စစ်အာဏာသိမ်းတာဟာ ဒီမိုကရေစီကို ကာကွယ်တာဆိုပြီး မြန်မာ စစ်ခေါင်းဆောင် ပြောဆို

စစ်အာဏာသိမ်းတာဟာ ဒီမိုကရေစီကို ကာကွယ်တာဆိုပြီး မြန်မာ စစ်ခေါင်းဆောင် ပြောဆို

မြန်မာပြည်တွင်း ဒီမိုကရေစီစနစ် ပျက်ယွင်းလာနေခဲ့တဲ့ အတွက် ကြိုးစားကယ်ဆယ် ခဲ့ရတယ်လို့ မြန်မာ စစ်ခေါင်းဆောင်က မော်စကိုမြို့ နိုင်ငံတကာ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

စစ်အာဏာသိမ်းတဲ့ လုပ်ရပ်ဟာ ဒီမိုကရေစီကို ကယ်ဆယ်တာဆိုပြီး မြန်မာ စစ်ခေါင်းဆောင်က ပုံဖော်ပြောဆိုတာ ဖြစ်ပါတယ်။မျက်မှောက်ခေတ် ကြုံတွေ့နေရတဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေ၊ စိန်ခေါ်မှုတွေ

အကြောင်း နှီးနှောဖလှယ်ကြတဲ့ နိုင်ငံတကာ အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စကားပြောခဲ့တာ ဖြစ်ပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကမကထလုပ် ကျင်းပတဲ့ MCIS လို့ အတိုကောက်အသိများတဲ့ ၉ ကြိမ်မြောက် မော်စကို အစည်းအဝးမှာ မြန်မာစစ်ခေါင်းဆောင်က အာဏာသိမ်းခဲ့တဲ့ လုပ်ရပ်ကို ကာကွယ်ပြောဆိုတဲ့ စကားတွေ

ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။မြန်မာပြည် စစ်အာဏာသိမ်းခံရမှုကို နိုင်ငံတကာ အသိုင်းအဝိုင်းကြား ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက် ရှုတ်ချနေချိန် မော်စကို အစည်းအဝေးမှာ မြန်မာ စစ်ခေါင်းဆောင် ရှိနေတာ ဖြစ်ပါတယ်။

အဲဒီအချက်ကိုကြည့်ရင် ရုရှားက စစ်တပ်အောက်က မြန်မာနဲ့ ဆက်ဆံရေး ပိုပြီး တိုးမြှင့် တည်ဆောက်ဖို့ ဘယ်လောက် စိတ်အားထက်သန် နေလဲ ဆိုတာ သိသာနေတယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။

မြန်မာနဲ့ စစ်ဘက်ဆက်ဆံရေး တိုးမြှင့်တည်ဆောင်ဖို့ ဆက်လက် လုပ်ဆောင်မယ့် အကြောင်း မော်စကိုရောက် မြန်မာစစ်တပ် အကြီးအကဲကို ရုရှား ကာကွယ်ရေး ဝန်ကြီး ဆာဂေးရွှိုင်ဂူက ပြောခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နှင့်ပြီး ဖြစ်ပါတယ်။

မြန်မာစစ်ခေါင်းဆောင်ရဲ့ အခု မော်စကို ခရီးစဉ်မှာ ရုရှားသမ္မတပူတင်နဲ့တော့ တွေ့ဆုံဖို့ရာ မရှိဘူးလို့ ကရင်မလင် ပြောခွင့်ရ ဒီမီထရီ ပက်ရှ်ကော့ဗ်က ထုတ်ပြန် ထားပါတယ်။ဒါ့အပြင် မြန်မာ စစ်တပ်နဲ့ နီးစပ်မှု ရှိတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံထားရတဲ့ တရုတ်၊

ရုရှား အပါအဝင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဆွေးနွေးပွဲတွေကနေ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်သွားကြဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့ သဘောထား ထုတ်ပြန်ချက်တွေ ထွက်ပေါ် ခဲ့ပါတယ်။

မြန်မာပြည်မှာ စစ်အာဏာသိမ်းခံခဲ့ရတဲ့ နောက်ပိုင်း ပေါ်ပေါက်လာတဲ့ ဖြစ်ရပ်တွေ အတွင်း အရပ်သားတွေ သေဆုံးနေရတဲ့အပေါ် အင်မတန် စိုးရိမ်တဲ့ အကြောင်း ရုရှားအစိုးရရဲ့ ထုတ်ပြန်ချက်တစ်ရပ်လည်

း မတ်လ အတွင်းက ရှိခဲ့ပါတယ်။မြန်မာ စစ်ခေါင်းဆောင်ရဲ့ အခု မော်စကို ခရီးစဉ်မှာ ရုရှားကာကွယ်ရေးဝန်ကြီး ရွှိုင်ဂူနဲ့ တွေ့ဆုံပါတယ်။ အဲဒီလို တွေ့ဆုံပွဲအကြို ရုရှားဝန်ကြီး ရွှိုင်ဂူက ….

