အမှန်တရားအတွက်တိုက်ပွဲဝင်နေကြတဲ့ သူမနဲ့အိပန်ဆယ်လိုကို ရန်တိုက်ပေးနေတဲ့သူအား ထိထိမိမိချေပလိုက်တဲ့ ထားထက်ထက်

အမှန်တရားအတွက်တိုက်ပွဲဝင်နေကြတဲ့ သူမနဲ့အိပန်ဆယ်လိုကို ရန်တိုက်ပေးနေတဲ့သူအား ထိထိမိမိချေပလိုက်တဲ့ ထားထက်ထက်

ပရိတ်သတ်ကြီးရေ….သရုပ်ဆောင်ထားထက်ထက်ကတော့ ရဲရင့်ပြတ်သားတဲ့စိတ်ဓာတ်အပြည့်နဲ့ အာဏာရှင်ကို တွန်းလှန်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ တော်လှန်ရေးနယ်မြေထဲသွားရောက်ပြီး ပင်ပင်ပန်းပန်းနဲ့ စစ်သင်တန်းတတ်ရောက်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။

ထားထက်ထက်ကတော့ ယခုမှာ သွေးမကွဲကွဲအောင် လာရန်တိုက်ပေးနေသူကို တော်လှန်ရေးစိတ်ဓာတ်အပြည့်နဲ့တုံ့ပြန်ပြောဆိုလိုက်တာကြောင့် ပြည်သူတွေရဲ့ ချီးကျူးခြင်းကိုခံနေရပါတယ်။Accအတုနဲ့မျိုးစုံပြောဆိုပြီး ပန်ဆယ်လိုနဲ့လာရန်တိုက်ပေးနေသူကို ထားထက်ထက်က ပညာသားပါပါနဲ့ တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

သူမကတော့ ” အမပန်ဆယ်လိုမှ မဟုတ်ပါဘူး ပြည်သူတစ်ဦးချင်းစီတိုင်း ရှင်တို့ဘက်ကလွတ်ပြီး ငြိမ်းချမ်းစေချင်တာ ကျွန်မတို့အားလုံးစေတနာပါ ပန်ဆယ်လိုကျန်းမာလုံခြုံစွာဖြင့် ဆက်လက်တိုက်ပွဲဝင်ပေးပါ ” ဆိုပြီး စည်းလုံးမှုပျက်ပြားအောင် ရန်တိုက်ပေးနေသူကို ပြန်လည်ပြောဆိုလိုက်တာပဲဖြစ်ပါတယ်။

ထားထက်ထက်ရဲ့တော်လှန်ရေးစိတ်ဓာတ်အပြည့်နဲ့ပြောဆိုချက်လေးကို ပြည်သူတွေက သဘောကျနေကြပြီး ပြည်သူအချင်းချင်းအရင်ကထက် ပိုပြီးစည်းစည်းလုံးလုံးရှိကြဖို့ တိုက်တွန်းနေကြပါတယ်။ပြည်သူတစ်ဦးက ” တော်လှန်ရေးစိတ်ဓာတ် ဆိုတာ ဒါမျိုးကိုပြောတာ တောထဲကနေ တော်လှန်တဲ့သူက တော်လှန်မယ် မြို့ပေါ်ကနေ တော်လှန် တဲ့သူကလည်း တော်လှန် နိုင်ငံခြားကနေ လုပ်နိုင်တာကို လုပ်တဲ့သူကလုပ်မယ်Fb ပေါ်ကနေ Keyboard Fighters လုပ်တဲ့သူကလည်း

လုပ်မယ်ဘက်ပေါင်းစုံကနေ တော်လှန်နေတဲ့သူအချင်းချင်း လိုက်ပြီးတော့ ငါကသာတယ် သူက နာတယ်ပြောစရာကိုမလိုတာအေး ငါတို့ရဲ့ အဓိက ဘုံရန်သူက တစ်ယောက်ထဲ တစ်ဖွဲ့ထဲပဲ စည်းလုံးကြစမ်းပါ အားတီတို့ အားမေတို့ရာ “ဆိုပြီး ရေးသားထားခဲ့ပါတယ်။အမှန်တရားလိုလားတဲ့ ပြည်သူတွေအချင်းချင်းသွေးမကွဲကြဖို့ ပြည်သူတွေက ရေးသားပြောဆိုနေကြပါတယ်

Zawgyi







Leave a Reply

Your email address will not be published. Required fields are marked *