“ရုရှားရဲ့ စစ်ရေးအကူအညီအပေါ် ကျေးဇူးတင်ကြောင်း မြန်မာစစ်ခေါင်းဆောင်ပြော “

“ရုရှားရဲ့ စစ်ရေးအကူအညီအပေါ် ကျေးဇူးတင်ကြောင်း မြန်မာစစ်ခေါင်းဆောင်ပြော “

မြန်မာ့တပ်မတော်ကို အားဖြည့်ကူညီပေးတဲ့အတွက် ရုရှားနိုင်ငံကို ကျေးဇူးဥပကာရ တင်ရှိပါကြောင်း မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုလိုက်ပါတယ်။

ရုရှားနိုင်ငံကို ရောက်ရှိနေစဉ်အတွင်း ပြောဆိုခဲ့တာပါ။ ရုရှား ဟာ မြန်မာစစ်တပ်ကို လက်နက် ဖြည့်ဆည်းပေးနေတဲ့ အဓိက နိုင်ငံဖြစ်သလို၊ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကနေ အကာအကွယ်ပေးနေတာလည်း ဖြစ်ပါတယ်။

ဒေသတွင်းမှာ မြန်မာ့တပ်မတော်ဟာ အင်အားကောင်းတဲ့ အဖွဲ့အစည်းတစ်ရပ် ဖြစ်လာတဲ့အပေါ် ရုရှားနိုင်ငံကို ကျေးဇူးတင်ရှိကြောင်း၊ ရုရှားနဲ့ မြန်မာကြား ချစ်ကြည်ရေးဟာ ခိုင်မာသည်ထက် ခိုင်မာလာနေကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုခဲ့ပါတယ်။

ရုရှား ကာကွယ်ရေးဝန်ကြီး Sergei Shoigu ကလည်း မြန်မာဟာ ရုရှားအတွက် မဟာဗျူဟာမြောက် မိတ်ဆွေ လက်တွဲဖော်နိုင်ငံဖြစ်တယ်ဆိုတာ အချိန်ကာလက သက်သေပြခဲ့ပြီးဖြစ်ကြောင်း၊ နှစ်နိုင်ငံကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ကြရေးဟာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ မော်စကိုမှာ သုံးရက်ကြာ ကျင်းပတဲ့ နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံကို တက်ဖို့ သွားရောက်ခဲ့တာဖြစ်ပါတယ်။

တနင်္လာနေ့က ရုရှား လုံခြုံရေးကောင်စီ အကြီးအကဲနဲ့ တွေ့ဆုံခဲ့ပါတယ်။

Zawgyi

“႐ုရွားရဲ႕ စစ္ေရးအကူအညီအေပၚ ေက်းဇူးတင္ေၾကာင္း ျမန္မာစစ္ေခါင္းေဆာင္ေျပာ “

ျမန္မာ့တပ္မေတာ္ကို အားျဖည့္ကူညီေပးတဲ့အတြက္ ႐ုရွားႏိုင္ငံကို ေက်းဇူးဥပကာရ တင္ရွိပါေၾကာင္း ျမန္မာစစ္တပ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က ေျပာဆိုလိုက္ပါတယ္။

႐ုရွားႏိုင္ငံကို ေရာက္ရွိေနစဥ္အတြင္း ေျပာဆိုခဲ့တာပါ။ ႐ုရွား ဟာ ျမန္မာစစ္တပ္ကို လက္နက္ ျဖည့္ဆည္းေပးေနတဲ့ အဓိက ႏိုင္ငံျဖစ္သလို၊ အေနာက္ႏိုင္ငံေတြရဲ႕ ပိတ္ဆို႔အေရးယူမႈေတြကေန အကာအကြယ္ေပးေနတာလည္း ျဖစ္ပါတယ္။

ေဒသတြင္းမွာ ျမန္မာ့တပ္မေတာ္ဟာ အင္အားေကာင္းတဲ့ အဖြဲ႕အစည္းတစ္ရပ္ ျဖစ္လာတဲ့အေပၚ ႐ုရွားႏိုင္ငံကို ေက်းဇူးတင္ရွိေၾကာင္း၊ ႐ုရွားနဲ႔ ျမန္မာၾကား ခ်စ္ၾကည္ေရးဟာ ခိုင္မာသည္ထက္ ခိုင္မာလာေနေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က ေျပာဆိုခဲ့ပါတယ္။

႐ုရွား ကာကြယ္ေရးဝန္ႀကီး Sergei Shoigu ကလည္း ျမန္မာဟာ ႐ုရွားအတြက္ မဟာဗ်ဴဟာေျမာက္ မိတ္ေဆြ လက္တြဲေဖာ္ႏိုင္ငံျဖစ္တယ္ဆိုတာ အခ်ိန္ကာလက သက္ေသျပခဲ့ၿပီးျဖစ္ေၾကာင္း၊ ႏွစ္ႏိုင္ငံၾကား စစ္ေရးအရ ပူးေပါင္းေဆာင္႐ြက္ၾကေရးဟာ အေရးပါတဲ့ အစိတ္အပိုင္းတစ္ရပ္ ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဟာ ေမာ္စကိုမွာ သုံးရက္ၾကာ က်င္းပတဲ့ ႏိုင္ငံတကာလုံၿခဳံေရးဆိုင္ရာ ညီလာခံကို တက္ဖို႔ သြားေရာက္ခဲ့တာျဖစ္ပါတယ္။

တနလၤာေန႔က ႐ုရွား လုံၿခဳံေရးေကာင္စီ အႀကီးအကဲနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *