သူခိုးဗျို့ ဆိုင်ကယ်သူခိုးဗျို့ဆိုလို့ အမြန်သွားကြည့် မိတာ တကယ်ကို ရင်ထဲမကောင်းဘူး
သူခိုးဗျို့ ဆိုင်ကယ်သူခိုးဗျို့ဆိုလို့ အမြန်သွားကြည့် မိတာ တကယ်ကို ရင်ထဲမကောင်းဘူး (ဖခင်တစ်ယောက်ရဲ့ ကြီးမားသောမေတ္တာ)
ချစ်ပရိသတ်ကြီးရေ ယခု ပြောပြပေးသွားမယ့် အကြောင်းအရာလေးကတော့ ဖခင်တစ်ယောက်ရဲ့ ကြီးမားတဲ့မေတ္တာ အကြောင်းလေးပဲ ဖြစ်ပါတယ်။ ယခု ကိုဗစ်ကာလအချိန်ဟာ အခြေခံလူတန်းစားတွေ အတွက်တော့ တကယ်ကို ပင်ပန်းခက်ခဲလွန်းတဲ့ ကာလကြီးပါ။
အခုလည်း ဆိုင်ကယ်သူခိုးဗျို့ ဆိုင်ကယ်သူခိုးဗျို့ မိပြီ မိပြီ ဆိုလို့ ပြေးကြည့်မိလိုက်တာ ကြားလိုက်ရတဲ့ အသံက တကယ်ကို ရင်ထဲမကောင်းပါဘူးဗျာ။ သူ့ခင်မျာ တကိုယ်လုံးတုန်ပြီး ကြောက်ကြောက်လန့်လန့်နဲ့ ငယ်သံပါအောင် လူအုပ်ကြီးကို လက်အုပ်လေးချီပြီး အော်
ပြောနေရှာတာ
ကြည့်ပြီး တကယ်ကိုရင်ထဲနင့်နေအောင် ခံစားလိုက်ရတယ်။ သူက လူအုပ်ကြီးကို အသံတုန်တုန်နဲ့ အော်ပြီးပြောနေတဲ့ စကားလေးတွေကတော့” ကျနော့်ကို မလုပ်ကြပါနဲ့ ဗျာ ကျနော်သမီးလေး ဆေးရုံတင်ထားရလို့ပါဗျာ ကျနော့်ကို မလုပ်ကြပါနဲ့ ကျနော် တကယ်ပဲ
တောင်းပန်ပါတယ်ဗျာ ” ဆိုပြီး လက်အုပ်လေးချီလျှက်
” အမေရေ အမေ ကျုပ်ကို ကယ်ပါအုံး အမေရယ် ” တဲ့ သူ့ရဲ့မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ ကလေးတစ်ယောက်လို ခေါင်းငုံ့ပြီး
တအားငိုနေရှာတာ ကျနော်ဖြင့် ရင်ထဲမကောင်းဘူးဗျာ။” သမီးလေးရေ ဖေကြီး ဒုက္ခ ရောက်နေပြီ သမီးရေ ဖေကြီးကို ကယ်ပါအုံးး” တဲ့
အဆိုပါ အမျိုးသားဟာ လူအုပ်ကြီး ဝိုင်းထားတဲ့ အလယ်မှာ မျက်ရည်စတွေနဲ့ ငိုယိုနေတဲ့ ခပ်နွမ်းနွမ်း အင်္ကျီလေးနဲ့ယောက်ျားတယောက်ဟာ လက်အုပ်လေးချီပြီး ငိုငိုပြီးပြောနေတာ တကယ်ကို သနားဖို့ကောင်းပါတယ်။
အဲ့ဒီအမျိုးသားဟာ သူချစ်ရတဲ့ သမီးလေးဆေးရုံတင်ထားရလို့ ပိုက်ဆံလိုနေတဲ့အတွက်ကြောင့် အလုပ်ကလည်းအကုန် ရပ်နားထားရတာကြောင့်လည်း ငွေရှာ မရလို့ လမ်းထဲကတွေ့တဲ့ ဆိုင်ကယ်တစ်စီးကို တွန်းလာရတာပါ ” တဲ့။
သူလည်း ဒီလိုမျိုး တစ်ခါမှမလုပ်ဖူးတဲ့အတွက်ကြောင့် အရမ်းလည်းကြောက်လန့်နေခဲ့ပြီး သားသမီးဇောနဲ့ လုပ်မိလုပ်ရာ လုပ်လိုက်မိတာပါတဲ့။ သူ့ကို ဘေးကနေ ဝိုင်းကြည့်နေကြတဲ့ သူတွေတောင် အတော်လေးကို စိတ်မကောင်း ဖြစ်နေကြရှာတာ။
