ကွယ်လွန်သွားပြီးဖြစ်တဲ့ မိခင်ဖြစ်သူရဲ့ရုပ်အလောင်း ကိုကြည့်ရင်း ရင်ကွဲမတတ်ဝမ်းနည်းငိုကြွေးနေတဲ့ မိုးဟေကို

ကွယ်လွန်သွားပြီးဖြစ်တဲ့ မိခင်ဖြစ်သူရဲ့ရုပ်အလောင်း ကိုကြည့်ရင်း ရင်ကွဲမတတ်ဝမ်းနည်းငိုကြွေးနေတဲ့ မိုးဟေကို

အချိန်အတော်ကြာ ဆိုးဝါးတဲ့ ရောဂါတွေကို ခံစားခဲ့ရတဲ့ မိုးဟေကိုရဲ့ မိခင်ကြီးကတော့ မနေ့က ရုတ်တရက် ကွယ်လွန် သွားခဲ့တာဖြစ်ပါ တယ် ။ မိုးဟေကို အနေနဲ့ သူရဲ့ အောင်မြင်နေတဲ့ လုပ်ငန်းတွေကို စွန့်လွှတ်ကာ မိခင်ကြီးရဲ့ ဘေးမှာပဲ အချိန်တိုင်း ပြုစုကာ စောင့်ရှောက် ပေးခဲ့တာလည်းဖြစ်ပါတယ် ။

အစွမ်းကုန် ဆေးကုသပေးခဲ့ပေမယ့်လည်း ရုတ်တရက်ကွယ်လွန်ခဲ့တာကြောင့် မိုးအနေနဲ့လည်း ယူကျုံးမရ ဖြစ်ကာ ဝမ်းနည်းကြေကွဲမိမှာ အမှန်ပါပဲ ။ ဒီသတင်းကို ကြားကြားချင်း ပရိသတ်တွေရော အနုပညာရှင်တွေပါ ထပ်တူ စိတ်မကောင်းဖြစ်ခဲ့တာကြောင့် သူတို့ရဲ့

အကောင့် တွေကနေ တစ်ဆင့် ဝမ်း နည်းကြောင်းတွေ ဖော်ပြခဲ့ကြပါတယ် ။ယနေ့ မှာတော့ ကွယ်လွန်သွားတဲ့ မိခင်ကြီးရဲ့ နောက်ဆုံး ခရီးကို ခမ်းခမ်းနားနား ပြုလုပ်ပေးကာ ပို့ဆောင်ပေးခဲ့တာတွေ့ရပါတယ် ။ မိခင် ကြီးကို အရမ်းချစ်တဲ့ မိုးတစ်ယောက်

ဘယ်လောက်ခံစားနေရမလည်း ကိုယ်ချင်းစာမိတာ အမှန်ပါပဲနော် ။ ပရိသတ်ကြီးအတွက် မိုးရဲ့ မိခင် ကြီး နောက်ဆုံးခရီးပုံရိပ်တွေကို ဝေမျှပေးရင်း ကောင်းရာ သုဂတိလာပါစေ ဆုတောင်းပေး လိုက်ပါတယ် ။

Zawgyi






Leave a Reply

Your email address will not be published. Required fields are marked *