“ဒီတွေ့ဆုံပွဲကို အင်မတန် အလေးထားပါတယ်။ မြန်မာဟာ အရှေ့တောင်အာရှနဲ့ အာရှပစိဖိတ်ဒေသအတွက် ယုံကြည်စိတ်ချရတဲ့ မဟာမိတ်ဖြစ်ကြောင်း ဆက်ဆံခဲ့တဲ့ ကာလတလျှောက်က သက်သေခံနေတယ်”လို့ ပြောဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း ဝန်ကြီးရွှိုင်ဂူက ….

“နှစ်နိုင်ငံကြား တည်ဆောက်နှင့်ပြီး ဖြစ်တဲ့ အပြန်အလှန် နားလည်မှု၊ လေးစား ယုံကြည်မှုတွေ အပေါ် အခြေခံလို့ ဆက်ဆံရေး ပိုခိုင်မာအောင် ဆက်လက် လုပ်ဆောင်ကြရေး စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်တယ်” လို့ ပြောဆိုခဲ့ကြောင်း ရုရှား သတင်းဌာန RIA က ရေးပါတယ်။

Zawgyi

စစ္အာဏာသိမ္းတာဟာ ဒီမိုကေရစီကို ကာကြယ္တာဆိုၿပီး ျမန္မာ စစ္ေခါင္းေဆာင္ ေျပာဆို

ျမန္မာျပည္တြင္း ဒီမိုကေရစီစနစ္ ပ်က္ယြင္းလာေနခဲ့တဲ့ အတြက္ ႀကိဳးစားကယ္ဆယ္ ခဲ့ရတယ္လို႔ ျမန္မာ စစ္ေခါင္းေဆာင္က ေမာ္စကိုၿမိဳ႕ ႏိုင္ငံတကာ အစည္းအေဝးမွာ ေျပာဆိုခဲ့ပါတယ္။

စစ္အာဏာသိမ္းတဲ့ လုပ္ရပ္ဟာ ဒီမိုကေရစီကို ကယ္ဆယ္တာဆိုၿပီး ျမန္မာ စစ္ေခါင္းေဆာင္က ပုံေဖာ္ေျပာဆိုတာ ျဖစ္ပါတယ္။

မ်က္ေမွာက္ေခတ္ ႀကဳံေတြ႕ေနရတဲ့ လုံၿခဳံေရးဆိုင္ရာ ျပႆနာေတြ၊ စိန္ေခၚမႈေတြ အေၾကာင္း ႏွီးေႏွာဖလွယ္ၾကတဲ့ ႏိုင္ငံတကာ အစည္းအေဝးမွာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ စကားေျပာခဲ့တာ ျဖစ္ပါတယ္။

႐ုရွား ကာကြယ္ေရး ဝန္ႀကီးဌာနက ကမကထလုပ္ က်င္းပတဲ့ MCIS လို႔ အတိုေကာက္အသိမ်ားတဲ့ ၉ ႀကိမ္ေျမာက္ ေမာ္စကို အစည္းအဝးမွာ ျမန္မာစစ္ေခါင္းေဆာင္က အာဏာသိမ္းခဲ့တဲ့ လုပ္ရပ္ကို ကာကြယ္ေျပာဆိုတဲ့ စကားေတြ ထည့္သြင္း ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။ျ

မန္မာျပည္ စစ္အာဏာသိမ္းခံရမႈကို ႏိုင္ငံတကာ အသိုင္းအဝိုင္းၾကား က်ယ္က်ယ္ျပန႔္ျပန႔္ ကန႔္ကြက္ ရႈတ္ခ်ေနခ်ိန္ ေမာ္စကို အစည္းအေဝးမွာ ျမန္မာ စစ္ေခါင္းေဆာင္ ရွိေနတာ ျဖစ္ပါတယ္။

