နှုတ်ထွက်သူတွေရဲ့စာရင်းကို ထိမ်ချန်ထားတဲ့ ရုပ်ရှင်အစည်းအရုံးရဲ့ လုပ်ရပ်အချို့ကို ဖွင့်ချလိုက်တဲ့ သရုပ်ဆောင်ဆင်မ

နှုတ်ထွက်သူတွေရဲ့စာရင်းကို ထိမ်ချန်ထားတဲ့ ရုပ်ရှင်အစည်းအရုံးရဲ့ လုပ်ရပ်အချို့ကို ဖွင့်ချလိုက်တဲ့ သရုပ်ဆောင်ဆင်မ

ပြီးခဲ့တဲ့ရက်ပိုင်းက ရုပ်ရှင်သရုပ်ဆောင်ခန့်စည်သူကို ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဋ္ဌရာထူးပေးအပ်ပြီးတဲ့နောက်မှာ ပရိသတ်တွေရဲ့ဝေဖန်မှုတွေဟာ မြင့်တက်လာခဲ့ပြီး အနုပညာရှင်အချို့လည်း ရုပ်ရှင်အစည်းအရုံးကနေနှုတ်ထွက်လာကြတာတွေ့ရပါတယ်

မင်းသား၊မင်းသမီးဒါရိုက်တာတွေနဲ့ ဇာတ်ပို့ဇာတ်ရံတွေအပါအဝင် စက်အဖွဲ့တွေအထိ ရုပ်ရှင်အစည်းအရုံးကနေနှုတ်ထွက်ကြောင်း တင်လာကြတာတွေ့ရပါတယ်ခန့်စည်သူကိုယ်တိုင်လည်း အစည်းအရုံးဥက္ကဌအဖြစ်မလုပ်လိုကြောင်း ငြင်းပယ်ခဲ့ပြီး အနုပညာအသိုင်းအဝန်းကြားမှာ အတော်လေးဂယက်ရိုက်သွားခဲ့တာဖြစ်ပါတယ်

ရုပ်ရှင်အစည်းအရုံးဘက်ကနေလည်း နှုတ်ထွက်သူစာရင်းကို စာရင်းထုတ်ပြန်ထားတာတွေ့ရကာ ဒီဖြစ်ရပ်နဲ့ပက်သက်ပြီးလည်း ဇာတ်ပို့သရုပ်ဆောင်ဆင်မက သူ့ရဲ့ Facebookစာမျက်နှာမှာ “မိမိသဘောအရ ကုတ်ကပ်ဆက်နေကြသူများ ဒီစာရင်းတွင်(လုံးဝ)မပါရှိပါစာကြွင်း

တရားဝင် နှုတ်ထွက်သူများစွာ ကျန်ရှိနေပါသေးတယ် အဝင်စာရင်းသာ ဘုံးဘောလအောလက်ခံသာအထွက်စာရင်းကြ ဟိုကျန်ဒီကျန်နော် စာရင်းကိုင်ကြီးတို့ရေ ဆိုပြီး ပွင့်ပွင့်လင်းလင်းရေးသားထားတာဖြစ်ပါတယ်

ဆင်မက အနုပညာလောကမှာဝါရင့်သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပြီး ပရိသတ်တွေကို ရသမျိုးစုံပေးနိုင်တဲ့အနုပညာရှင်တစ်ယောက်လည်းဖြစ်တဲ့အပြင် သူ့ရဲ့ရပ်တည်ချက်နဲ့ထင်မြင်ချက်တွေကိုလည်း ပွင့်ပွင့်လင်းလင်းပြောလေ့ရှိတဲ့သူပါ

ဆင်မရဲ့အခုလိုရေးသားဖွင့်ချလာတဲ့အပေါ်မှာလည်း ပရိသတ်တွေကထင်မြင်ချက်အမျိုးမျိုးပေးကြတာလည်းတွေ့ရပါတယ် ပရိသတ်တွေအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်

Zawgyi








Leave a Reply

Your email address will not be published. Required fields are marked *