ဖွေးဖွေးနဲ့ ယှဉ်ပြီး ဝေဖန်မှုတွေမြင့်တက်နေတဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွေရည်

ဖွေးဖွေးနဲ့ ယှဉ်ပြီး ဝေဖန်မှုတွေမြင့်တက်နေတဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွေရည်

မင်းသမီးချောလေးဝတ်မှုန်ရွေရည်ကတော့ အနုပညာလောကထဲကို၂၀၀၅မှာကြော်ငြာရေပန်းစားနဲ့မော်ဒယ်တစ်ယောက်ဖြစ်လာပါတော့တယ်၂၀၁၃မှာတော့သူမဟာရုပ်ရှင်တွေစတင်ရိုက်ကူးပါတော့တယ်၊၂၀၁၈မှာတော့သူမဟာအကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကြီးကိုထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်။

အဲဒီနောက်မှာတော့စကစကရုတ်တရက်အာဏာသိမ်းလိုက်ချိန်မှာတော့ပြည်သူများနဲ့အတူအနုပညာရှင်တော်တော်များများလမ်းပေါ်မှာဆန္ဒပြခဲ့ကြပေမဲ့မင်းသမီးလေးဝတ်မှုန်ရွေရည်ကတော့ပျောက်ချက်သားကောင်းနေတယ်ဆိုပြီးပရိသတ်များကဝေဖန်ခဲ့ကြပေမဲ့တရားစခန်းဝင်နေလို့ပါဆိုပြီးဖြေရှင်းချက်တွေကြောင့်လည်းပရိသတ်ကနားလည်ပေးခဲ့ကြပါတယ်။တရားစခန်းကထွက်လာပြီးနောက်မှာတော့သူမကိုယ်တိုင်စကစရဲ့အာဏာသိမ်းမှု့ကိုလည်းလက်မခံနိုင်လို့ပြည်သူတွေနဲ့အတူမားမားမတ်မတ်ရပ်တည်ပေးခဲ့ပြီးသူမကိုယ်တိုင်တစ်သားတည်းရှိလို့နေပါတော့တယ်။

နောက်ပိုင်းမှာတော့လူကိုယ်တိုင်ဆန္ဒဖော်ထုတ်လို့အဆင်မပြေတော့တဲ့အခါမှာတော့အနုပညာရှင်တွေဟာလူမှုကွန်ယက်စာမျက်နှာမှာဆက်ပြီးတော်လှန်ခဲ့ကြပေမဲ့မင်းသမီးချောလေးကတော့သူမရဲ့Facebook Pageအဟက်ခံခဲ့ရတာကိုအကြောင်းပြပြီးနွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီးဘာမှမတင်တော့တာအခုထိပါပဲနော်။ဒါတင်မဟုတ်သေးဘဲကိုယ်တိုင်ဆန္ဒထွက်ပြခဲ့တဲ့ပို့စ်ကိုလည်းပြန်လည်ပြင်ကာတင်ထားတာကြောင့်

ပရိသတ်တွေရဲ့ထင်မြင်ချက်ကိုပိုပြီးတွန်းပို့လိုက်သလိုဖြစ်နေမှာတော့မင်းသမီးချောလေးကတကယ်ပဲမသိလေသလားသိရက်နဲ့ပဲကိုယ်လွတ်ရုန်းလေသလားဆိုတာတော့သူမကိုယ်တိုင်ပဲသိမှာပါနော်အကယ်ဒမီမင်းသမီးဖွေးဖွေးနဲ့လည်းညီအစ်မတစ်ဝမ်းကွဲတော်စပ်သူလဲဖြစ်ပါတယ်။ပရိသတ်တွေကတော့ဖွေးဖွေးနဲ့ယှဉ်ပြီးဝေဖန်မှုတစ်ချို့ကိုပြုလုပ်နေတဲ့အတွက်သူမကတော့ဘယ်လိုတုန့်ပြန်မှုမှပေးထားတာမတွေ့ရသေးပါဘူး။

Zawgyi






Leave a Reply

Your email address will not be published. Required fields are marked *