု ပုဒ်မ၊

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေလို ပုဒ်မ တွေနဲ့ စစ်ကောင်စီက တရားစွဲဆိုထားတာကြောင့် ဒီတစ်ခေါက် ဒေါ်အောင်ဆန်းစုကြည် ဖြတ်သန်း ရမယ့် နိုင်ငံရေးခရီးလမ်းဟာ အရင် နဝတ၊ နအဖ စစ်အစိုးရတွေလက်ထက် အခြေအနေကထက် ပိုပြီး ခက်ခဲကြမ်းတမ်းမယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

ဒီအခြေအနေကို ရင်ဆိုင်နေရတဲ့ မွေးနေ့ရှင်ရဲ့ သားငယ် ကင်မ်ကတော့ မြန်မာပြည်သူတွေနဲ့အတူ မိခင်ဖြစ်သူရင်ဆိုင်နေရတဲ့အခြေအနေကြားမှာ အကောင်းဆုံး မွေးနေ့ဖြစ်ပါစေ လို့ဆုတောင်းပေးခဲ့ပါတယ်။

အခုနှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်မြောက် မွေးနေ့ကို သူ့ကိုချစ်တဲ့နိုင်ငံတဝန်းနဲ့ကမ္ဘာတဝန်းက ပြည်သူတွေကတော့ ပုံစံမျိုးစုံနဲ့ ကျင်းပပေးကြဦးမှာပါ။

ကျင်းပဖို့လည်းကြိုပြင်နေကြပါပြီ။ အဲဒီလို မွေးနေ့ပြင်ဆင်ပေးနေမှုတွေကို နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်သိရှိခဲ့ပြီး သူ့ရှေ့နေ ဒေါ်မင်းမင်းစိုးကနေတစ်ဆင့် ခုလို သတင်းစကားမှတ်ချက်ပြုခဲ့ပါတယ်။

“ပြည်သူတွေကတော့ အမြဲအဲဒီလိုပါပဲ။ ဒီလိုစီစဉ်ပေးကြလို့ ကျေးဇူးတင်ရပါတယ်”

Zawgyi

သံမဏိလိပ္ျပာေလး ( သို႔မဟုတ္ ) “ႏိုင္ငံေရးခရီးၾကမ္းကိုဆက္ေလွ်ာက္ရမယ့္ေမြးေန႔ရွင္ ေဒၚေအာင္ဆန္းစုၾကည္…”

၂၀၂၁ ခုႏွစ္၊ ဇြန္လ ၁၉ ရက္မွာ ေဒၚေအာင္ဆန္းစုၾကည္ အသက္ ၇၆ ႏွစ္ျပည့္ပါၿပီ။ ဒီႏွစ္ ေမြးေန႔ဟာ သူ႔အတြက္ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာအၿပီးမွာ ပထမအႀကိမ္ အထိန္းသိမ္းခံဘဝနဲ႔ ျပန္လည္ျဖတ္သန္းရတာပါ။

လူထုေ႐ြးေကာက္တင္ေျမႇာက္ၿပီး ႏိုင္ငံကိုလက္ေတြ႕ဦးေဆာင္မႈေပးခဲ့တဲ့၊ ငါးႏွစ္တာႏိုင္ငံေရးခရီးလမ္းကိုေနာက္တစ္ႀကိမ္ ေရွ႕ မဆက္ႏိုင္ခင္မွာပဲ အာဏာသိမ္းခံလိုက္ရတဲ့၊

ေ႐ြးေကာက္ပြဲေတာင္ၿပိဳ ကမ္းၿပိဳအႏိုင္ရ ပါတီေခါင္းေဆာင္ဟာ အခုေတာ့ ႏိုင္ငံေရးခေယာင္းလမ္းကို ဆက္ေလွ်ာက္ရဖြယ္ရွိ ေနပါတယ္။

အာဏာသာမသိမ္းခဲ့ရင္ ဒီအခ်ိန္မွာ အတိုင္ပင္ခံပုဂၢိဳလ္အျဖစ္ အစိုးရအဖြဲ႕ ေနာက္သက္တမ္းတစ္ခုကို ဆက္လက္ဦးေဆာင္ႏိုင္မယ့္ ေမြးေန႔ရွင္ဟာ အခု ေတာ့ စစ္တပ္က တမႈၿပီးတမႈ ထပ္တိုးတရားစြဲဆိုေနတဲ့ ရာဇဝတ္မႈပုဒ္မေတြကို ရင္ဆိုင္ေနရတာပါ။

ေမြးေန႔ရွင္ရဲ႕ဆႏၵ ျမန္မာႏိုင္ငံမွာ ေမြးေန႔ေတြကို ကာယကံရွင္ကိုယ္တိုင္က တကူးတကမွတ္မွတ္ရရ က်င္းပေနစရာမလိုဘဲ လူထုက အၿမဲသတိတရနဲ႔

က်င္းပေပးျခင္း ခံရသူေတြ ရွားရွားပါးပါးထဲမွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔သူ႔ရဲ႕သမီးျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္တို႔လည္း ပါဝင္ပါတယ္။

“ေမြးေန႔ဆိုတာေတာ့ တစ္ႏွစ္ၿပီးသြားၿပီေပါ့ေနာ္၊ ႏွစ္တစ္ႏွစ္က ေ႐ြ႕လ်ားသြားၿပီ၊ တစ္ႏွစ္ တစ္ႏွစ္ ေ႐ြ႕လ်ားသြားတဲ့ အခ်ိန္အတြင္းမွာ ျပည္သူ တိုင္းျပည္သူတိုင္းက တစ္ႏွစ္အတြင္းမွာ ကိုယ္ဘာ တာဝန္ရွိတာေတြလုပ္ခဲ့လဲ၊

ဘာတန္ဖိုးရွိတာေတြလုပ္ခဲ့လဲ ဆိုတာ ျပန္သုံးသပ္ဖို႔လိုတယ္၊ တန္ဖိုး ရွိတယ္ဆိုတာ ကိုယ့္အတြက္တင္မဟုတ္ဘူး၊ တျခားသူေတြအတြက္ပါေပါ့၊ အဲဒါေလး သုံးသပ္ၿပီးေတာ့ ေနာင္ႏွစ္မွာ ဒီႏွစ္ထက္ပိုၿပီးတန္ဖိုးရွိတဲ့ ကိစၥေတြျဖစ္ေျမာက္ေအာင္လုပ္မယ္ဆိုတာ သံဓိ႒ာန္ေလးေတြ ခ်ေပးေစခ်င္ပါတယ္၊ အဲဒါကပဲ အေမ့အတြက္ေမြးေန႔လက္ေဆာင္ေပါ့”

ဒီစကားလုံးေတြကို ၂၀၁၉ ခုႏွစ္က က်ေရာက္တဲ့ သူ႔ရဲ႕ ၇၄ ႏွစ္ေျမာက္ ေမြးေန႔မွာ သူရခ်င္တဲ့ ေမြးေန႔လက္ေဆာင္အေၾကာင္းကို ေဒၚေအာင္ဆန္း စုၾကည္ကိုယ္တိုင္ ေျပာခဲ့တာပါ။

အဲဒီေန႔ကဆို မနက္ ၇ နာရီ မိနစ္ ၄၀ မွာ ရန္ကုန္ၿမိဳ႕လယ္က မဟာဗႏၶဳလပန္းၿခံ မွာ လူေပါင္း ၇၄၀ က ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္ရဲ႕႐ုပ္ပုံကို ဓာတ္ပုံကားခ်ပ္ေတြနဲ႔ စုေပါင္းပုံေဖာ္ခဲ့ၾကတာက အထင္ကရပါ။

အခု ၂၀၂၁ ခုႏွစ္ေမြးေန႔မွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ သူ႔ကိုခ်စ္တဲ့ျပည္သူေတြကိုၿခံရံၿပီး ေမြးေန႔ပြဲကိုက်င္းပဖို႔ မျဖစ္ႏိုင္ျပန္ပါဘူး။ ခါတိုင္းႏွစ္ေတြနဲ႔မတူတဲ့ ဒီႏွစ္ေမြးေန႔ကေတာ့ ၁၀ ႏွစ္ေက်ာ္ ျပင္ပကမာၻမွာ လြတ္ေျမာက္ၿပီးတဲ့ေနာက္ ေနာက္တဖန္ ေနအိမ္အက်ယ္ခ်ဳပ္ ကာလမွာ က်ေရာက္တဲ့ေမြးေန႔ျဖစ္ေနတာပါ။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ၇၄ ႏွစ္ျပည့္ေမြးေန႔ဟာ ၿပီးခဲ့တဲ့ ၁၀ ႏွစ္ အတြင္းသူ႔ကိုခ်စ္တဲ့သူ အေျမာက္အျမားကို ေဘးမွာၿခံရံၿပီး ေနာက္ဆုံးက်င္းပထားတဲ့ ေမြးေန႔ဆိုလည္း မမွားပါဘူး။

ဘာေၾကာင့္လဲဆိုရင္ ၂၀၂၀ ျပည့္ႏွစ္မွာ က်ေရာက္တဲ့ေမြးေန႔တုန္းက ကိုဗစ္ကပ္ေရာဂါေၾကာင့္ လူစုလူေဝးမလုပ္ဖို႔ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့အစိုးရက တင္းက်ပ္တဲ့ စည္းကမ္းေတြခ်မွတ္ခဲ့ပါတယ္။

ဒီအခ်က္ကို ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သူ႔ကိုခ်စ္တဲ့ျပည္သူေတြ ကိုယ္တိုင္လိုက္နာခဲ့တာေၾကာင့္ပါ။ အဲဒီႏွစ္ကသူ႔ရဲ႕ ေနအိမ္မွာပဲအတူေနမိသားစုနဲ႔ပဲ က်င္းပခဲ့ပါတယ္။

စစ္အုပ္စုရဲ႕ အာဏာသိမ္းမႈေနာက္ ပုဒ္မတစ္ခုၿပီးတစ္ခုနဲ႔ တရားစြဲဆိုခံေနရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ ေနျပည္ေတာ္နယ္ေျမထဲက အိမ္တစ္အိမ္မွာ အက်ယ္ခ်ဳပ္ေနေနရပါတယ္။

သူကိုယ္တိုင္ေတာင္ ဘယ္ေနရာမွာ ထိန္းသိမ္းထားမွန္း မသိတဲ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဒီႏွစ္ေမြးေန႔ကိုေတာ့ အက်ယ္ခ်ဳပ္ ကာလအတူေန မိသားစုဝင္ေတြနဲ႔ သူ႔ရဲ႕အခ်စ္ေတာ္ ေခြးေလး ထိုက္ခ်ီဒိုတို႔နဲ႔အတူ ျဖတ္သန္းဖြယ္ရွိေနပါတယ္။

အက်ယ္ခ်ဳပ္ကာလေမြးေန႔ေတြကို ဘယ္လိုျဖတ္သန္းခဲ့လဲ ပကာသန ေတြကို မႀကိဳက္တတ္သလို ႐ိုး႐ိုးရွင္းရွင္းေနထိုင္ရတာကို သေဘာက်တဲ့ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ေမြးေန႔ ကို တခမ္းတနား က်င္းပဖို႔မျဖစ္ႏိုင္တဲ့ လက္ရွိ အေျခအေနအေပၚ စိတ္ထဲ ဘယ္လိုမွ ခံစားရမွာမဟုတ္ဘူးလို႔

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ယခင္ အက်ယ္ခ်ဳပ္ကာလေတြကို ႏွစ္အတန္ၾကာ အတူျဖစ္သန္းခဲ့တဲ့ ေဒၚခင္ခင္းဝင္းက မွတ္ခ်က္ျပဳပါတယ္။

အုန္းထမင္းကိုႀကိဳက္တဲ့ေဒၚေအာင္ဆန္းစုၾကည္ဟာ သူ႔ေမြးေန႔မွာ အုန္းထမင္းကို ဘုရားကပ္သလို ကိုယ္တိုင္လည္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္စားတတ္သူပါ။

“သူက အုန္းထမင္းေတာင္ အဝင္း(ေဒၚခင္ခင္ဝင္း) ခ်က္တဲ့ အုန္းထမင္းမွ ႀကိဳက္တာလို႔ေျပာတာ” လို႔ ေဒၚခင္ခင္ဝင္းက ဒီလိုေျပာခဲ့တဲ့အေပၚ ဂုဏ္ယူ ဝမ္းသာတဲ့ဟန္နဲ႔ျပန္ေျပာျပပါတယ္။

ေန႔တိုင္း ဘုရားဝတ္ျပဳ တရားထိုင္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ ေမြးေန႔မွာ ထူးထူးျခားျခား လုပ္ေပးဖို႔ ေျပာတာမရွိ ေပမယ့္ ဘုရားစင္ကို အထူးျပင္ေပးရတယ္လို႔ ေဒၚခင္ခင္ဝင္းကေျပာပါတယ္။

မုန႔္လုံးေရေပၚလို မုန႔္လက္ေကာက္လို ျမန္မာမုန႔္ေတြကိုႀကိဳက္တဲ့ေဒၚေအာင္ဆန္းစုၾကည္ဟာ သူ႔ေမြးေန႔မွာ ေတာ့ အဲဒီမုန႔္ေတြနဲ႔ ဆြမ္းဆက္ကပ္လႉဒါန္းေလ့ရွိပါတယ္။

ပန္းေတြေရခ်မ္းေတြဆြမ္းေတြ ျပင္ဆင္ၿပီးလို႔ မနက္ ၈ နာရီေလာက္ဆို သူဆြမ္းကပ္တယ္၊ ဘုရားရွိခိုးတယ္၊ ၿပီးေတာ့မွ သူစားတယ္၊ အုန္းထမင္းကို ေမြးေန႔မွာခ်က္ေပးထားရင္ ေရခဲေသတၱာထဲ ဘူးေလးနဲ႔

ထည့္ထားၿပီး ခဏခဏ ျပန္ေႏႊးစားတာေလးလုပ္တယ္ ၊ ကိတ္မုန႔္ေတြဘာေတြေတာ့ လုပ္ေလ့မရွိဘူး” လို႔ ေဒၚခင္ခင္ဝင္းက မွတ္မွတ္ရရ ေျပာပါတယ္။

ႏိုင္ငံေရး႐ုပ္ရွင္ဇာတ္ကားေတြႀကိဳက္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ ေဒၚေအာင္ဆန္းစုၾကည္ဟာ သူ႔ရဲ႕ ေနအိမ္အက်ယ္ခ်ဳပ္ကာလေတြမွာ စာဖတ္တာ၊စာေရးတာ၊ ေရဒီယိုနားေထာင္တာ၊ ဘာသာစကားေတြေလ့လာတာ နဲ႔ စႏၵရားတီးတာေတြကို အခ်ိန္ဇယားနဲ႔ အလုပ္လုပ္ေနတတ္သူပါ။

ေနာက္ထပ္ သူႀကိဳက္တဲ့ အလုပ္တစ္ခုက ႐ုပ္ရွင္ၾကည့္တာပါပဲ။ ႐ုပ္ရွင္ၾကည့္ရင္ ႏိုင္ငံေရးဇာတ္ကားေတြ အၾကည့္မ်ား သလို ဂႏၴဝင္ေျမာက္တဲ့ ႏိုင္ငံျခားဇာတ္ကားေတြကိုလည္း စုေဆာင္းထားတတ္ပါတယ္။

႐ုပ္ရွင္ၾကည့္တဲ့အခါ ဇာတ္လမ္း တင္မဟုတ္၊ဇာတ္ကား မွာပါတဲ့သ႐ုပ္ေဆာင္ေတြရဲ႕ အေသးစိတ္ သ႐ုပ္ေဆာင္ခ်က္ေတြက အစ ေလးေလးနက္နက္ ခံစားၿပီး ၾကည့္တတ္သူလို႔ ဆိုပါတယ္။

“တခါသူ႔ေမြးေန႔မွာအတူၾကည့္ျဖစ္တဲ့႐ုပ္ရွင္ကနာမည္ေတာ့မမွတ္မိဘူး။ ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈေတြမ်ားတဲ့ၿမိဳ႕ေလး ရွိတယ္၊ အဲဒီၿမိဳ႕မွာလူေတြက တအားကိုေၾကာက္ၿပီးေတာ့မွ မလြတ္မလပ္ေနရတဲ့ အခါမွာ လူတစ္ေယာက္ေရာက္လာတယ္။

အဲဒီလူက လြတ္ေျမာက္ေအာင္ကူညီတာေပါ့၊ အဲဒီလူရဲ႕အလုပ္ေတြကို ကူညီတဲ့သူေတြကိုလည္း ႏွိပ္ကြပ္လြန္းလို႔ ဘယ္သူမွ သူ႔ကို မကူညီရဲဘူး၊ သူ႔တစ္ေယာက္ တည္းပဲ စဥ္းစားၿပီး ဦးေဆာင္ၿပီးလုပ္သြားတာ၊ ေနာက္ဆုံးေအာင္ျမင္သြားတယ္ေပါ့၊

အဲလိုေအာင္ျမင္တဲ့ အခါက်ေတာ့ ျပည္သူလူထုက သူ႔ကိုတင္ေျမႇာက္ေတာ့ ဒါေပမယ့္ အဲဒီလူက လက္မခံဘူး၊ အဲဒီၿမိဳ႕ကေန ထြက္သြားတာေပါ့၊ ဇာတ္လမ္းက အဲဒီလို”

အက်ယ္ခ်ဳပ္ကာလႏွစ္အတန္ၾကာအတူျဖတ္သန္းခဲ့ၿပီး ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ခက္ခဲတဲ့ကာလေတြမွာ ေဒၚခင္ခင္ဝင္းတို႔သားအမိက အနီးကပ္ရွိခဲ့ပါတယ္။

သူနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ တို႔ ေဒၚေအာင္ဆန္းစုၾကည္ ေမြးေန႔တစ္ခုမွာ အတူ႐ုပ္ရွင္ၾကည့္ျဖစ္တဲ့ အမွတ္တရကိုလည္း ေဒၚခင္ခင္ဝင္းက ခုလို မွတ္မွတ္ရရေျပာပါေသးတယ္။ “အဲဒီေတာ့အန္တီဝင္းက သူ႔ကိုေမးတယ္။ အစ္မ အဲဒီလိုထြက္သြားမလို႔လားဆိုေတာ့ သူက အန္တီဝင္းကို ျပန္ေျပာတယ္။

ဒီတိုင္းျပည္မွာ စိတ္ခ်ရတဲ့ ဥပေဒ၊ စိတ္ခ်ရတဲ့ေခါင္းေဆာင္မရွိေသးသေ႐ြ႕ သူမျပန္ပါဘူးတဲ့၊ ဒါေပမယ့္ စိတ္ခ်ရၿပီဆိုရင္ေတာ့ သူေျမးေတြနဲ႔ေနခ်င္တယ္တဲ့ ၊အဲဒီစကားကို နားေထာင္ၿပီး အန္တီဝင္းစိတ္မေကာင္းျဖစ္ရတယ္ ”

ျမန္မာဝတ္စုံေတြႀကိဳက္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ ျမန္မာဝတ္စုံ ကို ဝတ္ရတာႏွစ္ၿခိဳက္တဲ့ေဒၚေအာင္ဆန္းစုၾကည္ ကို သူ႔ေမြးေန႔မွာ ပိတ္စေတြ၊ ျမန္မာအထည္ ခ်ိတ္ထဘီလို ခ်ည္လို အဝတ္အစားေတြကို သူ႔ကိုခ်စ္တဲ့သူေတြက တခုတ္တရ ပို႔ေပးတတ္ၾကပါတယ္။

ဟိုအရင္ အက်ယ္ခ်ဳပ္ကာလေတြကေတာ့ အျပင္လူေတြ ေပးတာကို မ်ားမ်ားစားစားလက္ခံရေလ့မရွိပါဘူး။ စစ္အစိုးရေခတ္က ၿခံအမွတ္ ၅၄ ကိုဝင္ထြက္ခြင့္ရွိသူေတြျဖစ္တဲ့ေဒါက္တာတင္မ်ိဳးဝင္းတို႔၊ သမၼတေဟာင္း ဦးထင္ေက်ာ္တို႔လို လူရင္းေတြကပဲ ပို႔ေပးၾကတာပါ။

“သူက ခရမ္းေရာင္၊ ေဗဒါေရာင္၊ က်ီးဥေရာင္ ၊ အျပာႏုေလးေတြ ၊ အသားေဖ်ာ့ေလးေတြ အဲဒီလိုအေရာင္ေတြ ႀကိဳက္တယ္၊ ျမန္မာဝတ္စုံႀကိဳက္ေတာ့ ေမြးေန႔ဆို သူ႔မိတ္ေဆြေတြက ပို႔ေပးၾကပါတယ္” လို႔ ေဒၚခင္ခင္ဝင္းက တခ်ိန္က အက်ယ္ခ်ဳပ္ကာလေတြ ကေမြးေန႔လက္ေဆာင္ေတြ အေၾကာင္းေျပာျပပါတယ္။

၂၀၁၀ ႏိုဝင္ဘာ မွာ ေနအိမ္အက်ယ္ခ်ဳပ္က ျပန္လည္လြတ္ေျမာက္တဲ့ အခ်ိန္မွာေတာ့ ေမြးေန႔လက္ေဆာင္ မ်ိဳးစုံကိုလက္ခံရရွိေနပါၿပီ။ အဲဒီထဲမွာ ထူးထူး ျခားျခား သဘာဝဆိုးေဆးေတြသုံးၿပီးထုတ္တဲ့ ျမန္မာယကၠန္းထြက္ ခ်ည္ထည္ေတြကိုဖန္တီးတဲ့ မျဖဴအိသိမ္းရဲ႕လက္ရာ အထည္စေတြကို ေဒၚေအာင္ဆန္း စုၾကည္က ႏွစ္သက္ပါတယ္။

မျဖဴအိသိမ္း က ပန္းခ်ီကိုလည္းဖန္တီးသူျဖစ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ကို ပန္းခ်ီကားေတြလည္းလက္ေဆာင္ေပးခဲ့ဖူးသူပါ။ ဒါေပမဲ့ ေနာက္ပိုင္း ကာလေတြမွာေတာ့ သူကိုယ္တိုင္ဖန္တီးတဲ့ ျမန္မာခ်ည္ထည္ေတြကိုပဲ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ေမြးေန႔ အတြက္ သီးသန႔္ဖန္တီးၿပီး လက္ေဆာင္ေပး ခဲ့တယ္လို႔ မျဖဴအိသိမ္းကေျပာျပပါတယ္။

“အန္တီကိုေမြးေန႔လက္ေဆာင္ေပးတာကေတာ့ အန္တီအက်ယ္ခ်ဳပ္က်ေနကတည္းကေပးခ်င္တာရယ္၊ ေနာက္ျမန္မာျပည္မွာ ဒီလို လက္မႈထည္ေတြဖန္တီးႏိုင္တာကို သိေစခ်င္တယ္၊ အဓိကကေတာ့ အန္တီ့ကိုခ်စ္လို႔ေပးခ်င္လို႔ကိုေပးတာေပါ့” လို႔ မျဖဴအိသိမ္းက ပီတိသံစြက္လို႔ေျပာျပပါတယ္။

ေမြးေန႔အတြက္ ဖန္တီးၿပီး ပို႔ေပးတဲ့ အထည္ေတြထဲ သူႀကိဳက္တာရွိရင္ က်သင့္တဲ့တန္ဖိုးအတိုင္း ေပးေခ်ၿပီးမွ ထပ္ဝယ္တတ္တယ္လို႔ ဆိုပါတယ္။ “ေမြးေန႔အတြက္ ပို႔လိုက္တဲ့ အထည္ကို သူႀကိဳက္တယ္ဆိုၿပီး ထပ္မွာရင္ ေငြနဲ႔ပဲ က်သင့္တာကိုေပးမွာတယ္၊ လက္ေဆာင္ေပးတာကို လက္မခံဘူး”

မျဖဴအိသိမ္းကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကိုေမြးေန႔ အတြက္ဆိုၿပီးလက္ေဆာင္ေတြအၿမဲပို႔ေပးခဲ့ေပမယ့္ လူခ်င္းေတာ့ သုံးႀကိမ္ပဲေတြ႕ဖူး တယ္လို႔ ဆိုပါတယ္။

ေတြ႕ခဲ့တဲ့သုံးႀကိမ္မွာလည္း စစ္ေရွာင္ျပည္သူေတြနဲ႔ တိုင္းရင္းသားေတြကို ကူညီေပးဖို႔၊ လက္မႈပညာဖြံ႕ၿဖိဳးမႈအားနည္းတဲ့ တိုင္းရင္းသား ေဒသေတြနဲ႔ အက်ဥ္းက်ေနတဲ့အမ်ိဳးသမီးေတြကို အတတ္ပညာေတြ ျဖန႔္ေဝေပးဖို႔ မွာေလ့ရွိတယ္လို႔ ေျပာျပပါတယ္။

အခ်ိန္ကို အက်ိဳးရွိရွိ စီမံခန႔္ခြဲတတ္သူ အရင္ အက်ယ္ခ်ဳပ္ကာလေတြမွာလည္း စာဖတ္တာနဲ႔ စာေရးတာနဲ႔ အမ်ားဆုံးအခ်ိန္ကုန္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ အခုလည္း ဒီအလုပ္ေတြနဲ႔ ျဖတ္သန္းေနမွာပဲ လို႔ ေဒၚခင္ခင္ဝင္းက မွန္းဆပါတယ္။

“သူ႔ရဲ႕ အခ်ိန္ေတြက စိပ္ေနတာပဲ၊ စိတ္ေလလြင့္စရာအခ်ိန္ကိုမရွိဘူး။ ျပည္သူလူထုကိုေျပာခ်င္တာ မပူပါနဲ႔။ သူ႔စိတ္ကိုသူ ဘယ္ေနရာမွာ ဘယ္လိုထားရတယ္ဆိုတာသူသိတယ္။ ထားတယ္။

အျပင္မွာမေနရတာကလြဲလို႔ ေနာက္ ဘာလုပ္ရင္ေကာင္းမလဲဆိုတာ အစီအစဥ္ေတြ ပလန္ေတြ သူ႔ဘာသာခ်တယ္။ စာဖတ္တယ္။ လုပ္စရာရွိတာလုပ္တယ္။

ဒီလိုေနေနရလို႔မ်ားစိတ္ဓာတ္ေတြက်ၿပီး ဘာမွမလုပ္ဘူးမထင္လိုက္ေလနဲ႔ အဲဒါမွားလိမ့္မယ္၊ လုပ္ရတာမွန္သမွ်အကုန္လုပ္တာ” လို႔ ေျပာျပပါတယ္။

လန္ဒန္ ေအာက္စဖို႔ဒ္မွာေနတဲ့ ကာလေတြကလည္း ခင္ပြန္းျဖစ္သူ မိုက္ကယ္အဲရစ္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ဟာ စာဖတ္ဝါသနာႀကီးတဲ့ ပညာတတ္ေတြမို႔ အိမ္ေရွ႕ခန္းကစလို႔ အိမ္သာအဆုံး စာအုပ္ေတြအျပည့္ပဲလို႔ ၁၉၈၅ ခုႏွစ္ ဝန္းက်င္ကာလေတြက ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ရင္းရင္းႏွီးႏွီးရွိခဲ့တဲ့ လန္ဒန္မွာေနတဲ့ ေဒၚၾကည္ၾကည္ေမက ျပန္ေျပာျပပါတယ္။

