မွေးနေ့လေးမှာ ပြည်သူတွေအရမ်းလိုချင်တောင်းတနေတဲ့ အရာလေးတစ်ခုကို တောင်းဆုပြုလိုက်တဲ့ နန်းစန္ဒာလှထွန်း

မွေးနေ့လေးမှာ ပြည်သူတွေအရမ်းလိုချင်တောင်းတနေတဲ့ အရာလေးတစ်ခုကို တောင်းဆုပြုလိုက်တဲ့ နန်းစန္ဒာလှထွန်း

သရုပ်ဆောင်နန်းစန္ဒာလှထွန်းကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုလည်း အတိုင်းအတာတစ်ခုထိရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

အမှန်တရားဘက်ကနေ သတ္တိရှိရှိနဲ့ ရပ်တည်လျက်ရှိနေတဲ့ သူမကတော့ ပြည်သူတွေစိတ်ခွန်အားဖြစ်စေမယ့် စာလေးတွေကို လူမှုကွန်ယက်ထက်တင်ပေးသလို တိုင်းပြည်မှာလက်တလောဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်တွေကို မကြာခဏမျှဝေပေးလေ့ရှိသူတစ်ယောက်ပဲဖြစ်ပါတယ်။

သူမကတော့ လက်ရှိဖြစ်ပွားနေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး သူရဲ့ခံစားချက်ကို လူမှုကွန်ယက်ထက်မှာ ပြန်လည်ပြောပြလေ့ရှိပါတယ်။

ယနေ့လေးကတော့ အပြုံးချိုချိုလေးတွေနဲ့ အနေအေးဆေးတဲ့ မင်းသမီးချောလေးနန်းစန္ဒာလှထွန်းရဲ့ အသက်(၂၂)ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ မွေးနေ့ မွေးလ၊ မွေးရက်ထပ်တူကျတဲ့ နန်းစန္ဒာလှထွန်းရဲ့ မွေးနေ့မှာ ပရိသတ်တွေက မွေးနေ့ဆုမွန်ကောင်းမွန်တွေ တောင်းပေးနေကြပါတယ်။

သူမကတော့ အသက်၂၂ပြည့်မွေးနေ့လေးမှာ ပြည်သူတွေအရမ်းလိုချင်တောင်းတနေတဲ့ Democracyကိုအမြန်ဆုံးရရှိစေဖို့ တောင်းဆုပြုလိုက်ပါတယ်။

နန်းစန္ဒာလှထွန်းကတော့ “ဒီနေ့ ၂၂ရက်နေ့ မွေးနေ့ မွေးလ မွေးရက်ထပ်တဲ့မွေးနေ့လေးမှာ အလိုချင်ဆုံး မွေးနေ့လက်ဆောင်ကတော့ ကျမတို့ပြည်သူတွေလိုချင်တဲ့ ငြိမ်းချမ်းတဲ့ Democracy ကိုအမြန်ဆုံးရရှိပါစေ လို့ပဲတောင်းဆုပြုချင်ပါတယ် ” ဆိုပြီး မွေးနေ့လေးမှာ သူမလိုချင်တဲ့အရာလေးကို ပြောပြလာခဲ့ပါတယ်။

ယနေ့မှာ အသက်၂၂နှစ်ပြည့်မွေးနေ့လေးကို ကျရောက်လာတဲ့ မင်းသမီးနန်းစန္ဒာလှထွန်းရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Zawgyi

ေမြးေန႔ေလးမွာ ျပည္သူေတြအရမ္းလိုခ်င္ေတာင္းတေနတဲ့ အရာေလးတစ္ခုကို ေတာင္းဆုျပဳလိုက္တဲ့ နန္းစႏၵာလွထြန္း

သ႐ုပ္ေဆာင္နန္းစႏၵာလွထြန္းကေတာ့ ပရိသတ္ေတြရဲ႕အားေပးခ်စ္ခင္မႈကိုလည္း အတိုင္းအတာတစ္ခုထိရရွိထားတဲ့ အႏုပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။

အမွန္တရားဘက္ကေန သတၱိရွိရွိနဲ႔ ရပ္တည္လ်က္ရွိေနတဲ့ သူမကေတာ့ ျပည္သူေတြစိတ္ခြန္အားျဖစ္ေစမယ့္ စာေလးေတြကို လူမႈကြန္ယက္ထက္တင္ေပးသလို တိုင္းျပည္မွာလက္တေလာျဖစ္ေပၚေနတဲ့ အျဖစ္အပ်က္ေတြကို မၾကာခဏမွ်ေဝေပးေလ့ရွိသူတစ္ေယာက္ပဲျဖစ္ပါတယ္။

သူမကေတာ့ လက္ရွိျဖစ္ပြားေနတဲ့ကိစၥေတြနဲ႔ပတ္သက္ၿပီး သူရဲ႕ခံစားခ်က္ကို လူမႈကြန္ယက္ထက္မွာ ျပန္လည္ေျပာျပေလ့ရွိပါတယ္။

ယေန႔ေလးကေတာ့ အၿပဳံးခ်ိဳခ်ိဳေလးေတြနဲ႔ အေနေအးေဆးတဲ့ မင္းသမီးေခ်ာေလးနန္းစႏၵာလွထြန္းရဲ႕ အသက္(၂၂)ျပည့္ေမြးေန႔ေလးပဲျဖစ္ပါတယ္။ ေမြးေန႔ ေမြးလ၊ ေမြးရက္ထပ္တူက်တဲ့ နန္းစႏၵာလွထြန္းရဲ႕ ေမြးေန႔မွာ ပရိသတ္ေတြက ေမြးေန႔ဆုမြန္ေကာင္းမြန္ေတြ ေတာင္းေပးေနၾကပါတယ္။

သူမကေတာ့ အသက္၂၂ျပည့္ေမြးေန႔ေလးမွာ ျပည္သူေတြအရမ္းလိုခ်င္ေတာင္းတေနတဲ့ Democracyကိုအျမန္ဆုံးရရွိေစဖို႔ ေတာင္းဆုျပဳလိုက္ပါတယ္။

နန္းစႏၵာလွထြန္းကေတာ့ “ဒီေန႔ ၂၂ရက္ေန႔ ေမြးေန႔ ေမြးလ ေမြးရက္ထပ္တဲ့ေမြးေန႔ေလးမွာ အလိုခ်င္ဆုံး ေမြးေန႔လက္ေဆာင္ကေတာ့ က်မတို႔ျပည္သူေတြလိုခ်င္တဲ့ ၿငိမ္းခ်မ္းတဲ့ Democracy ကိုအျမန္ဆုံးရရွိပါေစ လို႔ပဲေတာင္းဆုျပဳခ်င္ပါတယ္ ” ဆိုၿပီး ေမြးေန႔ေလးမွာ သူမလိုခ်င္တဲ့အရာေလးကို ေျပာျပလာခဲ့ပါတယ္။

ယေန႔မွာ အသက္၂၂ႏွစ္ျပည့္ေမြးေန႔ေလးကို က်ေရာက္လာတဲ့ မင္းသမီးနန္းစႏၵာလွထြန္းရဲ႕ ခ်စ္စရာပုံရိပ္ေလးေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *