သားဖြစ်သူရေမွန်အတွက် မိခင်ဖြစ်သူဒေါ်ခင်မြတ်မွန်မှ ရင်ကွဲမတတ်ခံစားရင်းရေးလိုက်တဲ့စာ

သားဖြစ်သူရေမွန်အတွက် မိခင်ဖြစ်သူဒေါ်ခင်မြတ်မွန်မှ ရင်ကွဲမတတ်ခံစားရင်းရေးလိုက်တဲ့စာ

ပရိတ်သတ်တွေအတွက်သီချင်းကောင်းများစွာသီဆိုခဲ့ပြီး အားလုံးကချစ်ကြတဲ့diots ဂီတအဖွဲ့ကပင်တိုင်အဆိုတော်တစ်ဦးဖြစ်တဲ့ ကိုရေမွန်ဟာ မမျှော်လင့်ပဲရုတ်တရက်ယနေ့ ဇွန် ၂၃ရက်မနက်ပိုင်းမှာ ကွယ်လွန်သွားတယ်လို့သူ့ရဲ့မိသားစုဝင်တစ်ဦး၏ လူမှုကွန်ရက်မှာရေးသားထားတာကို တွေ့ရပါတယ်။အစပိုင်းမှာတော့ ဦးနှောက်ထဲသို့ ဌက်ဖျားပိုးဝင်တယ်လို့ သတင်းတွေထွက်နေခဲ့ပေမယ့်လည်း နိုဗန်ထူးကတော့ သေချာတဲ့ သတင်းအတိအကျကို ပြောပြလာတာ ပါနော်။

သူဟာ အစာအိမ်သွေးကြောပေါက်သွားတာကြောင့် ကွယ်လွန်သွားတာဖြစ်တယ်လို့ သူငယ်ချင်း ဖြစ်သူ နိုဗန်ထူးကတင်ထားပါတယ်နော်။ဒီသတင်းဟာ သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် အရမ်းကို ဝမ်းနည်းပူဆွေးစရာပါပဲနော်။ အားလုံးနဲ့ အဆင်ပြေအောင် နေတတ်ထိုင်တတ်ပြီး သူချစ်တဲ့ ပရိသတ်တွေအပေါ်လည်း တာဝန်ကျေပွန်လွန်းတဲ့ ရေမွန်ကိုဆုံးရှုံးလိုက်ရတာ အရမ်းကိုနာကျင်စရာကောင်းလွန်းပါတယ်နော်။ဒီကနေ့မှာဆိုရင်လည်း ရေမွန်ရဲ့မိခင်ဖြစ်သူ ဒေါ်ခင်မြတ်မွန်က သားဖြစ်သူရေမွန်အတွက်ရင်ကွဲမတက်ခံစားရင်းစာလေးတစ်စောင်ရေးသားလာခဲ့တာပဲဖြစ်ပါတယ်နော်

“၈၈ဆောင်းဦး မှာမွေးဖွား၂၁နွေဦးမှာကြွေလွင့်အဖေကသားကို၁နှစ်မှာစွန့်ပစ်သားကအမေကို၃၃ မှာထားသွားမေကြီး..mommy ခေါ်သံဘယ်တော့မှမကြားရတော့လောကကြီးမှာအနှစ်သက်ဆုံးအမေချက်တဲ့ဟင်းတွေစားခွင့်မရတော့ဆုံပြီးလို့ လမ်းခွဲတဲ့အခါတိုင်းရနေပေးနေကျ အနမ်းတွေဘယ်တော့မှမရတော့သူ့အသံအောတွေမကြားရတော့သူ့မျက်နှာမတွေ့ရတော့သူ့ကိုယ်လုံးကိုထိတွေ့ကိုင်တွယ်ခွင့်မရတာ့..အို..ကြမာဆိုးရယ်အငြှိုးကြီးပြီးရက်စက်လိုက်တာတစ်နှစ်သားမှာfatherless ဖြစ်ရတာတင်ဒဏ်ခတ်လို့မဝသေးဘဲဒီကလေးကသိပ်ချစ်တဲ့ဒီကလေးကိုသိပ်ချစ်တဲ့အမေနဲ့သေကွဲတောင်ခွဲရသလား ?မကျေနပ်ရင်ငါ့ကို‌ခေါ်သွားပါပြုံးပြံး‌လေးလိုက်ခဲ့ပါ့မယ်ခုတော့ ….(ခင်မြတ်မွန်)” ဆိုပြီါ်ရေးသားလာခဲ့တာပဲဖြစ်ပါတယ်နော်

Zawgyi





Leave a Reply

Your email address will not be published. Required fields are marked *