မိခင်ရဲ့ (၇၆) နှစ်ပြည့်မွေးနေ့လေးမှာ အမှတ်တရတီရှပ်လေးကို ဝတ်ဆင်ပြီး လက်သုံးချောင်းထောင်ထားတဲ့ အမေစုရဲ့သားငယ်ကင်မ်

မိခင်ရဲ့ (၇၆) နှစ်ပြည့်မွေးနေ့လေးမှာ အမှတ်တရတီရှပ်လေးကို ဝတ်ဆင်ပြီး လက်သုံးချောင်းထောင်ထားတဲ့ အမေစုရဲ့သားငယ်ကင်မ်

ပြည်သူလူထုကတော့အမေစုနဲ့ခေါင်းဆောင်တွေအမြန်ဆုံးလွတ်မြောက်ဖို့အတွက်အဘက်ဘက်ကနေကြိုးစားဆောင်ရွက်ကြနေကြတာဖြစ်ပါတယ်။ဒီနေ့ဆိုရင်အမေစုကအသက်(၇၆)နှစ်ပြည့်သွားပြီဖြစ်လို့ပြည်သူတွေအနေနဲ့ ဒီလိုနေ့ထူးနေ့မြတ်မှာသူမကိုအရမ်းလွမ်းနေကြရှာတာဖြစ်ပါတယ်။ပြည်သူတွေကတောင်ဒေါ်အောင်ဆန်းစုကြည်ကိုအရမ်းချစ်ကြရင်သူမရဲ့သားလေးဆိုရင်မိခင်ကိုအရမ်းလွမ်းပြီးစိတ်ပူနေရှာမှာပဲဖြစ်ပါတယ်။

အမေစုရဲ့သားငယ်ကင်မ်အဲရစ်ကဖမ်းဆီးခံထားရတဲ့မိခင်ကိုတွေ့ခွင့်ရဖို့အတွက်လည်းတောင်းဆိုခဲ့ဖူးပါတယ်။နော်ဝေနိုင်ငံမှာတည်ရှိတဲ့ဒေါ်အောင်ဆန်းစုကြည်ပန်းခြံမှာဇွန်လ(၁၆)ရက်နေ့ကအမေစုရဲ့မွေးနေ့အကြိုကျင်းပတဲ့အခမ်းအနားကိုလည်းသားငယ်ကင်မ်ကမွေးနေ့ဆုမွန်ကောင်းတောင်းပေးထားတဲ့သဝဏ်လွှာလေးကိုပေးပို့ခဲ့တာဖြစ်ပါတယ်။

သားငယ်ကင်မ်ကနောက်နှစ်မွေးနေ့တွေကျရင်သူရဲ့မိခင်အနေနဲ့လူကိုယ်တိုင်မွေးနေ့ဆုမွန်ကောင်းတွေလက်ခံရရှိနိုင်ဖို့မျှော်လင့်နေတာဖြစ်ပါတယ်။ဒီနေ့၊ဇွန်လ(၁၉)ရက်နေ့မှာလည်းကင်မ်ကမိခင်ရဲ့မွေးနေ့အမှတ်တရအနေနဲ့အမေစုရုပ်ပုံပါတဲ့တီရှပ်လေးကိုဝတ်ဆင်ထားတာဖြစ်ပါတယ်။ကင်မအဲ့ရစ်ကအခုချိန်မှာမိခင်အနားမှာမနေရပေမယ့်လည်းအဝေးကနေတတ်နိုင်သလောက်ကူညီပေးနေတာဖြစ်ပါတယ်။သားအမိနှစ်ယောက်ဝေးကွာနေတဲ့အတွက်လည်းပြည်သူလူထုကများစွာစိတ်မကောင်းဖြစ်နေရတာဖြစ်ပါတယ်။

ပြည်သူတွေကတော့အမေစုရဲ့မွေးနေ့အတွက်လူမှုကွန်ယက်စာမျက်နှာပေါ်မှာဆုမွန်ကောင်းတွေအမျိုးမျိုးရေးသားထားကြတာဖြစ်ပါတယ်။အမေစုလည်းအမြဲကျန်းမာပြီးအချုပ်အနှောင်၊အတားအဆီးတွေကနေ အမြန်ဆုံးလွတ်မြောက်ပါစေလို့ဆုတောင်းရင်းသားငယ်ကင်မ်ရဲ့ပုံရိပ်လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Zawgyi

မိခင္ရဲ႕ (၇၆) ႏွစ္ျပည့္ေမြးေန႔ေလးမွာ အမွတ္တရတီရွပ္ေလးကို ဝတ္ဆင္ၿပီး လက္သုံးေခ်ာင္းေထာင္ထားတဲ့ အေမစုရဲ႕သားငယ္ကင္မ္

ျပည္သူလူထုကေတာ့အေမစုနဲ႔ေခါင္းေဆာင္ေတြအျမန္ဆုံးလြတ္ေျမာက္ဖို႔အတြက္အဘက္ဘက္ကေနႀကိဳးစားေဆာင္႐ြက္ၾကေနၾကတာျဖစ္ပါတယ္။ဒီေန႔ဆိုရင္အေမစုကအသက္(၇၆)ႏွစ္ျပည့္သြားၿပီျဖစ္လို႔ျပည္သူေတြအေနနဲ႔ ဒီလိုေန႔ထူးေန႔ျမတ္မွာသူမကိုအရမ္းလြမ္းေနၾကရွာတာျဖစ္ပါတယ္။ျပည္သူေတြကေတာင္ေဒၚေအာင္ဆန္းစုၾကည္ကိုအရမ္းခ်စ္ၾကရင္သူမရဲ႕သားေလးဆိုရင္မိခင္ကိုအရမ္းလြမ္းၿပီးစိတ္ပူေနရွာမွာပဲျဖစ္ပါတယ္။

အေမစုရဲ႕သားငယ္ကင္မ္အဲရစ္ကဖမ္းဆီးခံထားရတဲ့မိခင္ကိုေတြ႕ခြင့္ရဖို႔အတြက္လည္းေတာင္းဆိုခဲ့ဖူးပါတယ္။ေနာ္ေဝႏိုင္ငံမွာတည္ရွိတဲ့ေဒၚေအာင္ဆန္းစုၾကည္ပန္းၿခံမွာဇြန္လ(၁၆)ရက္ေန႔ကအေမစုရဲ႕ေမြးေန႔အႀကိဳက်င္းပတဲ့အခမ္းအနားကိုလည္းသားငယ္ကင္မ္ကေမြးေန႔ဆုမြန္ေကာင္းေတာင္းေပးထားတဲ့သဝဏ္လႊာေလးကိုေပးပို႔ခဲ့တာျဖစ္ပါတယ္။

သားငယ္ကင္မ္ကေနာက္ႏွစ္ေမြးေန႔ေတြက်ရင္သူရဲ႕မိခင္အေနနဲ႔လူကိုယ္တိုင္ေမြးေန႔ဆုမြန္ေကာင္းေတြလက္ခံရရွိႏိုင္ဖို႔ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။ဒီေန႔၊ဇြန္လ(၁၉)ရက္ေန႔မွာလည္းကင္မ္ကမိခင္ရဲ႕ေမြးေန႔အမွတ္တရအေနနဲ႔အေမစု႐ုပ္ပုံပါတဲ့တီရွပ္ေလးကိုဝတ္ဆင္ထားတာျဖစ္ပါတယ္။ကင္မအဲ့ရစ္ကအခုခ်ိန္မွာမိခင္အနားမွာမေနရေပမယ့္လည္းအေဝးကေနတတ္ႏိုင္သေလာက္ကူညီေပးေနတာျဖစ္ပါတယ္။သားအမိႏွစ္ေယာက္ေဝးကြာေနတဲ့အတြက္လည္းျပည္သူလူထုကမ်ားစြာစိတ္မေကာင္းျဖစ္ေနရတာျဖစ္ပါတယ္။

ျပည္သူေတြကေတာ့အေမစုရဲ႕ေမြးေန႔အတြက္လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာဆုမြန္ေကာင္းေတြအမ်ိဳးမ်ိဳးေရးသားထားၾကတာျဖစ္ပါတယ္။အေမစုလည္းအၿမဲက်န္းမာၿပီးအခ်ဳပ္အေႏွာင္၊အတားအဆီးေတြကေန အျမန္ဆုံးလြတ္ေျမာက္ပါေစလို႔ဆုေတာင္းရင္းသားငယ္ကင္မ္ရဲ႕ပုံရိပ္ေလးကိုျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *