“ကိုငှက်ရေ…..ခင်ဗျားအဖြစ်အပျက်နဲ့ နှစ်ပေါင်း(၃၀) အကွာ ဒီလူငယ်လေးကတော့ ခင်ဗျားလောက် ကံမကောင်းရှာဘူး”

“ကိုငှက်ရေ…..ခင်ဗျားအဖြစ်အပျက်နဲ့ နှစ်ပေါင်း(၃၀) အကွာ၊ 2021.မိုးရေချိန်သိပ်ထူတဲ့လကြီးမှာ..ဒီလူငယ်လေးကတော့ ခင်ဗျားလောက် ကံမကောင်းရှာဘူး”

တချိန်က 1988 မာနယ်ပလော လွတ်မြောက်နယ်မြေ တဲစုတ်လေးတစ်ခုမှာ ပိန်သွယ်သွယ် ယိုင်လုလု ကိုယ်ခန္ဓာနဲ့မမျှအောင် ငှက်ဖျားဒဏ်ကို အလူးအလဲခံရင်း အိမ်ကိုအမေ့ကိုလွမ်းတဲ့စိတ်နဲ့မျက်ရည်ကြိတ်ကျခဲ့ဖူးရှာတဲ့အနုပညာ လူကြမ်းကြီးတစ်ယောက်ရှိခဲ့ဖူးတယ်။

လူနံမည် “ကိုငှက်”သာဆိုတယ် တောကြီးငှက်နဲ့တွေ့တော့သူမနေသာဘူး။အလူးအလဲခံရရှာတယ်။တသက်လုံးစာ အဲ့ဒီငှက်ဖျားဒဏ်ကြောင့်နှားထင်ကြီးညိုကွက်လို့နေသွားရရှာတာ။

ငှက်ဖျားကနာလံလဲထူတော့ သူ့ခဗျာ ကျောင်းသားတပ်ဥကဌကိုထွန်းအောင်ကျော်ကို ကုန်းကန်တော့ရင်း “ဥကဌ ကျွန်တော်အိမ်ကိုပြန်တော့မယ်။အမေ့ကိုလွမ်းတယ်”တဲ့။

ဟိုကလည်း..ပြန်ပေါ့..ဒါပေမဲ့ကျောင်းသားတပ်ကို အလေးမြတ်ထားတဲ့အနေနဲ့ အာဏာရှင်ရဲ့ဝါဒဖြန့်မူအတွက် မင့်အနုပညာကိုဘယ်တော့မှအသုံးမချဘူးလို့ကတိပေးပါ။လို့မှာလိုက်တယ်…။

ကိုငှက်တစ်ယောက် သေသည်ထိ ဝါဒဖြန့်သီချင်းတစ်ပုဒ် မရေးသွားဘူး၊မဆိုသွားဘူး။ဘယ်လိုဝါဒဖြန့်ရာမှာမှသူ့အနုပညာနို့ရည်တစက်ချမသွားဘူး။

သေသည်ထိ သစ္စာ စောင့်သိသွားခဲ့တယ်။အခု..အသက်လေးဆယ်ငါးဆယ်တန်းတွေ..ခဗျားတို့သိပ်ကံကောင်းတယ်။ကိုငှက်ရဲ့အနုပညာရေစင်ကို နောက်ထပ် ဆယ့်ခြောက်နှစ်စာလောက်ကောင်းကောင်းကြီး တဝကြီး ဆက်ခံစားခွသ့်ရခဲ့ကြတယ်။

ကျုပ်တို့အသက်အရွယ် လူငယ် မျိုးဆက်တွေအလှည့်ကျ ကံမကောင်းဘူးဗျ။နောက်ထပ် ထပ်ကြားခွင့်မရှိတော့တဲ့ အပြင်းပြဆုံးအာသီသတွေကို ရင်ဘတ်နဲ့သွေးထားတဲ့ ခပ်ရှရှတေးသံတွေ ပြန်ကြားခွင့်မရှိတော့လို့ ကံမကောင်းကြီးမကောင်းတာ။

ကိုငှက်ရေ…..အဲ့ဒီအဖြစ်အပျက်နဲ့ နှစ်ပေါင်းသုံးဆယ်အကွာ 2021.မိုးရေချိန်သိပ်ထူတဲ့လကြီးမှာ တောကြီးမျက်မဲထဲ…ပိန်သွယ်သွယ် ပါရမီရှင်

လေးတစ်ယောက်ဟာ ယုံကြည်ရာအတွက်…သူချစ်တဲ့နိုင်ငံအတွက်…လူးလိမ့်နေအောင်ငှက်ဖျားbဒဏ်တွေလူးလိမ့်ခံရင်း..ခင်ဗျားလိုပဲ..ညတချို့ကိုဖြတ်ကျော်ခဲ့ရတယ်။

ဒါပမေဲ့ခဗွားလောကတြော့သူကံမကောငြးခဲ့ရှာဘူး။သူ့အမနေဲ့လဲသူပှနမြတှေ့သှားလိုကရြဘူး။သူခစွတြဲ့ပရိတသြတတြှကေိုလဲလကပြှခှငြ့မရခဲ့ရှာဘူး။သူလိုခငွတြဲ့ ဖိနှိပသြူအာဏာရှငကြငြးစငနြိုငြံတောသြဈကှီးကိုလညြး မခံစားသှားရပှနဘြူး။

သူ့လောက်မအောင်မြင်တဲ့လူတွေ နှုတ်ဆိတ်ရေငုံပြီး နှမ်းစေ့လောက်အောင်မြင်မူ နေရာပျောက်မဲ့အရေးနဲ့ မတရားတာကိုတွန်းလှန်ရဲတဲ့ သတ်တိမလှဲနိုင်ဖြစ်နေရတဲ့ကြားထဲ…တကယ့်လူဗျာ…

သူ့ ကိုယ်ခန္ဓာလေးမှသူအားမနာ တိုင်းပြည်အနာဂတ်အတွက်ဆိုပြီး ရွှေပုံပေါ်ကခုန်ဆင်းခဲ့သတဲ့။မိုက်ချက်ဗျာ……..

ကိုငှက်ရေ…ခဗျားတို့ ကောင်းကင်ဘုံမှာဆုံကြတဲ့အခါ…အဲ့ကောင်လေးပုခုံးကိုဖက်ရင်း..အကောင်းဆုံးစကားလုံးတွေနဲ့.. နှစ်သိမ့်အားပေးရင်း..ကျုပ်တို့တနိုင်ငံလုံးကို…စိတ်ဖြောင့်ဖြောင့်နဲ့သာချန်ခဲ့လို့…..တစ်ချက်လောက်မှာပေးလိုက်စမ်းပါဗျာ။

အလွမ်းပြေ သီချင်းလေး(၁)

အလွမ်းပြေ သီချင်းလေး (၂)

ပြီးတော့ ခဗျားတို့နှစ်ယောက် သူသိပ်ကြိုက်တဲ့

Kurt Kobain ဆီစကားတပြောပြောနဲ့အလည်သွားကြပေါ့။

Zawgyi

“ကိုငွက္ေရ…..ခင္ဗ်ားအျဖစ္အပ်က္နဲ႔ ႏွစ္ေပါင္း(၃၀) အကြာ၊ 2021.မိုးေရခ်ိန္သိပ္ထူတဲ့လႀကီးမွာ..ဒီလူငယ္ေလးကေတာ့ ခင္ဗ်ားေလာက္ ကံမေကာင္းရွာဘူး”

တခ်ိန္က 1988 မာနယ္ပေလာ လြတ္ေျမာက္နယ္ေျမ တဲစုတ္ေလးတစ္ခုမွာ ပိန္သြယ္သြယ္ ယိုင္လုလု ကိုယ္ခႏၶာနဲ႔မမွ်ေအာင္ ငွက္ဖ်ားဒဏ္ကို အလူးအလဲခံရင္း အိမ္ကိုအေမ့ကိုလြမ္းတဲ့စိတ္နဲ႔မ်က္ရည္ႀကိတ္က်ခဲ့ဖူးရွာတဲ့အႏုပညာ လူၾကမ္းႀကီးတစ္ေယာက္ရွိခဲ့ဖူးတယ္။

လူနံမည္ “ကိုငွက္”သာဆိုတယ္ ေတာႀကီးငွက္နဲ႔ေတြ႕ေတာ့သူမေနသာဘူး။အလူးအလဲခံရရွာတယ္။တသက္လုံးစာ အဲ့ဒီငွက္ဖ်ားဒဏ္ေၾကာင့္ႏွားထင္ႀကီးညိဳကြက္လို႔ေနသြားရရွာတာ။

ငွက္ဖ်ားကနာလံလဲထူေတာ့ သူ႔ခဗ်ာ ေက်ာင္းသားတပ္ဥကဌကိုထြန္းေအာင္ေက်ာ္ကို ကုန္းကန္ေတာ့ရင္း “ဥကဌ ကြၽန္ေတာ္အိမ္ကိုျပန္ေတာ့မယ္။အေမ့ကိုလြမ္းတယ္”တဲ့။

ဟိုကလည္း..ျပန္ေပါ့..ဒါေပမဲ့ေက်ာင္းသားတပ္ကို အေလးျမတ္ထားတဲ့အေနနဲ႔ အာဏာရွင္ရဲ႕ဝါဒျဖန႔္မူအတြက္ မင့္အႏုပညာကိုဘယ္ေတာ့မွအသုံးမခ်ဘူးလို႔ကတိေပးပါ။လို႔မွာလိုက္တယ္…။

ကိုငွက္တစ္ေယာက္ ေသသည္ထိ ဝါဒျဖန႔္သီခ်င္းတစ္ပုဒ္ မေရးသြားဘူး၊မဆိုသြားဘူး။ဘယ္လိုဝါဒျဖန႔္ရာမွာမွသူ႔အႏုပညာႏို႔ရည္တစက္ခ်မသြားဘူး။

ေသသည္ထိ သစၥာ ေစာင့္သိသြားခဲ့တယ္။အခု..အသက္ေလးဆယ္ငါးဆယ္တန္းေတြ..ခဗ်ားတို႔သိပ္ကံေကာင္းတယ္။ကိုငွက္ရဲ႕အႏုပညာေရစင္ကို ေနာက္ထပ္ ဆယ့္ေျခာက္ႏွစ္စာေလာက္ေကာင္းေကာင္းႀကီး တဝႀကီး ဆက္ခံစားခြသ့္ရခဲ့ၾကတယ္။

က်ဳပ္တို႔အသက္အ႐ြယ္ လူငယ္ မ်ိဳးဆက္ေတြအလွည့္က် ကံမေကာင္းဘူးဗ်။ေနာက္ထပ္ ထပ္ၾကားခြင့္မရွိေတာ့တဲ့ အျပင္းျပဆုံးအာသီသေတြကို ရင္ဘတ္နဲ႔ေသြးထားတဲ့ ခပ္ရွရွေတးသံေတြ ျပန္ၾကားခြင့္မရွိေတာ့လို႔ ကံမေကာင္းႀကီးမေကာင္းတာ။

ကိုငွက္ေရ…..အဲ့ဒီအျဖစ္အပ်က္နဲ႔ ႏွစ္ေပါင္းသုံးဆယ္အကြာ 2021.မိုးေရခ်ိန္သိပ္ထူတဲ့လႀကီးမွာ ေတာႀကီးမ်က္မဲထဲ…ပိန္သြယ္သြယ္ ပါရမီရွင္

ေလးတစ္ေယာက္ဟာ ယုံၾကည္ရာအတြက္…သူခ်စ္တဲ့ႏိုင္ငံအတြက္…လူးလိမ့္ေနေအာင္ငွက္ဖ်ားbဒဏ္ေတြလူးလိမ့္ခံရင္း..ခင္ဗ်ားလိုပဲ..ညတခ်ိဳ႕ကိုျဖတ္ေက်ာ္ခဲ့ရတယ္။

ဒါပေမဲ့ခဗြားေလာကေၾတာ့သူကံမေကာျငးခဲ့ရွာဘူး။သူ႔အမေနဲ႔လဲသူပွနျမေတွ႔သွားလိုကျရဘူး။သူခစြႀတဲ့ပရိတၾသတၾတႇေကိုလဲလကျပႇခွျင့မရခဲ့ရွာဘူး။သူလိုခငြႀတဲ့ ဖိႏွိပၾသဴအာဏာရွငၾကျငးစငျႏိုၿငံေတာၾသဈကွီးကိုလျညး မခံစားသွားရပွနၾဘဴး။

သူ႔ေလာက္မေအာင္ျမင္တဲ့လူေတြ ႏႈတ္ဆိတ္ေရငုံၿပီး ႏွမ္းေစ့ေလာက္ေအာင္ျမင္မူ ေနရာေပ်ာက္မဲ့အေရးနဲ႔ မတရားတာကိုတြန္းလွန္ရဲတဲ့ သတ္တိမလွဲႏိုင္ျဖစ္ေနရတဲ့ၾကားထဲ…တကယ့္လူဗ်ာ…

သူ႔ ကိုယ္ခႏၶာေလးမွသူအားမနာ တိုင္းျပည္အနာဂတ္အတြက္ဆိုၿပီး ေ႐ႊပုံေပၚကခုန္ဆင္းခဲ့သတဲ့။မိုက္ခ်က္ဗ်ာ……..

ကိုငွက္ေရ…ခဗ်ားတို႔ ေကာင္းကင္ဘုံမွာဆုံၾကတဲ့အခါ…အဲ့ေကာင္ေလးပုခုံးကိုဖက္ရင္း..အေကာင္းဆုံးစကားလုံးေတြနဲ႔.. ႏွစ္သိမ့္အားေပးရင္း..က်ဳပ္တို႔တႏိုင္ငံလုံးကို…စိတ္ေျဖာင့္ေျဖာင့္နဲ႔သာခ်န္ခဲ့လို႔…..တစ္ခ်က္ေလာက္မွာေပးလိုက္စမ္းပါဗ်ာ။

အလြမ္းေျပ သီခ်င္းေလး(၁)

အလြမ္းေျပ သီခ်င္းေလး (၂)

ၿပီးေတာ့ ခဗ်ားတို႔ႏွစ္ေယာက္ သူသိပ္ႀကိဳက္တဲ့

Kurt Kobain ဆီစကားတေျပာေျပာနဲ႔အလည္သြားၾကေပါ့။

Leave a Reply

Your email address will not be published. Required fields are marked *