ပြည်သူများ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရန် NUG သတိပေးချက်ထုတ်ပြန်

ပြည်သူများ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရန် NUG သတိပေးချက်ထုတ်ပြန်

လတ်တလော မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ အခြေ အနေတွေကြောင့် ပြည်သူတွေ အနေနဲ့ ဘေးအန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်နိုင်ဖို့ အမျိုးသားညီ ညွ တ်ရေးအစိုးရ (NUG)က သတိပေးချက် ထုတ်ပြန်ထားပါတယ်။အဆိုပါ ထုတ်ပြန်ချက်ထဲမှာတော့…

အရေးပေါ်အိတ်ကို ကြိုတင်ပြင်ဆင်ထားသင့်ကြောင်းနဲ့ အိတ်ထဲမှာ သောက်သုံးရေ၊ အတွင်းခံအပါအဝင် ပေါ့ ပါးလွတ်လပ်တဲ့ အဝတ်အစားတချို့၊ အမျိုးသမီးဖြစ်ပါက လစဉ်သုံးပစ္စည်း၊ အရေးပေါ် ဆေးဝါး၊ လက်သန့်ဆေး၊ နှာခေါင်းစည်း၊ ဖယောင်းတိုင်၊ မီးခြစ်၊…

မုန့်ခြောက်၊ ခေါက်ဆွဲခြောက်၊ တစ်ရှူးအစို၊ အခြောက်၊ ဓာတ်မီး၊ ဓာတ်ခဲ၊ ထီး၊ မိုးကာ၊ စာကြည့်မီး၊ ဖုန်း၊ အားသွင်းကြိုး၊ Power Bank၊ ဓား၊ ကပ်ကြေး၊ ရေဒီယို၊ ခရာ၊ မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်၊ အိမ်ထောင်စုစာရင်း၊ စာချုပ်စာတမ်းနဲ့ လုပ်ငန်းလိုင်စင်လို…

အရေးကြီး စာရွက်စာတမ်းတွေ၊ ငွေကြေး၊ ဘဏ် စာ အုပ်နဲ့ တန်ဖိုးကြီး ပစ္စည်းတွေကို ကြိုတင်ပြင်ဆင်ထည့်ထားသင့်ကြောင်း ဖော်ပြထားပါတယ်။ဒါ့အပြင် နေအိ မ်ကို စွန့်ခွာရတော့မယ်ဆိုရင်လည်း မိသားစုတွေ ပြန် လည်ဆုံ ဆည်းနိုင်မယ့် အနည်းဆုံးစုရပ် ၂ ခု…

သတ်မှတ်ထားဖို့၊ အရေးပေါ် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ ရေးမှတ်ထားဖို့၊ မိသားစုဝင်တွေရဲ့ အမည်၊ ဖုန်းနံပါတ်၊ သွေးအုပ်စုစတာတွေကို လက်မောင်းမှာ ရေးမှတ်ထားဖို့၊ တံခါးတွေ လုံခြုံအောင်ပိတ်၊ လျှပ်စစ်မိန်းခလုတ်တွေ ချထားခဲ့ဖို့နဲ့ မီးကြိုးပလပ်တွေ..

မမေ့မလျော့ ဖြုတ်ထားခဲ့ဖို့၊ ပေါ့ပါးလွတ်လပ်တဲ့ အဝ တ်အစားတွေ ရွေးချယ်ဝတ်ဆင်ဖို့နဲ့ တကိုယ်တော် ယူ ဆောင်ရမယ့် အရေးပေါ်အိတ်ကို ယူ ဆောင်သွားဖို့ စတာတွေ ပါဝင်ပါတယ်။တတိယတချက်အနေနဲ့တော့ နိုးကြားသတိရှိဖို့ တိုက်တွန်းထားပြီး…

ဘေးအန္တရာယ်တွေနဲ့ ပတ်သက်တဲ့သတင်းကို မပြတ်နားစွင့်ထားဖို့၊ နေအိမ်ကို စွန့်ခွာရမယ့် အနေအထားရှိမရှိကို သက်ဆိုင်ရာအရေးပေါ် တုံ့ပြန်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်သတင်းရယူဖို့၊ အရေးပေါ် အခြေအနေတွေမှာ သတင်းအချက်အလက် ရယူနိုင်မယ့်..

နည်းလမ်းတွေ၊ အချင်း ချင်းဆက်သွယ်နိုင်မယ့် နည်းလမ်းတွေကို ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ဆိုပါ တယ်။ဒါ့အပြင် နောက်ဆုံးတချက်အနေနဲ့ စား နပ်ရိက္ခာ အနည်းဆုံး ၂ ပတ်စာ ကြိုတင် ပြင်ဆင်ထားဖို့၊ ဆန်၊ဆီ၊ ဆား၊ ကြက်သွန်၊ အခြောက်အခြမ်း၊..

စည်သွပ်ဘူး၊ ခေါက်ဆွဲခြောက်၊ မုန့်ခြောက်၊ အရေးပေါ်ဆေးဝါး၊ သောက်သုံးရေ၊ ဓာတ်ဆားနဲ့ ရေသန့်ဆေး၊ ထိခိုက်လွယ်အုပ်စုတွေဖြစ်တဲ့ ကလေးသူငယ်၊ ကိုယ် ဝန်ဆောင်၊ မသန်စွမ်း၊ သက်ကြီးရွယ်အိုတွေအတွက် ဖြည့်စွက်စာနဲ့ ဆေးဝါးတွေ စသဖြင့် ပြင်ဆင်ထားဖို့လည်း နှိုးဆော်ထားတာ ဖြစ်ပါတယ်။..

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က စတင်ခဲ့တဲ့ မတရားစစ်အာဏာသိမ်း ကာလဟာ ၄ လခွဲကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဆန့်ကျင်တော်လှန်နေကြတဲ့ ပြည်သူတွေနဲ့ အကြမ်းဖက်စစ်အုပ်စုလက်နက်ကိုင်တွေကြား ပဋိပက္ခတွေနဲ့အတူ မတည်ငြိမ်မှု တွေ ဖြစ်ပေါ်နေတာပါ။…

မြို့ပေါ်နဲ့ ကျေးလက်ဒေသတွေအနှံ့ မတရားစစ်အာ ဏာသိမ်းမှုကို လက်မခံကြတဲ့ ပြည်သူတွေဟာ ဆက် လက်တိုက်ပွဲဝင်နေခဲ့ကြတာဖြစ်ပြီး မနေ့က ဇွန် ၂၂ ရက်နေ့မှာတော့ မန္တလေးမြို့မှာ စစ်ကောင်စီလက် နက်ကိုင်တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေကြား မြို့ပြတိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။…

Zawgyi

ျပည္သူမ်ား ေဘးအႏၲရာယ္ႀကိဳတင္ျပင္ဆင္ရန္ NUG သတိေပးခ်က္ထုတ္ျပန္

လတ္တေလာ ျမန္မာႏိုင္ငံအႏွံ႔ ျဖစ္ပြားေနတဲ့ အေျခ အေနေတြေၾကာင့္ ျပည္သူေတြ အေနနဲ႔ ေဘးအႏၲရာယ္ေတြအတြက္ ႀကိဳတင္ျပင္ဆင္ႏိုင္ဖို႔ အမ်ိဳးသားညီ ၫြ တ္ေရးအစိုးရ (NUG)က သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။အဆိုပါ ထုတ္ျပန္ခ်က္ထဲမွာေတာ့…

အေရးေပၚအိတ္ကို ႀကိဳတင္ျပင္ဆင္ထားသင့္ေၾကာင္းနဲ႔ အိတ္ထဲမွာ ေသာက္သုံးေရ၊ အတြင္းခံအပါအဝင္ ေပါ့ ပါးလြတ္လပ္တဲ့ အဝတ္အစားတခ်ိဳ႕၊ အမ်ိဳးသမီးျဖစ္ပါက လစဥ္သုံးပစၥည္း၊ အေရးေပၚ ေဆးဝါး၊ လက္သန႔္ေဆး၊ ႏွာေခါင္းစည္း၊ ဖေယာင္းတိုင္၊ မီးျခစ္၊…

မုန႔္ေျခာက္၊ ေခါက္ဆြဲေျခာက္၊ တစ္ရႉးအစို၊ အေျခာက္၊ ဓာတ္မီး၊ ဓာတ္ခဲ၊ ထီး၊ မိုးကာ၊ စာၾကည့္မီး၊ ဖုန္း၊ အားသြင္းႀကိဳး၊ Power Bank၊ ဓား၊ ကပ္ေၾကး၊ ေရဒီယို၊ ခရာ၊ မွတ္ပုံတင္၊ ယာဥ္ေမာင္းလိုင္စင္၊ အိမ္ေထာင္စုစာရင္း၊ စာခ်ဳပ္စာတမ္းနဲ႔ လုပ္ငန္းလိုင္စင္လို…

အေရးႀကီး စာ႐ြက္စာတမ္းေတြ၊ ေငြေၾကး၊ ဘဏ္ စာ အုပ္နဲ႔ တန္ဖိုးႀကီး ပစၥည္းေတြကို ႀကိဳတင္ျပင္ဆင္ထည့္ထားသင့္ေၾကာင္း ေဖာ္ျပထားပါတယ္။ဒါ့အျပင္ ေနအိ မ္ကို စြန႔္ခြာရေတာ့မယ္ဆိုရင္လည္း မိသားစုေတြ ျပန္ လည္ဆုံ ဆည္းႏိုင္မယ့္ အနည္းဆုံးစုရပ္ ၂ ခု…

သတ္မွတ္ထားဖို႔၊ အေရးေပၚ ဆက္သြယ္ရမယ့္ ဖုန္းနံပါတ္ေတြ ေရးမွတ္ထားဖို႔၊ မိသားစုဝင္ေတြရဲ႕ အမည္၊ ဖုန္းနံပါတ္၊ ေသြးအုပ္စုစတာေတြကို လက္ေမာင္းမွာ ေရးမွတ္ထားဖို႔၊ တံခါးေတြ လုံၿခဳံေအာင္ပိတ္၊ လွ်ပ္စစ္မိန္းခလုတ္ေတြ ခ်ထားခဲ့ဖို႔နဲ႔ မီးႀကိဳးပလပ္ေတြ..

မေမ့မေလ်ာ့ ျဖဳတ္ထားခဲ့ဖို႔၊ ေပါ့ပါးလြတ္လပ္တဲ့ အဝ တ္အစားေတြ ေ႐ြးခ်ယ္ဝတ္ဆင္ဖို႔နဲ႔ တကိုယ္ေတာ္ ယူ ေဆာင္ရမယ့္ အေရးေပၚအိတ္ကို ယူ ေဆာင္သြားဖို႔ စတာေတြ ပါဝင္ပါတယ္။တတိယတခ်က္အေနနဲ႔ေတာ့ ႏိုးၾကားသတိရွိဖို႔ တိုက္တြန္းထားၿပီး…

ေဘးအႏၲရာယ္ေတြနဲ႔ ပတ္သက္တဲ့သတင္းကို မျပတ္နားစြင့္ထားဖို႔၊ ေနအိမ္ကို စြန႔္ခြာရမယ့္ အေနအထားရွိမရွိကို သက္ဆိုင္ရာအေရးေပၚ တုံ႔ျပန္ေရးအဖြဲ႕ေတြနဲ႔ ခ်ိတ္ဆက္သတင္းရယူဖို႔၊ အေရးေပၚ အေျခအေနေတြမွာ သတင္းအခ်က္အလက္ ရယူႏိုင္မယ့္..

နည္းလမ္းေတြ၊ အခ်င္း ခ်င္းဆက္သြယ္ႏိုင္မယ့္ နည္းလမ္းေတြကို ႀကိဳတင္ျပင္ဆင္ထားဖို႔ လိုအပ္တယ္လို႔ ဆိုပါ တယ္။ဒါ့အျပင္ ေနာက္ဆုံးတခ်က္အေနနဲ႔ စား နပ္ရိကၡာ အနည္းဆုံး ၂ ပတ္စာ ႀကိဳတင္ ျပင္ဆင္ထားဖို႔၊ ဆန္၊ဆီ၊ ဆား၊ ၾကက္သြန္၊ အေျခာက္အျခမ္း၊..

စည္သြပ္ဘူး၊ ေခါက္ဆြဲေျခာက္၊ မုန႔္ေျခာက္၊ အေရးေပၚေဆးဝါး၊ ေသာက္သုံးေရ၊ ဓာတ္ဆားနဲ႔ ေရသန႔္ေဆး၊ ထိခိုက္လြယ္အုပ္စုေတြျဖစ္တဲ့ ကေလးသူငယ္၊ ကိုယ္ ဝန္ေဆာင္၊ မသန္စြမ္း၊ သက္ႀကီး႐ြယ္အိုေတြအတြက္ ျဖည့္စြက္စာနဲ႔ ေဆးဝါးေတြ စသျဖင့္ ျပင္ဆင္ထားဖို႔လည္း ႏႈိးေဆာ္ထားတာ ျဖစ္ပါတယ္။..

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၁ ရက္က စတင္ခဲ့တဲ့ မတရားစစ္အာဏာသိမ္း ကာလဟာ ၄ လခြဲေက်ာ္ ၾကာျမင့္လာခဲ့ၿပီျဖစ္ကာ ဆန႔္က်င္ေတာ္လွန္ေနၾကတဲ့ ျပည္သူေတြနဲ႔ အၾကမ္းဖက္စစ္အုပ္စုလက္နက္ကိုင္ေတြၾကား ပဋိပကၡေတြနဲ႔အတူ မတည္ၿငိမ္မႈ ေတြ ျဖစ္ေပၚေနတာပါ။…

ၿမိဳ႕ေပၚနဲ႔ ေက်းလက္ေဒသေတြအႏွံ႔ မတရားစစ္အာ ဏာသိမ္းမႈကို လက္မခံၾကတဲ့ ျပည္သူေတြဟာ ဆက္ လက္တိုက္ပြဲဝင္ေနခဲ့ၾကတာျဖစ္ၿပီး မေန႔က ဇြန္ ၂၂ ရက္ေန႔မွာေတာ့ မႏၲေလးၿမိဳ႕မွာ စစ္ေကာင္စီလက္ နက္ကိုင္တပ္ေတြနဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ (PDF)ေတြၾကား ၿမိဳ႕ျပတိုက္ပြဲေတြ ျဖစ္ပြားေနတာ ျဖစ္ပါတယ္။…

Leave a Reply

Your email address will not be published. Required fields are marked *