“မမစုက အင္မတန္ကို႐ိုး႐ိုးရွင္းရွင္းေနတဲ့သူေပါ့။

ဂုဏ္ပကာသနမမက္ဘူး၊ စာအုပ္ေတြေတာ့မက္တယ္။ သူ႔အိမ္သြားလည္ရင္ စာအုပ္ေတြက အိမ္ရဲ႕ေနရာအျပည့္ပဲ၊ လူငယ္ေတြကိုေျပာျပခ်င္တာက မမစုကို ခ်စ္တယ္ဆိုရင္ မမစုရဲ႕ စာဖတ္တဲ့အက်င့္ကိုယူေစခ်င္တယ္” လို႔ ဆိုပါတယ္။

စာဖတ္ရတာႀကိဳက္ၿပီး စာအုပ္ေတြနဲ႔ေပ်ာ္ေမြ႕တဲ့ေဒၚေအာင္ဆန္းစုၾကည္ဟာ ေအာက္စဖို႔ဒ္ကအိမ္ေထာင္ရွင္မဘဝမွာတုန္းက စည္းကမ္းႀကီးတဲ့သူအျဖစ္ပဲျမင္ခဲ့ရတယ္လို႔ ေဒၚၾကည္ၾကည္ေမကဆိုပါတယ္။

“တခါတေလ မမစုဆီသြားလည္ရင္ ကင္မ့္ (ေဒၚေအာင္ဆန္းစုၾကည္သားအငယ္) ကို ေက်ာင္းႀကိဳတဲ့အခ်ိန္ဆို အတူသြားၾကတာေပါ့။ လမ္းမွာလည္း ေကာင္းက်ိဳးျဖစ္တဲ့စကားပဲေျပာတတ္တယ္၊ သူမ်ားအေၾကာင္းလည္း မမစုကမေျပာတတ္ဘူး။

ေက်ာင္းႀကိဳၿပီးအိမ္ေရာက္ရင္လည္း ကင္မ္က သူမ်ားကေလးေတြလို ေဆာ့တာ တီဗီ ၾကည့္တာမလုပ္ရဘူး၊ အိမ္စာကိုတန္းလုပ္ရတာ။ မမစုက အၿမဲတမ္းစည္းနဲ႔ကမ္းနဲ႔ တိတိက်က်ေနတတ္တယ္” လို႔သူျမင္ေတြ႕ခဲ့ရတဲ့ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အက်င့္ေတြကိုျပန္ေျပာျပပါတယ္။

အက်ယ္ခ်ဳပ္ကာလအလြန္တခ်ိန္က ေမြးေန႔ေတြ ေဒၚေအာင္ဆန္းၾကည္ ေနအိမ္ အက်ယ္ခ်ဳပ္လြတ္ေျမာက္ၿပီးတဲ့ေနာက္ လူထုနဲ႔ ပထမဆုံးက်င္းပခြင့္ရခဲ့တဲ့ေမြးေန႔ကေတာ့ ၂၀၁၁ ခုႏွစ္မွာ က်ေရာက္တဲ့ ၆၆ ႏွစ္ေျမာက္ေမြးေန႔ပါ။

လူေထာင္ခ်ီတက္ေရာက္တဲ့ အဲဒီေမြးေန႔ကို ရန္ကုန္က အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီ ႐ုံးမွာက်င္းပခဲ့တာပါ။ အဲဒီေမြးေန႔မွာေဒၚေအာင္ဆန္းစုၾကည္ ကအမ်ိဳးသားရင္ၾကားေစ့ေရးမွာ ၿငိမ္းခ်မ္းေရးဟာ ပထမဆုံး ေျခလွမ္းျဖစ္လို႔ သူ႔ရဲ႕ဆုေတာင္းက အားလုံးၿငိမ္းခ်မ္းဖို႔ျဖစ္တယ္လို႔ေျပာခဲ့ပါတယ္။

အဲဒီအခ်ိန္က ဦးသိန္းစိန္အစိုးရလက္ေအာက္ စစ္တပ္နဲ႔ကခ်င္လက္နက္ကိုင္အဖြဲ႕ေကအိုင္အိုတို႔ အၾကားတေက်ာ့ျပန္တိုက္ပြဲေတြစတင္ျဖစ္ပြားေနခ်ိန္ပါ။

တခ်ိန္တည္းမွာပဲ ေကအိုင္ေအဌာနခ်ဳပ္ရွိတဲ့ လိုင္ဇာမွာ ေဒၚေအာင္ဆန္းစုၾကည္ေမြးေန႔ပြဲကို ေကအိုင္ေအ အရာရွိႀကီးေတြဦးေဆာင္ၿပီး က်င္းပေပးခဲ့တာပါ။

၂၀၁၂ ခုႏွစ္ ၆၇ ႏွစ္ေျမာက္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေမြးေန႔ကိုေတာ့ ႏိုင္ငံတဝန္းက်င္းပခဲ့ၾကပါတယ္။ အဲဒီႏွစ္ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္က လန္ဒန္ကိုေရာက္ေနပါတယ္။

အဲဒီေန႔တိုက္တိုက္ဆိုင္ဆိုင္ လန္ဒန္က ဘီဘီစီ ကမာၻတလႊားအသံလႊင့္ဌာန ကိုေရာက္ခဲ့တဲ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ ကိုယ့္အိမ္ကိုယ္ယာျပန္ရသလို ေႏြးေထြးေၾကာင္း ေျပာခဲ့ပါေသးတယ္။

၂၀၁၃ ခုႏွစ္ ၆၈ ႏွစ္ေျမာက္ ေမြးေန႔ကေတာ့ ရန္ကုန္ကအမ်ိဳးသားဒီမိုကေရစီ႐ုံးခ်ဳပ္မွာပဲက်င္းပပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ အဖြဲ႕ခ်ဳပ္႐ုံး လာမယ္ဆိုတိုင္း လူစည္ကားတတ္ေပမယ့္ အဲဒီေန႔ကေတာ့ ေထာင္ခ်ီတဲ့လူအုပ္ႀကီးက ဆီးႀကိဳေနခဲ့တာပါ။

အထင္ကရ အျဖစ္ဆုံးကေတာ့ အဲဒီေမြးေန႔မွာ သတင္းစာဆရာႀကီးဦးဝင္းတင္ပါ ေဒၚေအာင္ဆန္းစုၾကည္နဲ႔အတူရွိေနခဲ့တာပါ။ ၂၀၁၄ မွာက်ေရာက္တဲ့ ၆၉ ႏွစ္ေျမာက္ေမြးေန႔ကိုလည္း အဖြဲ႕ခ်ဳပ္႐ုံးအပါအဝင္ ႏိုင္ငံတဝန္းက်င္းပၾကပါတယ္။

အဲဒီႏွစ္ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္က ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္လို႔ ေနျပည္ေတာ္ လႊတ္ေတာ္ အစည္းအေဝးတက္ေနခ်ိန္ပါ။

ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ေနျပည္ေတာ္လႊတ္ေတာ္ဝင္းအတြင္းက ဝန္ထမ္းေတြနဲ႔ က်င္းပခဲ့ပါတယ္။ လႊတ္ေတာ္မွာ က်င္းပတဲ့ေမြးေန႔ပြဲေတြကိုတက္ေရာက္ခြင့္ရတဲ့ လႊတ္ေတာ္က အေျခခံအဆင့္ဝန္ထမ္းတစ္ဦးကေတာ့ သူတို႔ကို မွတ္မွတ္ရရဖိတ္ၿပီး အတူက်င္းပခဲ့လို႔ေပ်ာ္ခဲ့ရခ်ိန္ေတြလို႔ေျပာပါတယ္။

“ဘယ္လူႀကီးကမွ ကြၽန္ေတာ္တို႔ကိုေခၚၿပီး အဲဒီလို ေမြးေန႔က်င္းပတာမရွိခဲ့ဘူး၊ အေမေဒၚေအာင္ဆန္းစုၾကည္ကပဲ အဲဒီလိုေခၚတာ ၊ သူ႔နားမကပ္ရဲတာေတာင္ သားတို႔လာပါလို႔အတင္းေခၚၿပီး မုန႔္ေတြေကြၽးတာ၊တကယ့္ေမတၱာေတြခံစားရခ်ိန္ေပါ့ဗ်ာ ”

လို႔ ျပည္ေထာင္စုလႊတ္ေတာ္မွာ အေျခခံဝန္ထမ္း လုပ္ခဲ့သူတစ္ဦးက ေျပာျပပါတယ္။ ၂၀၁၅ခုႏွစ္က အသက္ ၇၀ျပည့္ ေမြးေန႔ကိုလည္း လႊတ္ေတာ္မွာပဲက်င္းပခဲ့သလို ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္တက္ေရာက္ပါတယ္။ အဲဒီေမြးေန႔မွာ ေတာ့ ေမြးေန႔လက္ေဆာင္အျဖစ္ NLD ကို မဲေပးၾကဖို႔ေျပာခဲ့ပါတယ္။

အဲဒီအခ်ိန္ဟာ ၂၀၁၅ ေ႐ြးေကာက္ပြဲက်င္းပဖို႔ သုံးလေလာက္ပဲ လိုေတာ့တဲ့အခ်ိန္ပါ။ ၂၀၁၆ ခုႏွစ္ အသက္ ၇၁ ႏွစ္ျပည့္ေမြးေန႔ မွာေတာ့ အစိုးရတာဝန္ေတြကို ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ အေနနဲ႔စတင္ထမ္းေဆာင္ေနခ်ိန္ပါ။

အဲဒီႏွစ္ကေတာ့ သူ႔ရဲ႕ေနျပည္ေတာ္က ႏွင္းဆီစံအိမ္မွာပဲ မိတ္ေဆြတခ်ိဳ႕နဲ႔ အက်ဥ္း႐ုံးက်င္းပခဲ့ပါတယ္။ လက္ရွိ ရန္ကုန္က ၆ ထပ္ ရွိတဲ့ NLD ပါတီ႐ုံးသစ္ကိုလည္း အဲဒီေန႔မွာပဲဖြင့္လွစ္ခဲ့တာပါ။

အဲဒီႏွစ္မွာ ထူးျခားတာတခုကေတာ့ ေနာ္ေဝးႏိုင္ငံဖ႐ိုလန္ၿမိဳ႕မွာ ေဒၚေအာင္ဆန္းစုၾကည္ပန္းၿခံအျဖစ္ဖြင့္လွစ္ခဲ့တာပါ။ ၂၀၁၇ ခုႏွစ္ ၇၂ ႏွစ္ေျမာက္ေမြးေန႔ကိုေတာ့ အစိုးရတာဝန္ေတြကိုႏိုင္ငံေတာ္အတိုင္ပင္ခံ အျဖစ္ထမ္းေဆာင္ေနေပမယ့္ လႊတ္ေတာ္ဝန္းထဲက I 12 အေဆာင္မွာ ပဲက်င္းပခဲ့ပါတယ္။

