ယနေ့မှာပဲ ကင်ဆာရောဂါဝေဒနာနဲ့ ဘဝတပါးကိုကူးပြောင်းသွားပြီဖြစ်တဲ့ မိုးဟေကိုရဲ့မိခင်

ယနေ့ဇွန်လ(၂၃)ရက်နေ့မှာပဲ ကင်ဆာရောဂါဝေဒနာနဲ့ ဘဝတပါးကိုကူးပြောင်းသွားပြီဖြစ်တဲ့ မိုးဟေကိုရဲ့မိခင်

ပရိသတ်ကြီးရေ သရုပ်ဆောင် မိုးဟေကို ကတော့ မိဘနှစ်ပါးရဲ့ မွေးကျေးဇူးကို အတတ်နိုင်ဆုံး လုပ်ကျွေးနေသူ ပါနော်။ ကင်ဆာရောဂါ ခံစားနေရတဲ့ မိခင်ကိုလည်း ပြုစုဖို့ အတွက် အနုပညာအလုပ်တွေ ကိုတောင် တဖြည်းဖြည့်လျော့ချ ထားနေတာပါနော်။ ဖေဖော်ဝါရီလလောက် ကတည်းက အမေ့ကို ဆေးရုံတင် ထားရတာကြောင့် နွေဦးတော်လှန်ရေးမှာ မပါဝင်ခဲ့ရသူပါနော်။

လပေါင်းများစွာ မိခင်ရဲ့ဘေးမှာ လိုလေသေးမရှိ လုပ်ကိုင်ပေးခဲ့ပေမယ့် ဒီနေ့ နေ့လည်မှာတော့ ကွယ်လွန်သွား ခဲ့ပါပြီနော်။ မိုးဟေကိုရဲ့ လက်ဦးဆရာ ဖြစ်တဲ့ ဂျွန်လွင်ကလည်း ” သိမ်ချစ်ရတဲ့သမီး မိုးဟေကိုရဲ့အမေအခုပဲကြွေလွင့် သွားပါပြီစိတ်ထိခိုက်ရပါတယ် အန်တီကောင်းရာ သုဂတိလားပါစေ” လို့ ရေးထားပါတယ်နော်။

မိုးဟေကိုဟာ ဒီကာလတွေမှာ သူ့ရဲ့ ခင်ပွန်းနဲ့ ကွာရှင်းဖို့ ကိစ္စတွေနဲ့ စိတ်ညစ်နေရသူပါနော်။ အခု မိခင်ပါကွယ်လွန်သွားတဲ့အတွက် တစ်ပူပေါ် နှစ်ပူဆင့် ခံစားနေရပါပြီနော်။

Zawgyi





Leave a Reply

Your email address will not be published. Required fields are marked *