သူကလည်း တကယ်ပဲ သနားစရာ ဖြစ်နေတာကိုး။ ရဲတွေကလဲ အဆိုပါအမျိုးသားကို နားချပြီးချော့ခေါ်ပေးကြတယ်။ ” ငါ့ညီကို ဘာမှ မလုပ်ပါဘူးးတဲ့ ” လေ။ ပြီးတော့လည်း သူ့သမီလေး တက်နေရတဲ့ ဆေးရုံကို ဖုန်းဆက်ပြီး မေးကြည့်ကြတော့လဲ
တကယ်ပဲ သူ့ရဲ့ သမီးလေးဟာ ဆေးရုံတက်နေရတာပါတဲ့။ ဒါနဲ့ပဲ ဆိုင်ကယ် ပိုင်ရှင်ကလဲ တကယ်ကို လေးစားချီးကျူးစရာပါပဲ။ အဆိုပါ အမျိုးသားကို အမှုမဖွင့်တဲ့အပြင် သူ့သမီးလေးအတွက် ဆေးဖိုးဆိုပြီး ပိုက်ဆံ ၂သောင်းကိုပါ ထပ်ပြီး ကူညီပေးလိုက်တယ်။
သူကူညီပေးလိုက်တဲ့ ပိုက်ဆံ ၂သောင်းဟာ တချို့သော သူတွေအတွက် နည်းတယ်ဆိုပေမယ့် အဆိုပါ အမျိုးသားအတွက်ကတော့ တကယ်ကို လိုအပ်နေတဲ့ ငွေလေးပါ။ ဒီလိုမျိုး လိုအပ်နေတဲ့အချိန် အမှန်တကယ် လိုအပ်နေသူကို ကူညီပေးလိုက်တာကလည်း တကယ်ကို
မွန်မြတ်တဲ့ ကုသိုလ်ကို ရပါတယ်။
ယခုလို ကိုဗစ်ကာလကြီးမှာ ပထမလှိုင်းသာမက ဒုတိယလှိုင်းပါ ထပ်ဖြစ်လာတော့ အသင့်အတင့် ပိုက်ဆံရှိကြတဲ့ သူတွေကတော့ ဟန်မပျက် နေနိုင်ကြပေမယ့် အခြေခံလူတန်းစားဖြစ်တဲ့ ကျပန်းသမားတွေ လက်ကလှုပ်မှ ပါးစပ်လှုပ်လို့ရမယ့်သူတွေအတွက်ကတော့
တကယ်ကို ကပ်ဆိုးကြီးဖြစ်ပြီး ဒီကြားထဲမှာ သမီးလေးကပါ ဆေးရုံတင်ထားရတဲ့ အဆိုပါအမျိုးသားအဖို့ သူကိုယ်တိုင်မှားမှန်းသိပေမယ့်လည်း ကြံမိ ကြံရာ ကြံမိတာဟာလည်း တကယ်ကို ဖခင်မေတ္တာ တစ်ခုတည်းကြောင့်ပါ။ ဒီလို ဆိုးဝါးလွန်းတဲ့ ကပ်ရောဂါကြီးဖြစ်နေတဲ့
ကာလထဲမှာ သူ့လိုလူတွေ ဘယ်နှစ်ယောက်များတောင် ဒုက္ခတွေနဲ့ ကြုံတွေ့နေကြရပြီလည်းဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေနော်။ တကယ်ကို စိတ်မကောင်းဖြစ်ပြီး စာနာမိလို့ ဒီစာလေးကို ရေးလိုက်တာပါဗျာ။
ဖတ်ရှု့အားပေးခဲ့ကြတဲ့ ချစ်ပရိသတ်ကြီးလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး ဒီလိုဆိုးရွားလွန်းလှတဲ့ ကာလကြီးထဲ စီးပွားရေးအခြေအနေတွေ ဒီထက်မကကောင်းမွန်လာပြီး လက်ရှိရတဲ့လစာထက်လည်း ၂ဆ ရရှိကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါ
Source:တောင်ပံနီလူလေး(ပခုက္ကူ )
Zawgyi
ပာနေရှာတာ
တယ်ဗျာ။
Leave a Reply
Your email address will not be published. Required fields are marked *