၂၀၁၈ခုႏွစ္ ၇၃ႏွစ္ျပည့္ေမြးေန႔ကေတာ့ ဘုရားတည္ခဲ့ပါတယ္။ ေနျပည္ေတာ္က ထာဝရၿငိမ္းခ်မ္းေရးေစတီေတာ္ မူလဌာပနာပိတ္ပြဲ က်င္းပခဲ့တာပါ။ ၿငိမ္းခ်မ္းေရးနဲ႔ သာယာဝေျပာေရးရည္စူးၿပီး ပတၱျမားတျပည္၊ျမတျပည္၊ေက်ာက္စိမ္းတျပည္နဲ႔နီလာတျပည္စီလႈခဲ့တာပါ။

ၿပီးေတာ့ အဲဒီေန႔မွာပဲ လႊတ္ေတာ္ထဲက I 12 အေဆာင္မွာ ၿငိမ္းခ်မ္းေရးအတြက္ခ်ိဳးျဖဴငွက္ ၇ေကာင္ကိုလႊတ္ခဲ့ပါေသးတယ္။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔လူ႔အခြင့္အေရးနဲ႔ဒီမိုကေရစီ အေရးေတြ႕ဆုံ ေဆြးေႏြးဖူးတဲ့ ေက်ာင္းသားေခါင္းေဆာင္ ကိုပိုင္ရဲသူကေတာ့ ျမန္မာႏိုင္ငံက စစ္အာဏာရွင္စနစ္ရဲ႕႐ိုက္ပုတ္မႈဒဏ္ကို ေဒၚေအာင္ဆန္းစုၾကည္နဲ႔

အတူျမန္မာျပည္သူေတြအားလုံး က ခံေနရခ်ိန္မွာ ေဒၚေအာင္ဆန္းစုၾကည္ကို အသက္ရာေက်ာ္ အထိ ရွင္သန္ေစခ်င္သလို႔ သူ႔ရဲ႕ က်န္ရွိေနတဲ့ အခ်ိန္ေတြကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ျဖတ္သန္း သြားေစခ်င္တယ္လို႔ဆိုပါတယ္။

“အန္တီေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဒီႏွစ္ေမြးေန႔ ကိုေတာ့ ေပ်ာ္႐ႊင္ပါေစလို႔ေတာ့ ဆုမေတာင္းခ်င္ဘူး။ သူက်န္းမာပါေစလို႔ ဆုေတာင္းခ်င္တယ္” ျမန္မာမွာေနထိုင္တဲ့ ႏွစ္သုံးဆယ္ေက်ာ္မွာ ထက္ဝက္ေက်ာ္ကာလေတြက အက်ယ္ခ်ဳပ္ဘဝ၊

ထိန္းသိမ္းခံဘဝနဲ႔ပဲ ျဖတ္သန္းခဲ့ရေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ၾသဇာအရွိန္အဝါကေတာ့ ျမန္မာလူထုအေပၚမွာ ဆက္ရွိေနဆဲပါ။ လူထုေခါင္းေဆာင္အတြက္ အရင္အက်ယ္ခ်ိန္ကာလေတြနဲ႔မတူတာက ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာေအာင္ ေထာင္ဒဏ္ခ်မွတ္ႏိုင္တဲ့ အဂတိလိုက္စားမႈ ပုဒ္မ၊

ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္အက္ဥပေဒလို ပုဒ္မ ေတြနဲ႔ စစ္ေကာင္စီက တရားစြဲဆိုထားတာေၾကာင့္ ဒီတစ္ေခါက္ ေဒၚေအာင္ဆန္းစုၾကည္ ျဖတ္သန္း ရမယ့္ ႏိုင္ငံေရးခရီးလမ္းဟာ အရင္ နဝတ၊ နအဖ စစ္အစိုးရေတြလက္ထက္ အေျခအေနကထက္ ပိုၿပီး ခက္ခဲၾကမ္းတမ္းမယ္လို႔လည္း သုံးသပ္မႈေတြ ရွိေနပါတယ္။

ဒီအေျခအေနကို ရင္ဆိုင္ေနရတဲ့ ေမြးေန႔ရွင္ရဲ႕ သားငယ္ ကင္မ္ကေတာ့ ျမန္မာျပည္သူေတြနဲ႔အတူ မိခင္ျဖစ္သူရင္ဆိုင္ေနရတဲ့အေျခအေနၾကားမွာ အေကာင္းဆုံး ေမြးေန႔ျဖစ္ပါေစ လို႔ဆုေတာင္းေပးခဲ့ပါတယ္။

အခုႏွစ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ၇၆ ႏွစ္ေျမာက္ ေမြးေန႔ကို သူ႔ကိုခ်စ္တဲ့ႏိုင္ငံတဝန္းနဲ႔ကမာၻတဝန္းက ျပည္သူေတြကေတာ့ ပုံစံမ်ိဳးစုံနဲ႔ က်င္းပေပးၾကဦးမွာပါ။

က်င္းပဖို႔လည္းႀကိဳျပင္ေနၾကပါၿပီ။ အဲဒီလို ေမြးေန႔ျပင္ဆင္ေပးေနမႈေတြကို ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ ထိန္းသိမ္းခံေနရတဲ့ေဒၚေအာင္ဆန္းစုၾကည္က ျပန္လည္သိရွိခဲ့ၿပီး သူ႔ေရွ႕ေန ေဒၚမင္းမင္းစိုးကေနတစ္ဆင့္ ခုလို သတင္းစကားမွတ္ခ်က္ျပဳခဲ့ပါတယ္။

“ျပည္သူေတြကေတာ့ အၿမဲအဲဒီလိုပါပဲ။ ဒီလိုစီစဥ္ေပးၾကလို႔ ေက်းဇူးတင္ရပါတယ္”

Leave a Reply

Your email address will not be published. Required fields are marked *