နားခိုရာအိမ်လေး မီးထဲပါသွားလို့ သေသွားတာကမှကောင်းသေးတယ်ဆိုပြီး ကင်းမရွာက အမျိုးသမီးရဲ့ငိုကြွေးမှု(ရုပ်သံ)

နားခိုရာအိမ်လေး မီးထဲပါသွားလို့ သေသွားတာကမှကောင်းသေးတယ်ဆိုပြီး ကင်းမရွာက အမျိုးသမီးရဲ့ငိုကြွေးမှု(ရုပ်သံ)

ရှိစုမဲ့စုအိမ်လေးက မီးထဲပါသွားပြီး ပြာပုံဖြစ်သွားတာကြောင့် သေသွားတာမှကောင်းသေးတယ်ဆိုပြီး ငိုကြွေးနေတဲ့ ကင်းမရွာက ပြည်သူတစ်ဦးရဲ့ဗီဒီယိုဖိုင်

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တောင်ပိုင်းက ကင်းမရွာကတော့ ပြီးခဲ့တဲ့ဇွန်လ (၁၅) ရက်နေ့မှာ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတာ ဖြစ်ပါတယ် ။

တစ်ရွာလုံးနီးပါး မီးလောင်တိုက်သွင်းခံရတာကြောင့် ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ် ။အခုဆိုရင် ရွာသူရွာသားတွေခမျာ သူတို့ရဲ့အိမ်လေးတွေ မီးထဲပါသွားတာကြောင့် အရမ်းဒုက္ခရောက်နေကြတာ ဖြစ်ပါတယ် ။

ကင်းမရွာမှာနေထိုင်တဲ့ ပြည်သူအများစုကတော့ လယ်လုပ်ငန်း၊ တောင်ယာလုပ်ငန်းလုပ်ကိုင်သူတွေဖြစ်ကြပြီး သာမန်လက်လုပ်လက်စားပြည်သူတွေလည်း ရှိပါတယ်။အခုလည်း ကင်းမရွာက ပြည်သူတစ်ဦးက သူမတို့အိမ်လေး မီးထဲပါသွားတဲ့အတွက် ရင်ကွဲမတက် ခံစားနေရတာ ဖြစ်ပါတယ်သူမကတော့ လက်လုပ်လက်စားပြည်သူတစ်ယောက်သာဖြစ်ပြီး ခင်ပွန်းသည်နဲ့အတူ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတာပဲ ဖြစ်ပါတယ်။

အဲ့ဒီအမျိုးသမီးကတော့ မီးလောင်ပျက်စီးပြီး ပြာပုံဖြစ်သွားတဲ့ သူမတို့အိမ်လေးကိုကြည့်ရင်း ဝမ်းနည်းပက်လက် ငိုကြွေးနေတာလည်း ဖြစ်ပါတယ်ရှိစုမဲ့စုလေးတွေပါသွားတဲ့အပြင် မီးလောင်တဲ့အချိန်မှာ ဘာပစ္စည်းမှယူလို့မရခဲ့တာကြောင့် သူမတို့မိသားစုခမျာ ဘဝအသစ်ပြန်စဖို့တောင် မလွယ်ကူတော့တာ ဖြစ်ပါတယ်ဒါကြောင့် သေသွားတာမှ ကောင်းပါသေးတယ်ဆိုပြီး ငိုကြွေးနေတဲ့ သူမရဲ့အသံက ပြည်သူတွေကိုပါ စိတ်မကောင်းဖြစ်စေခဲ့တာ ဖြစ်ပါတယ်

Zawgyi

နားခိုရာအိမ္ေလး မီးထဲပါသြားလို႔ ေသသြားတာကမွေကာင္းေသးတယ္ဆိုၿပီး ကင္းမ႐ြာက အမ်ိဳးသမီးရဲ႕ငိုေႂကြးမႈ(႐ုပ္သံ)

ရွိစုမဲ့စုအိမ္ေလးက မီးထဲပါသြားၿပီး ျပာပုံျဖစ္သြားတာေၾကာင့္ ေသသြားတာမွေကာင္းေသးတယ္ဆိုၿပီး ငိုေႂကြးေနတဲ့ ကင္းမ႐ြာက ျပည္သူတစ္ဦးရဲ႕ဗီဒီယိုဖိုင္မေကြးတိုင္းေဒသႀကီး၊ ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းက ကင္းမ႐ြာကေတာ့ ၿပီးခဲ့တဲ့ဇြန္လ (၁၅) ရက္ေန႔မွာ မီးရႈိ႕ဖ်က္ဆီးျခင္းခံခဲ့ရတာ ျဖစ္ပါတယ္ ။

တစ္႐ြာလုံးနီးပါး မီးေလာင္တိုက္သြင္းခံရတာေၾကာင့္ ျပည္သူေတြရဲ႕အသက္အိုးအိမ္စည္းစိမ္ေတြ ပ်က္စီးဆုံးရႈံးခဲ့ရတာ ျဖစ္ပါတယ္ ။အခုဆိုရင္ ႐ြာသူ႐ြာသားေတြခမ်ာ သူတို႔ရဲ႕အိမ္ေလးေတြ မီးထဲပါသြားတာေၾကာင့္ အရမ္းဒုကၡေရာက္ေနၾကတာ ျဖစ္ပါတယ္ ။ကင္းမ႐ြာမွာေနထိုင္တဲ့ ျပည္သူအမ်ားစုကေတာ့ လယ္လုပ္ငန္း၊ ေတာင္ယာလုပ္ငန္းလုပ္ကိုင္သူေတြျဖစ္ၾကၿပီး သာမန္လက္လုပ္လက္စားျပည္သူေတြလည္း ရွိပါတယ္။

အခုလည္း ကင္းမ႐ြာက ျပည္သူတစ္ဦးက သူမတို႔အိမ္ေလး မီးထဲပါသြားတဲ့အတြက္ ရင္ကြဲမတက္ ခံစားေနရတာ ျဖစ္ပါတယ္သူမကေတာ့ လက္လုပ္လက္စားျပည္သူတစ္ေယာက္သာျဖစ္ၿပီး ခင္ပြန္းသည္နဲ႔အတူ ႐ိုး႐ိုးသားသား လုပ္ကိုင္စားေသာက္ေနတာပဲ ျဖစ္ပါတယ္။အဲ့ဒီအမ်ိဳးသမီးကေတာ့ မီးေလာင္ပ်က္စီးၿပီး ျပာပုံျဖစ္သြားတဲ့ သူမတို႔အိမ္ေလးကိုၾကည့္ရင္း ဝမ္းနည္းပက္လက္ ငိုေႂကြးေနတာလည္း ျဖစ္ပါတယ္

ရွိစုမဲ့စုေလးေတြပါသြားတဲ့အျပင္ မီးေလာင္တဲ့အခ်ိန္မွာ ဘာပစၥည္းမွယူလို႔မရခဲ့တာေၾကာင့္ သူမတို႔မိသားစုခမ်ာ ဘဝအသစ္ျပန္စဖို႔ေတာင္ မလြယ္ကူေတာ့တာ ျဖစ္ပါတယ္ဒါေၾကာင့္ ေသသြားတာမွ ေကာင္းပါေသးတယ္ဆိုၿပီး ငိုေႂကြးေနတဲ့ သူမရဲ႕အသံက ျပည္သူေတြကိုပါ စိတ္မေကာင္းျဖစ္ေစခဲ့တာ ျဖစ္ပါတယ္

Leave a Reply

Your email address will not be published. Required fields are marked *