ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ကာ ကွယ်လွန်သွားတဲ့ သူရဲကောင်းတွေအတွက် ကောင်းမှုကုသိုလ်ပြုခဲ့တဲ့ ခိုင်သင်းကြည်

ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ကာ ကွယ်လွန်သွားတဲ့ သူရဲကောင်းတွေအတွက်လည်း အမျှပေးဝေကာ ဆုတောင်းရင်း ကောင်းမှုကုသိုလ်ပြုခဲ့တဲ့ ခိုင်သင်းကြည်

ခိုင်သင်းကြည် ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင် တစ်ယောက်ပါ။ ဆယ်ကျော်သက်အရွယ် ကတည်းက အနုပညာလောထဲမှာ အောင်မြင်လာခဲ့ပြီး သူမရဲ့အောင်မြင်မှုဟာ ဆယ်စုနှစ်တွေကျော်လွန် လာခဲ့ပါပြီ။ သာယာအေးချမ်းတဲ့ မိသားစု ဘဝလေးကိုလည်း ပိုင်ဆိုင်ထားကာ အားလုံးက အားကျချစ်ခင်နေရတာပါ။

ဒါ့အပြင် အလှူအတန်းနဲ့ ပတ်သက်ရင်လည်း ခိုင်သင်းကြည်တို့ မိသားစုက အလှူရေစက် လက်နဲ့မကွာ ဆိုသလို လှူဒါန်းနေတဲ့ သဒ္ဓါတရားထက်သန် လှတဲ့ မိသားစုလည်းဖြစ်ပါတယ်။ အမြဲတမ်းလိုလို အထိမ်းအမှတ်နေ့လေး တွေနဲ့ အခါအခွင့်သင့်ရင်သင့်သလို အလှူလေးတွေကို မိသားစုလိုက်စိတ် သဘောထားတူညီစွာနဲ့ လှူဒါန်းလေ့ရှိကြတဲ့အတွက် ပရိသတ်တွေက တစ်မိသားစုလုံးကို လေးစားနေကြရတာပါ။

အခုလည်း ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ကာ ကောင်းမှုကုသိုလ်များစွာ ပြုလုပ်ရင်း မြန်မာပြည်ကြီး အမြန်အေးချမ်းဖို့ ဆုတောင်းမေတ္တာ ပို့သခဲ့ကြောင်းဖော်ပြလာပါတယ် ။ ဒါ့အပြင် တော်လှန်ရေးမှာ ကွယ်လွန်သွားတဲ့ သူရဲကောင်းတွေ အတွက်လည်း အမျှပေးဝေကာ ဆုတောင်းမှုတွေ ပြုလုပ်ခဲ့ကြောင်းကို “ ပဋ္ဌာန်းရွတ်ဖတ်ပူဇော် အရပ်ဆယ်မျက်နှာနေအားလုံးသော သတ္တဝါတွေဘေးရန်ကင်းကြပါစေ စိတ်ဆင်းရဲကင်းကြပါစေ ကိုယ်ဆင်းရဲကင်းကြပါစေ

ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေမြန်မာနိုင်ငံကြီးအမြန်ဆုံးအေးချမ်းရပါလို၏ အမှန်တရားဓမ္မဘက်ကအမြန်ဆုံးအနိုင်ရရပါလို၏ဘုရား ယနေ့ပြုသမျှကောင်းမှူ့ကုသိုလ်နှင့်ပြုပြုသမျှကုသိုလ်တို့ကိုနွေဦးတော်လှန်ရေးတွင် အသက်ပေးသွားကြသည့်သူရဲကောင်းတို့အားအမျှပေးဝေပါတယ် ကုသိုလ်အမျှအမျှအမျှယူတော်မူကြပါ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *