အနုပညာအလုပ်တွေ ကိုတောင် စွန့်လွှတ်ပြီးသားမို့ BLACK LISTလုပ်လည်းဂရုမစိုက်ဘူးလို့ ဆိုလိုက်တဲ့ မင်းမော်ကွန်း

ချမ်းမြေ့ဆိုတဲ့ နာမယ်နဲ့ကလေးသရုပ်ဆောင် ဘဝကနေ ခုအသက် (၄၃)နှစ်ထိ လုပ်ခဲ့တဲ့ အနုပညာအလုပ်တွေ ကိုတောင် စွန့်လွှတ်ပြီးသားမို့ BLACK LISTလုပ်လည်းဂရုမစိုက်ဘူးလို့ ဆိုလိုက်တဲ့ မင်းမော်ကွန်း

ပရိသတ်အချစ်တော် မင်းမော်ကွန်း ကတော့ ရုပ်ရှင်ဇာတ်လမ်းတွေမှာ ရောနှင်းဆီအငြိမ့်မှာ ရော အောင်မြင် ခဲ့တာကြောင့် ပြည်သူတွေရဲ့အချစ်တွေကို သိမ်းပိုက်ထားနိုင်သူ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့အတူ ခံစားချက်တွေထပ်တူ ကျခဲ့သူဖြစ်တဲ့ အပြင်ဖခင် ဖြစ်သူအဖမ်းခံရတဲ့ အခါမှာလည်း နောက်ဆုတ်မသွားတဲ့အ ပြင်ရှေ့ကိုသာ ဆက်လက်ရပ်တည်ခဲ့ပါတယ်။

အဖေဖြစ်သူရောသားဖြစ်သူ ပါရဲရင့် ပြတ်သားစွာ ရှိနေခဲ့ကြလို့လည်း ပြည်သူတွေလည်း အားအင်တွေအပြည့်ရှိခဲ့တယ်ဆိုရင်လည်း မမှားပါဘူးနော်။မကြာသေးခင်ရက်ပိုင်းကပဲမင်းသားမင်းမော်ကွန်းကထွက်ပြေးတိမ်းရှောင်နေရင်းနဲ့ မွေးဇာတ ဖြစ်တဲ့ ရန်ကုန်ကို လွမ်းနေ ကြောင်းကိုသူ့ရဲ့‌ဖေ့ဘုတ်စာမျက်နှာထက်မှာတင်လာပါသေးတယ်။

မင်းသားမင်းမော်ကွန်း ကတော့လူ ကိုယ်တိုင်လည်း ပါဝင်ဆန္ဒ ထုတ်ဖော်ခဲ့ပြီးလူများနည်းတူ လူမှု့ကွန်ယက် စာမျက်နှာထက်ကနေလည်း ဆက်လက်ပြီး တော်လှန်နေဆဲပဲ ဖြစ်ပါတယ်။ဆက်လက်ပြီး မင်းမော်ကွန်းက Black list ကပ် ထားတဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသိစေရန်ဆိုပြီး သူရဲ့လူမူ့ကွန်ရက်စာမျက်နာမှာအခုလို ရေးတင်ခဲ့ပါတယ်။စစ်အစိုး ရလက်ထက် ပြန်ကြားရေး ဝန်ကြီးဌာန လက် အောက်ခံအဖြစ်ကနေပြီး

NGOစစ်စစ် ဖြစ် အောင် ကြိုးစားထားလို့ အောင်မြင်ပြီး ခါမှမကြာသေးအခုချက်ချင်းကြီးအာဏာရှင် ပြန်ဖြစ်သွားတာတော့ခင်များ တို့မရှက်လဲလုပ်ကြပေါ့ လေနော်။ကျွန်တော်တိုကတော့ရုပ်ရှင်သမားအများစုဆန္ဒနဲ့မညီပဲဘယ်သူဥက္ကဌတင်တင်ဘာစာထုတ်ထုတ်ဘယ်လိုအကြောင်းပြချက်ကိစ္စမျိုးကိုမှလက်မခံနိုင်တာအမှန်ပါဒါကြောင့် နှုတ်ထွက်ခဲ့ခြင်း ဖြစ်ပါတယ်။

Personalတစ်ခုမှ မပါကြောင်း နှင့်အစည်းအရုံးဝင်ဖြစ်ခဲ့ သမျှအချိန် တွေမှာလဲ ကိုယ့်အချိန်တွေ အစည်းအရုံးကိုပေးပြီး။Fundရှာပေးခဲ့ရုံကလွဲလို့ဘာတစ်ခုမှ ပြန်ပြီးအကူအညီတောင်းခြင်း အကာအကွယ်ရယူ ခြင်းကိုဘယ်ဥက္ကဌလက်ထက်မှာမှ မရခဲ့မယူခဲ့မတောင်းဆိုခဲ့ပါ။ နောက်ဆုံးဦးဇင်ဝိုင်းလက်ထက်အထိပါပဲသရုပ်ဆောင် အလုပ်က ကျွန်တော့်အသက်ငါးနှစ် ချမ်းမြေ့ဆိုတဲ့ နာမယ်နဲ့ကလေးသရုပ်ဆောင် ဇတ်ကားပေါင်းများစွာ။ရိုက်ခဲ့တဲ့အချိန်ကစပြီး

မင်းမော်ကွန်းဖြစ်လာတဲ့အထိ ခုအသက် ၄၃ နှစ်ထိတန်ဖိုးထားလုပ်ခဲ့တဲ့ ကျွန်တော့်ပညာရပ်အသက်မွေးဝမ်းကြောင်းပါ။ဒါကြောင့် ၅၀၅ ရုတ်သိမ်းရင်တောင်အာဏာရှင် လက်ထက်မှာတော့ ပိုက်ဆံဘယ်လောက်ပေးပေး သူတို့ခွင့်ပြုမှဆင်ဆာပေးမှလုပ်ရမယ့်အနုပညာအလုပ်အားလုံးကို CDM ပါ။

သူတို့ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကိုတော့ အနုပညာလက်နက်ကို ကိုင်ဆွဲပြီးပိုက်ဆံမပါလဲဆက်လုပ်ပါမယ်။ အဲ့ဒီတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက။အာဏာရှင်လက်အောက်ခံများကိုလည်းအဓိက သိစေချင်ပါတယ်။ ကိုယ့်သဘောနဲ့ကိုနှုတ်ထွက်ပြီးဘယ်တော့မှ ပြန်မဝင်ပါဘူးခုလိုစာကပ်ထားတာကိုလဲ စောက်ဂရုမစိုက်ပါဘူး။

လူမှာဂါရဝတရားရှိသင့်တယ်ဆိုပေမယ့်စောက်သုံးမကျတဲ့အတွေးအခေါ် တွေနဲ့ စောက်ရှက်နဲတဲ့သတ္တိကြောင်တဲ့လူကြီးတွေမျိုးဆက်အို .. စိတ်ပျက်စရာပါ ဆိုပြီး ထိထိမိမိ ရေးတင်ထားတာဘဲဖြစ်ပါတယ်။ အခုလိုဝင်ရောက်ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ်တစ်ယောက် ခြင်းစီတိုင်း ကျန်းမာပျော်ရွှင်သော နေ့ရက်များပိုင်ဆိုင်နိုင်ကြပါ စေလို့ဆုတောင်း ပေးလိုက်ပါတယ်။

Zawgyi










Leave a Reply

Your email address will not be published. Required fields are marked *