ကင်းမရွာကို ကိုယ်တိုင်သွားရောက်ခဲ့ပြီး လိုအပ်တဲ့ပစ္စည်းတွေလှူဒါန်းခဲ့တဲ့ ဖြူဖြူထွေး

ကင်းမရွာကို ကိုယ်တိုင်သွားရောက်ခဲ့ပြီး လိုအပ်တဲ့ပစ္စည်းတွေလှူဒါန်းခဲ့တဲ့ ဖြူဖြူထွေး

ဖေ့ဘုတ်ဆယ်လီတစ်ယောက်အနေနဲ့အနုပညာလောကထဲဝင်ရောက်လာခဲ့တဲ့ဖြူဖြူထွေးကတော့ပရိသတ်တွေရီမောပျော်ရွှင်စေဖို့ဟာသဗီဒီယိုတွေရိုတ်ကူးခဲ့ပြီးအောင်မြင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒါအပြင်ဖြူဖြူထွေးကပရဟိတစိတ်ပြင်းထန်ပြီးလိုအပ်တဲ့နေရာတွေကိုတတ်နိုင်သလောက်လှူဒါန်းမှုတွေတောက်လျောက်ပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကမီးရှို့ဖျက်စီးမှုခံရတာကြောင့်တစ်ရွာလုံးမီးလောင်ပြာကျခဲ့ရတဲ့ကင်းမရွာကတော့လက်ရှိအခြေအနေတွေမှာအကူအညီတွေတော်တော်များများလိုအပ်နေတာဖြစ်ပါတယ်။ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေဆုံးရှုံးခဲ့ရတာကြောင့်ပရဟိတအဖွဲ့အစည်းတွေနဲ့

စေတနာရှင်တွေကအကူအညီပေးနိုင်ဖို့လုပ်ဆောင်နေကြပြီးဆယ်လီဖြူဖြူထွေးကလည်းသူ့ရဲ့အဖွဲ့သားတွေနဲ့အတူကင်းမရွာကိုကိုယ်တိုင်သွားရောက်ခဲ့ပါတယ်။လတ်တလောဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေတွေ ဖြူဖြူထွေးကအပေါ်ယံသာပါဝင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ဝေဖန်မှူခံနေရတာလည်းဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာအချိန်တော်ကြာပျောက်နေပြီးနောက်ပိုင်းမှာအလှုတွေပြုလုပ်ပြီးပြန်ပေါ်လာခဲ့တာဘဲဖစ်ပါတယ်။တကယ်လိုအပ်နေတဲ့နေရာလေးကိုသွားရောက်လှူဒါန်းတဲ့ဖြူဖြူထွေးရဲ့အလှူလေးကို သာဓုခေါ်ပေးပါဦး။

Zawgyi






Leave a Reply

Your email address will not be published. Required fields are marked *