သွေးခွဲတိုင်းကွဲရအောင်ပြည်သူတွေမှာ မျက်စိတွေ နားတွေ ဦးနှောက်တွေပါတယ်လို့ ပြတ်ပြတ်သားသားပြောလိုက်တဲ့နေတိုး
အားလုံးတစ်စိတ်တည်းသွေးခွဲတိုင်းကွဲရအောင်ပြည်သူတွေမှာမျက်စိတွေနားတွေဦးနှောက်တွေပါတယ်လို့ ပြတ်ပြတ်သားသားပြောလိုက်တဲ့နေတိုး
လူထုလှုပ်ရှားမှုမှာပါဝင်ကြရင်းအသက်ပေးလိုက်ရတဲ့သူရဲကောင်းတွေလည်းရှိနေခဲ့ကာယနေ့မှာလည်းလူထုလှုပ်ရှားမှုပြုလုပ်ကြရင်းကြွေလွင့်ခဲ့ရသူတွေရှိနေခဲ့ပါတယ်။မင်းသားချောနေတိုးကတော့လက်ရှိကိစ္စတွေနဲ့ပတ်သက်ပြီးသူရဲ့ခံစားချက်ကိုလူမှုကွန်ယက်ထက်မှာ မျှဝေပေးလေ့ရှိပါတယ်။အနုပညာရှင်တွေများစွာကလည်းအမှန်တရားဘက်ကနေရပ်တည်လျက်ရှိနေပြီးပြည်သူတွေနဲ့အတူလူထုလှုပ်ရှားမှုတွေမှာတက်တက်ကြွကြွပါဝင်နေခဲ့ကြပါတယ်။
နေတိုးကတော့မြန်မာပြည်သူတွေဘက်ကနေရပ်တည်လျက်ရှိနေပြီးလူထုလှုပ်ရှားမှုတွေမှာလည်းပါဝင်လျက်ရှိနေခဲ့ပါတယ်။နေတိုးကတော့ယခုမှာသွေးခွဲတိုင်းကွဲရအောင်ပြည်သူတွေမှာမျက်စိတွေနားတွေပါပြီးအခုဆိုရင်မိသားစုတစ်ခုတည်းလိုဖြစ်သွားတဲ့အကြောင်းပြောပြလာခဲ့ပါတယ်။
နေတိုးကတော့အားလုံးတစ်စိတ်တည်းသွေးခွဲတိုင်းကွဲရအောင်ပြည်သူတွေမှာမျက်စိတွေနားတွေဦးနှောက်တွေပါတယ်အခုဆိုရင်ပြည်သူတွေအားလုံးဟာမေတ္တာတွေနဲ့တည်ဆောက်ထားတဲ့မိသားစုတစ်ခုတည်းဖြစ်သွားကြပြီဗျပြည်သူ့ဘက်မှာပြည်သူတွေရှိနေသရွေ့ပြည်သူတွေအမြဲနိုင်နေဦးမှာပါဆိုပြီးလူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားထားခဲ့ပါတယ်။ယနေ့မှာလူထုလှုပ်ရှားမှုပြုလုပ်နေကြတဲ့မြန်မာပြည်သူတွေဘေးရန်ကင်းရှင်းကြပါစေကြောင်းဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။
Zawgyi