Update News- မန္တလေး PDFပျောက်ကျားတပ်ခွဲတစ်ခုကို စစ်ကောင်စီတပ်က ဝင်စီး(ရုပ်သံ)

Update News- မန္တလေး PDFပျောက်ကျားတပ်ခွဲတစ်ခုကို စစ်ကောင်စီတပ်က ဝင်စီး(ရုပ်သံ)

Update News- မန္တလေး PDFပျောက်ကျားတပ်ခွဲတစ်ခုကို စစ်ကောင်စီတပ်က ဝင်စီး၊ ပြည်သူများအနေဖြင့် PDF များ လုံခြုံရေးအတွက် ဓာတ်ပုံ၊ ဗီဒီယိုများ လူမှုကွန်ရက်တွင် မဖြန့်ဝေရန် PDF က မေတ္တာရပ်ခံ၊ စစ်ကောင်စီက အင်အားတိုးချနေ

မန္တလေးရှိ ပြည်သူ့ကာကွယ်ရေး ပျောက်ကျားတပ်ခွဲတစ်ခုကို အကြမ်းဖက်စစ်ကောင်စီတပ်များက ဝင်စီးသဖြင့် တိုက်ပွဲဖြစ်ပွားနေပြီး

ပြည်သူများအနေဖြင့် PDF များ လုံခြုံရေးအတွက် ဓာတ်ပုံ၊ ဗီဒီယိုများ ရိုက်ကူး၍ လူမှုကွန်ရက်ပေါ် တင်ခြင်း ဖြန့်ဝေခြင်း မပြုလုပ်ရန် PDF က မေတ္တာရပ်ခံလိုက်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် မန္တလေး တစ်မြို့လုံးကို အင်အားတိုးချဲ့ ချထားနေကြောင်း မန္တလေးဒေသခံများက ပြောဆိုသည်။

“ကျွန်တော်တို့ရဲ့ ပျောက်ကျားတပ်ခွဲတစ်ခု ဝင်းစီးခံရခြင်းနှင့်အတူ စကစ အပြန်အလှန်တိုက်ခိုက်မှုတွင် မန္တလေးပြည်သူတွေရဲ့အကူအညီကို များစွာလိုအပ်ပါသည်

အခြားPDFတပ်ခွဲများမှ စီးနင်းခံရသော PDF နေရာသို့ဝင်ရောက်ကူညီပစ်ခတ်ခြင်း တပ်ကူပေးခြင်းများအား မိဘပြည်သူများအနေနှင့် ဓာတ်ပုံ& video ရိုက်ကူးထားပါက ကျွန်တော်တို့

PDF-Mdy ၏ လုံခြုံရေးကိုကူညီသောအားဖြင့် Social Media ပေါ်တင်ခြင်းမှဝေခြင်း မပြုလုပ်ပါရန် လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်။

ဗိုလ်ဇီးကွက်(ချေမှုန်းရေးခေါင်းဆောင်)ဟု မန္တလေး PDF က လူမှုကွန်ရက်တွင် တရားဝင် ကြေညာမေတ္တာရပ်ခံထားသည်။

လက်ရှိတွင် ပရဟိတ ကူညီရေးအသင်းသား ၂ ဦး ဗုံးစထိမှန်ထားပြီး အသေအပျောက်တချို့ရှိနေကြောင်း ဒေသခံများက ဆိုသည်။

မန္တလေးတွင် စစ်ကူလာသည့် စစ်ကောင်စီတပ်များရှိနေပြီး မန္တလေးမြို့တွင်းသို့ မဝင်နိုင်ရန် လမ်းများပိတ်ဆို့ခြင်း၊ တာယာများမီးရှို့ခြင်းနှင့် စစ်အင်အား လှုပ်ရှားမှုများကို လူမှုကွန်ရက်တွင် တင်ကြရန်

မန္တလေး တော်လှန်ရေး လူငယ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“မန္တလေး ပြည်သူတွေအနေနဲ့ PDF လှုပ်ရှားမှုတွေကို လိုင်းပေါ်မတင်ပါနဲ့ ။

စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို တင်ပါ။

နောက်ပြီး စစ်ကားတွေ အလွယ်တကူ ဝင်လာလို့ မရအောင် လမ်းပိတ်တာ၊ တာယာမီးရှို့တာတွေ လုပ်ပေးပါ။

ပြီးရင် ဘေးကင်းတဲ့နေရာမှာ နေကြပါ” ဟု မန္တလေး တော်လှန်ရေး လူငယ်တစ်ဦးက ပြောဆိုသည်။

Zawgyi

Update News- မႏၲေလး PDFေပ်ာက္က်ားတပ္ခြဲတစ္ခုကို စစ္ေကာင္စီတပ္က ဝင္စီး(႐ုပ္သံ)

Update News- မႏၲေလး PDFေပ်ာက္က်ားတပ္ခြဲတစ္ခုကို စစ္ေကာင္စီတပ္က ဝင္စီး၊ ျပည္သူမ်ားအေနျဖင့္ PDF မ်ား လုံၿခဳံေရးအတြက္ ဓာတ္ပုံ၊ ဗီဒီယိုမ်ား လူမႈကြန္ရက္တြင္ မျဖန႔္ေဝရန္ PDF က ေမတၱာရပ္ခံ၊ စစ္ေကာင္စီက အင္အားတိုးခ်ေန

မႏၲေလးရွိ ျပည္သူ႔ကာကြယ္ေရး ေပ်ာက္က်ားတပ္ခြဲတစ္ခုကို အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားက ဝင္စီးသျဖင့္ တိုက္ပြဲျဖစ္ပြားေနၿပီး

ျပည္သူမ်ားအေနျဖင့္ PDF မ်ား လုံၿခဳံေရးအတြက္ ဓာတ္ပုံ၊ ဗီဒီယိုမ်ား ႐ိုက္ကူး၍ လူမႈကြန္ရက္ေပၚ တင္ျခင္း ျဖန႔္ေဝျခင္း မျပဳလုပ္ရန္ PDF က ေမတၱာရပ္ခံလိုက္သည္။

လက္ရွိတြင္ စစ္ေကာင္စီတပ္မ်ားသည္ မႏၲေလး တစ္ၿမိဳ႕လုံးကို အင္အားတိုးခ်ဲ႕ ခ်ထားေနေၾကာင္း မႏၲေလးေဒသခံမ်ားက ေျပာဆိုသည္။

“ကြၽန္ေတာ္တို႔ရဲ႕ ေပ်ာက္က်ားတပ္ခြဲတစ္ခု ဝင္းစီးခံရျခင္းႏွင့္အတူ စကစ အျပန္အလွန္တိုက္ခိုက္မႈတြင္ မႏၲေလးျပည္သူေတြရဲ႕အကူအညီကို မ်ားစြာလိုအပ္ပါသည္

အျခားPDFတပ္ခြဲမ်ားမွ စီးနင္းခံရေသာ PDF ေနရာသို႔ဝင္ေရာက္ကူညီပစ္ခတ္ျခင္း တပ္ကူေပးျခင္းမ်ားအား မိဘျပည္သူမ်ားအေနႏွင့္ ဓာတ္ပုံ& video ႐ိုက္ကူးထားပါက ကြၽန္ေတာ္တို႔

PDF-Mdy ၏ လုံၿခဳံေရးကိုကူညီေသာအားျဖင့္ Social Media ေပၚတင္ျခင္းမွေဝျခင္း မျပဳလုပ္ပါရန္ ေလးစားစြာေမတၱာရပ္ခံအပ္ပါသည္။

ဗိုလ္ဇီးကြက္(ေခ်မႈန္းေရးေခါင္းေဆာင္)ဟု မႏၲေလး PDF က လူမႈကြန္ရက္တြင္ တရားဝင္ ေၾကညာေမတၱာရပ္ခံထားသည္။

လက္ရွိတြင္ ပရဟိတ ကူညီေရးအသင္းသား ၂ ဦး ဗုံးစထိမွန္ထားၿပီး အေသအေပ်ာက္တခ်ိဳ႕ရွိေနေၾကာင္း ေဒသခံမ်ားက ဆိုသည္။

မႏၲေလးတြင္ စစ္ကူလာသည့္ စစ္ေကာင္စီတပ္မ်ားရွိေနၿပီး မႏၲေလးၿမိဳ႕တြင္းသို႔ မဝင္ႏိုင္ရန္ လမ္းမ်ားပိတ္ဆို႔ျခင္း၊ တာယာမ်ားမီးရႈိ႕ျခင္းႏွင့္ စစ္အင္အား လႈပ္ရွားမႈမ်ားကို လူမႈကြန္ရက္တြင္ တင္ၾကရန္

မႏၲေလး ေတာ္လွန္ေရး လူငယ္မ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

“မႏၲေလး ျပည္သူေတြအေနနဲ႔ PDF လႈပ္ရွားမႈေတြကို လိုင္းေပၚမတင္ပါနဲ႔ ။

စစ္တပ္ရဲ႕ လႈပ္ရွားမႈေတြကို တင္ပါ။

ေနာက္ၿပီး စစ္ကားေတြ အလြယ္တကူ ဝင္လာလို႔ မရေအာင္ လမ္းပိတ္တာ၊ တာယာမီးရႈိ႕တာေတြ လုပ္ေပးပါ။

ၿပီးရင္ ေဘးကင္းတဲ့ေနရာမွာ ေနၾကပါ” ဟု မႏၲေလး ေတာ္လွန္ေရး လူငယ္တစ္ဦးက ေျပာဆိုသည္။

Leave a Reply

Your email address will not be published. Required fields are marked *