အဲဒီအခ်က္ကိုၾကည့္ရင္ ႐ုရွားက စစ္တပ္ေအာက္က ျမန္မာနဲ႔ ဆက္ဆံေရး ပိုၿပီး တိုးျမႇင့္ တည္ေဆာက္ဖို႔ ဘယ္ေလာက္ စိတ္အားထက္သန္ ေနလဲ ဆိုတာ သိသာေနတယ္လို႔ ေဝဖန္သူေတြက ဆိုပါတယ္။ျမန္မာနဲ႔ စစ္ဘက္ဆက္ဆံေရး တိုးျမႇင့္တည္ေဆာင္ဖို႔ ဆက္လက္ လု

ပ္ေဆာင္မယ့္ အေၾကာင္း ေမာ္စကိုေရာက္ ျမန္မာစစ္တပ္ အႀကီးအကဲကို ႐ုရွား ကာကြယ္ေရး ဝန္ႀကီး ဆာေဂး႐ႊိုင္ဂူက ေျပာခဲ့တယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ႏွင့္ၿပီး ျဖစ္ပါတယ္။

ျမန္မာစစ္ေခါင္းေဆာင္ရဲ႕ အခု ေမာ္စကို ခရီးစဥ္မွာ ႐ုရွားသမၼတပူတင္နဲ႔ေတာ့ ေတြ႕ဆုံဖို႔ရာ မရွိဘူးလို႔ ကရင္မလင္ ေျပာခြင့္ရ ဒီမီထရီ ပက္ရွ္ေကာ့ဗ္က ထုတ္ျပန္ ထားပါတယ္။ဒါ့အျပင္ ျမန္မာ စစ္တပ္နဲ႔ နီးစပ္မႈ ရွိတယ္လို႔ က်ယ္က်ယ္ျပန႔္ျပန႔္ ရႈျမင္ခံထားရတဲ့ တ႐ုတ္၊

႐ုရွား အပါအဝင္ ကုလသမဂၢ လုံၿခဳံေရးေကာင္စီရဲ႕ ျမန္မာ့အေရး ေဆြးေႏြးပြဲေတြကေန ျမန္မာႏိုင္ငံတြင္း ဒီမိုကေရစီ လမ္းေၾကာင္းေပၚ ျပန္သြားၾကဖို႔၊ ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ဖို႔ သေဘာထား ထုတ္ျပန္ခ်က္ေတြ ထြက္ေပၚ ခဲ့ပါတယ္။

ျမန္မာျပည္မွာ စစ္အာဏာသိမ္းခံခဲ့ရတဲ့ ေနာက္ပိုင္း ေပၚေပါက္လာတဲ့ ျဖစ္ရပ္ေတြ အတြင္း အရပ္သားေတြ ေသဆုံးေနရတဲ့အေပၚ အင္မတန္ စိုးရိမ္တဲ့ အေၾကာင္း ႐ုရွားအစိုးရရဲ႕ ထုတ္ျပန္ခ်က္တစ္ရပ္လည္း မတ္လ အတြင္းက ရွိခဲ့ပါတယ္။ျ

မန္မာ စစ္ေခါင္းေဆာင္ရဲ႕ အခု ေမာ္စကို ခရီးစဥ္မွာ ႐ုရွားကာကြယ္ေရးဝန္ႀကီး ႐ႊိုင္ဂူနဲ႔ ေတြ႕ဆုံပါတယ္။ အဲဒီလို ေတြ႕ဆုံပြဲအႀကိဳ ႐ုရွားဝန္ႀကီး ႐ႊိုင္ဂူက ….

“ဒီေတြ႕ဆုံပြဲကို အင္မတန္ အေလးထားပါတယ္။ ျမန္မာဟာ အေရွ႕ေတာင္အာရွနဲ႔ အာရွပစိဖိတ္ေဒသအတြက္ ယုံၾကည္စိတ္ခ်ရတဲ့ မဟာမိတ္ျဖစ္ေၾကာင္း ဆက္ဆံခဲ့တဲ့ ကာလတေလွ်ာက္က သက္ေသခံေနတယ္”လို႔ ေျပာဆိုပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကိုလည္း ဝန္ႀကီး႐ႊိုင္ဂူက ….

“ႏွစ္ႏိုင္ငံၾကား တည္ေဆာက္ႏွင့္ၿပီး ျဖစ္တဲ့ အျပန္အလွန္ နားလည္မႈ၊ ေလးစား ယုံၾကည္မႈေတြ အေပၚ အေျခခံလို႔ ဆက္ဆံေရး ပိုခိုင္မာေအာင္ ဆက္လက္ လုပ္ေဆာင္ၾကေရး စိတ္ပိုင္းျဖတ္ထားၿပီး ျဖစ္တယ္” လို႔ ေျပာဆိုခဲ့ေၾကာင္း ႐ုရွား သတင္းဌာန RIA က ေရးပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *