ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သုံးဦးကို တရားစွဲဆိုထားသည့် ၅၀၅(ခ)အမှုအတွက် ကြားဖြတ်အမိန့်ချမည်

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သုံးဦးကို တရားစွဲဆိုထားသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)အမှုအတွက် ကြားဖြတ်အမိန့်ချမည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ သုံးဦးအား တစ်ပေါင်းတည်း တရားစွဲဆိုထားသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) အမှုအတွက် ဇွန် ၂၉ ရက် ရုံးချိန်းတွင် ကြားဖြတ်အမိန့်တစ်ခု ချမှတ်သွားမည်ဖြစ်ကြောင်း သူတို့၏ရှေ့နေက ပြောသည်။

“ သူတို့သုံးဦးစလုံးအမှုအတွက် တရားလိုက အရင်တစ်ပတ်မှာ သက်သေခံစာရွက်စာတမ်းတွေ တင်သွင်းတာ ကို ကျွန်မတို့ ကန့်ကွက်ထားတယ်။ ကန့်ကွက်ထားတဲ့ အပေါ်မှာ ဒီနေ့ နှစ်ဘက်လျှောက်လဲချက် ပေးရတာပါ။ ၂၉ ရက်နေ့မှာ သက်သေခံတင်သွင်းမှုကို ရုံးတော်က အမိန့်တစ်ခု အနေနဲ့ချမှာပါ။ အမေစုဘက်ကတော့ သူလိုအပ်တဲ့ ပစ္စည်းလေးတွေ ထပ်မှာတာမျိုးဘဲရှိပါတယ်” ဟု တရားလွှတ်တော်ရှေ့ ဒေါ်မင်းမင်းစိုးက မဇ္ဈိမကို ပြောသည်။

ကြားဖြတ်အမိန့်ဆိုသည်မှာ အမှုနှင့်ပတ်သက်၍ တရားရုံးက ကြားနာစစ်ဆေးမှု ဆုံးဖြတ်ချက် တစ်ခုပြီးတိုင်း ချမှတ်သည့် အမိန့်ကို ဆိုလိုခြင်းဖြစ်သည်။ တရားလိုဘက်က တင်သွင်းထားသည့် သက်သေခံအတွက် လက်ခံမည် လက်မခံမည် ဆိုသည်ကို အမိန့်ချမှတ်ခြင်းမျိုး (သို့မဟုတ်) စွဲဆိုထားသည့် ပုဒ်မသည် ခိုင်လုံသော အကြောင်းပြချက်ရှိခြင်းကိုယုံကြည်သောကြောင့် စွဲဆိုချက်အပေါ် လက်ခံကြောင်း အမိန့်ချမှတ်ခြင်းမျိုး ကို ဆိုလိုခြင်းဖြစ်သည်။

ယနေ့ အင်္ဂါနေ့ ရုံးချိန်းတွင် တရားလိုဘက်က သက်သေခံအထောက်အထားများ တင်သွင်းထားသည့်အပေါ် နှစ်ဘက်ရှေ့နေများ အချေအတင် လျှောက်လဲချက်ပေးခဲ့ကြပြီးနောက် လာမည့် ဇွန်၂၉ရက် ရုံးချိန်းတွင် သက်သေခံအထောက်အထား တင်သွင်းထားမှုအား တရားရုံးက လက်ခံသင့် /လက်မခံသင့် ကို ဆုံးဖြတ်ပေးမည့် အမိန့်(ကြားဖြတ်အမိန့်) ချမှတ်သွားမည်ဖြစ်သည်။ ယနေ့ ရုံးထုတ်စစ်ဆေးမှုတွင် နိုင်ငံခေါင်းဆောင်သုံးဦးစလုံးနှင့် မိနစ်၃၀ တွေ့ဆုံစကားပြောခွင့်ရခဲ့ပြီး စွဲဆိုထားသော အမှုအတွက်တိုင်ပင်ကြကာ အခြားအရာများ သီးခြားပြောဆိုခြင်းမျိုးမရှိကြောင်း ဒေါ်မင်းမင်းစိုးက ဆိုသည်။

ယနေ့ ရာဇသတ်ကြီး ဥပေဒေပုဒ်မ ၅၀၅(ခ)အမှုအတွက် စစ်ဆေးကြားနာအပြီး တရားလို ဦးထွန်းမြင့်အောင်က ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းအား တရားစွဲဆိုထားသော သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အတွက် တရားလိုနှင့် လိုပြသက်သေ ရွှေကြာပင် အုပ်ချုပ်ရေးမှူး ဦးဝေလွင်ဦးကို ဆက်လက်စစ်ဆေးခဲ့သည် ဟုဆိုသည်။

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မဖြင့် နိုင်ငံတော်အတိုင်ပင်ခံကို တရားစွဲဆိုရာတွင် တရားလိုနှစ်ဦးက ယင်းပုဒ်မတစ်ခုစီဖြင့် စွဲဆိုထားခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံခေါင်းဆောင်သုံးဦးကို တရားစွဲဆိုထားသည့်အမှုများနှင့်ပတ်သက်၍ ရုံးချိန်းကို အပတ်စဉ် တနင်္လာနေ့နှင့် အင်္ဂါနေ့များတွင် ပုံမှန်ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်သည်။

Zawgyi

ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ သုံးဦးကို တရားစြဲဆိုထားသည့္ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅၀၅(ခ)အမႈအတြက္ ၾကားျဖတ္အမိန္႔ခ်မည္

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတႀကီး ဦးဝင္းျမင့္ႏွင့္ ေနျပည္ေတာ္ေကာင္စီ ဥကၠ႒ ေဒါက္တာမ်ိဳးေအာင္တို႔ သုံးဦးအား တစ္ေပါင္းတည္း တရားစြဲဆိုထားသည့္ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅(ခ) အမႈအတြက္ ဇြန္ ၂၉ ရက္ ႐ုံးခ်ိန္းတြင္ ၾကားျဖတ္အမိန္႔တစ္ခု ခ်မွတ္သြားမည္ျဖစ္ေၾကာင္း သူတို႔၏ေရွ႕ေနက ေျပာသည္။

“ သူတို႔သုံးဦးစလုံးအမႈအတြက္ တရားလိုက အရင္တစ္ပတ္မွာ သက္ေသခံစာ႐ြက္စာတမ္းေတြ တင္သြင္းတာ ကို ကြၽန္မတို႔ ကန္႔ကြက္ထားတယ္။ ကန္႔ကြက္ထားတဲ့ အေပၚမွာ ဒီေန႔ ႏွစ္ဘက္ေလွ်ာက္လဲခ်က္ ေပးရတာပါ။ ၂၉ ရက္ေန႔မွာ သက္ေသခံတင္သြင္းမႈကို ႐ုံးေတာ္က အမိန္႔တစ္ခု အေနနဲ႔ခ်မွာပါ။ အေမစုဘက္ကေတာ့ သူလိုအပ္တဲ့ ပစၥည္းေလးေတြ ထပ္မွာတာမ်ိဳးဘဲရွိပါတယ္” ဟု တရားလႊတ္ေတာ္ေရွ႕ ေဒၚမင္းမင္းစိုးက မဇၩိမကို ေျပာသည္။

ၾကားျဖတ္အမိန္႔ဆိုသည္မွာ အမႈႏွင့္ပတ္သက္၍ တရား႐ုံးက ၾကားနာစစ္ေဆးမႈ ဆုံးျဖတ္ခ်က္ တစ္ခုၿပီးတိုင္း ခ်မွတ္သည့္ အမိန္႔ကို ဆိုလိုျခင္းျဖစ္သည္။ တရားလိုဘက္က တင္သြင္းထားသည့္ သက္ေသခံအတြက္ လက္ခံမည္ လက္မခံမည္ ဆိုသည္ကို အမိန္႔ခ်မွတ္ျခင္းမ်ိဳး (သို႔မဟုတ္) စြဲဆိုထားသည့္ ပုဒ္မသည္ ခိုင္လုံေသာ အေၾကာင္းျပခ်က္ရွိျခင္းကိုယုံၾကည္ေသာေၾကာင့္ စြဲဆိုခ်က္အေပၚ လက္ခံေၾကာင္း အမိန္႔ခ်မွတ္ျခင္းမ်ိဳး ကို ဆိုလိုျခင္းျဖစ္သည္။

ယေန႔ အဂၤါေန႔ ႐ုံးခ်ိန္းတြင္ တရားလိုဘက္က သက္ေသခံအေထာက္အထားမ်ား တင္သြင္းထားသည့္အေပၚ ႏွစ္ဘက္ေရွ႕ေနမ်ား အေခ်အတင္ ေလွ်ာက္လဲခ်က္ေပးခဲ့ၾကၿပီးေနာက္ လာမည့္ ဇြန္၂၉ရက္ ႐ုံးခ်ိန္းတြင္ သက္ေသခံအေထာက္အထား တင္သြင္းထားမႈအား တရား႐ုံးက လက္ခံသင့္ /လက္မခံသင့္ ကို ဆုံးျဖတ္ေပးမည့္ အမိန္႔(ၾကားျဖတ္အမိန္႔) ခ်မွတ္သြားမည္ျဖစ္သည္။ ယေန႔ ႐ုံးထုတ္စစ္ေဆးမႈတြင္ ႏိုင္ငံေခါင္းေဆာင္သုံးဦးစလုံးႏွင့္ မိနစ္၃၀ ေတြ႕ဆုံစကားေျပာခြင့္ရခဲ့ၿပီး စြဲဆိုထားေသာ အမႈအတြက္တိုင္ပင္ၾကကာ အျခားအရာမ်ား သီးျခားေျပာဆိုျခင္းမ်ိဳးမရွိေၾကာင္း ေဒၚမင္းမင္းစိုးက ဆိုသည္။

ယေန႔ ရာဇသတ္ႀကီး ဥေပေဒပုဒ္မ ၅၀၅(ခ)အမႈအတြက္ စစ္ေဆးၾကားနာအၿပီး တရားလို ဦးထြန္းျမင့္ေအာင္က ေဒၚေအာင္ဆန္းစုၾကည္တစ္ဦးတည္းအား တရားစြဲဆိုထားေသာ သဘာဝေဘးအႏၲရာယ္ စီမံခန္႔ခြဲမႈဆိုင္ရာ ဥပေဒပုဒ္မ ၂၅ အတြက္ တရားလိုႏွင့္ လိုျပသက္ေသ ေ႐ႊၾကာပင္ အုပ္ခ်ဳပ္ေရးမႉး ဦးေဝလြင္ဦးကို ဆက္လက္စစ္ေဆးခဲ့သည္ ဟုဆိုသည္။

သဘာဝေဘးအႏၲရာယ္ စီမံခန္႔ခြဲမႈ ဥပေဒပုဒ္မျဖင့္ ႏိုင္ငံေတာ္အတိုင္ပင္ခံကို တရားစြဲဆိုရာတြင္ တရားလိုႏွစ္ဦးက ယင္းပုဒ္မတစ္ခုစီျဖင့္ စြဲဆိုထားျခင္းျဖစ္သည္။ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ႏိုင္ငံေခါင္းေဆာင္သုံးဦးကို တရားစြဲဆိုထားသည့္အမႈမ်ားႏွင့္ပတ္သက္၍ ႐ုံးခ်ိန္းကို အပတ္စဥ္ တနလၤာေန႔ႏွင့္ အဂၤါေန႔မ်ားတြင္ ပုံမွန္႐ုံးထုတ္စစ္ေဆးသြားမည္ျဖစ္သည္။

Leave a Reply

Your email address will not be published. Required fields are marked *