“ပန်ဆယ်လို ဘာလဲ? ဘယ်လဲ?..”

“ပန်ဆယ်လို ဘာလဲ? ဘယ်လဲ?..”

မနေ့က တစ်မနက်လုံး လိုင်းမသုံးဖြစ်တော့ ဖေ့ဘုတ်ပေါ်က သတင်းတွေ၊ ပွဲတွေကို လွတ်သွားခဲ့တယ်။

အဲဒီ့အထဲမှာ လူပြောများသွားတဲ့ပွဲတွေထဲ

“ပန်ဆယ်လို အမေရိကန်ရောက်သွားတဲ့ပွဲ” လည်း ပါပါတယ်။

ပန်ဆယ်လို အမေရိကန်ရောက်သွားတဲ့အပေါ်

မြောက်မြန်မာပြည်သား(စစ်ခွေးတွေ၊ ဘောမတွေ) က ဆွေ့ဆွေ့ခုန် ဒေါသထွက်ကြတယ်။

ကြိတ်မနိုင်ခဲမရ ဖြစ်နေကြတယ်။ သူတို့လက်က လွတ်မြောက်သွားတာကို မခံမရပ်နိုင်ဖြစ်နေကြတယ်။

ဘာမှမတတ်နိုင်တော့တဲ့အခါ ထုံးစံအတိုင်း တော်လှန်ရေးသမား

(လက်နက်ကိုင်တိုက်ပွဲဝင်နေသူ၊ PDF လူငယ်တွေ၊ CDM ဝန်ထမ်းတွေ) နဲ့ ရန်တိုက်ကြတယ်။ သွေးခွဲကြတယ်။

“နင်တို့ကသာ ဘဝတွေနဲ့ရင်းပြီး တော်လှန်နေကြတာ၊

ဟိုကောင်မက အမေရိကန်ရောက်ပြီး ကြီးပွားနေပြီ။ ဒေါ်လာစားနေပြီ။

လေနဲ့လုပ်စားပြီး လွတ်ရာပြေးသွားပြီ။ နင်တို့ရင်းရတာ တန်ရဲ့လား”… ဘာညာ ပေါ့ ။

ပန်ဆယ်လို နဲ့ ပတ်သက်ပြီး မြောက်မြန်မာပြည်သားတွေ ဖြစ်ပျက်ပြောဆိုနေကြတာ အဆန်းမဟုတ်ပါဘူး။

အစကတည်းက ပန်ဆယ်လိုရဲ့ ရပ်တည်ချက်နဲ့ ရေးသားချက်တွေဟာ

သူတို့အရှိုက်ကိုထိုး၊ အမြှီးကိုနင်း၊ နှုတ်သီးဖြတ်ရိုက်သလိုမျိုး ဖြစ်နေတာမို့

အမုန်းကြီးမုန်းကြတာ မထူးဆန်းပါဘူး။ တိုက်ခိုက်တာလည်း မထူးဆန်းပါဘူး။

ထူးဆန်းတာက ပန်ဆယ်လို အမေရိကန်ရောက်သွားတဲ့အပေါ်

တော်လှန်ရေးသမားတွေကပါ အမြင်မကြည်ဖြစ်၊ အထင်လွဲ၊ ဝေဖန်တိုက်ခိုက်နေကြတော့ အံ့အားသင့်မိတယ်။

အဲဒါကြောင့်လည်း ဒီစာကိုရေးဖို့ဆုံးဖြတ်လိုက်တာပါ။

တချို့ဆိုရင် ” ပန်ဆယ်လို အမေရိကန်ရောက်သွားတာဟာ တော်လှန်ရေးကို အကြီးအကျယ်ထိခိုက်စေတယ်။

တကယ်လုပ်နေသူတွေကို စိတ်ဓာတ်ကျစေတယ်။

ဒီမိန်းမ လုပ်စားသွားတယ်” ဆိုတာမျိုးတွေ ရေးကြပါတယ်။

အကောင့်တွေကြည့်လိုက်တော့ အတုတွေမဟုတ်ဘူး အစစ်တွေ။

ပြီးတော့ ယောကျာ်းလေးတွေများတယ်။

အဲဒီ့လိုတင်ထားတဲ့စာတွေကို တချို့က screenshot (SS) ရိုက်ပြီးတော့ ပို့ကြသလို၊

တချို့က link တွေပါ ပို့ကြတယ်။ ကျွန်တော် တော်တော်လေး အံ့အားသင့်သွားတယ်။

တစ်ဖက်က တိုက်ခိုက်တာကို လျစ်လျူရှုနိုင်ပေမယ့်၊ အဖက်မလုပ်ပေမယ့်

ကိုယ့်အချင်းချင်း တိုက်ခိုက်နေတာမျိုးကြတော့ မနေနိုင်တော့ဘူး ။

ကျွန်တော့်အမြင်ပြောရရင် “ပန်ဆယ်လို အမေရိကန်ရောက်သွားတာဟာ ဝမ်းသာစရာပါ။

သူ လွတ်မြောက်သွားတာကို ဝမ်းသာပေးရမှာ။

ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ အရေးအသားတွေ၊ ပို့စ်တွေကြောင့် စစ်တပ်ဟာ သူ့ကို မြေလှန်ရှာနေတာကြာခဲ့ပြီ။

အလိုချင်ဆုံးစာရင်းထဲမှာ ပန်ဆယ်လို ပါတယ်။

တကယ်လို့ အဖမ်းခံခဲ့ရရင် အသက်ရှင်ဖို့မလွယ်ဘူး။

နှိပ်စက်ညှဉ်းပန်းပြီး သတ်ပစ်ကြမှာ။

မသတ်ခင် မတော်မတရားမလုပ်ရင် ကံကောင်းလို့ ပြောလို့ရတယ်။

အဲဒီ့တော့ သူ လွတ်မြောက်သွားတာ ဝမ်းသာစရာလို့ မှတ်ယူရမှာပါ။

တချို့ဝေဖန်ကြတဲ့ နောက်တစ်ချက်က

“သူ့အနေနဲ့ လွတ်မြောက်နယ်မြေကို မပြေးဘဲ ဘာလို့ အမေရိကန်အထိပြေးလဲ” ဆိုတဲ့ အချက်ကို သုံးသပ်ရရင်

သူယုံကြည်စိတ်ချရတဲ့သူတွေ၊ ကူညီပေးမယ့်သူတွေဟာ အမေရိကန်မှာရှိနေတာကတစ်ကြောင်း၊

သူ့အနေနဲ့ လွတ်မြောက်နယ်မြေမှာ လက်နက်မကိုင်ချင်တဲ့အတွက်

သူပိုပြီးစိတ်ချမိတဲ့နေရာ (အမေရိကန်)ကို တိမ်းရှောင်သွားတယ်လို့ သုံးသပ်မိပါတယ်။

ဒီနေရာမှာလည်း တစ်ခုရှင်းပြလိုပါသေးတယ်။

တချို့လူတွေပြောပြောနေတဲ့ “အဲကွန်းအခန်းထဲကနေ လေမကျယ်နဲ့။ မြှောက်မပေးနဲ့။

သတ္တိရှိရင် လက်နက်ကိုင်ပြီး တိုက်ပွဲဝင်” ဆိုတဲ့ စကားနဲ့ ပတ်သက်ပြီးတော့ပါ ။

လူတွေမှာ အားသန်တဲ့အပိုင်း၊ အားနည်းတဲ့အပိုင်းတွေ ကိုယ်စီရှိကြပါတယ်။

ဆန္ဒပြတဲ့အပိုင်းမှာ ကျွမ်းကျင်တဲ့သူ၊ လက်နက်ကိုင်တိုက်ပွဲဝင်တဲ့နေရာမှာ ထူးချွန်သူ၊

အွန်လိုင်းပေါ်ကနေ တော်လှန်ရေးစာပေရေးသားသူ/လှုံ့ဆော်သူ (keyboard fighter)၊

နောက်ကွယ်ကနေ ငွေကြေးကိစ္စ ထောက်ပံ့ပေးသူ စသဖြင့် ကွဲပြားကြပါတယ်။

သူ့နေရာနဲ့သူ အားလုံးဟာ အရေးပါကြပါတယ်။

ပန်ဆယ်လိုဟာ keyboard fighter တစ်ယောက်ပါ။

အစကတည်းက သူဟာ ဒီအပိုင်းမှာ ကျွမ်းကျင်တယ်။

တခြားအပိုင်းတွေမှာ သူမကျွမ်းကျင်ကြောင်း ရိုးရိုးသားသားဝန်ခံဖူးပါတယ်။ ပို့စ်တင်ဖူးပါတယ်။

အဲဒီတော့ keyboard fighter တစ်ယောက်ဆီက ဘာတွေများ ထပ်ပြီး မျှော်လင့်ကြဉီးမှာလဲ။

သူ ဘာတွေထပ်လုပ်ပေးမှ ကျေနပ်ကြမှာလဲ။

အမေရိကန်ကနေပြီးတော့ရော တော်လှန်ရေးစာပေတွေ ရေးနေလို့မရဘူးလား။

အခုလည်းရေးနေတာပဲမဟုတ်လား။

ပြီးတော့ သူ့ရဲ့လုပ်အားဟာ တခြား ဆယ်လီတွေအများကြီးရဲ့ လှုံ့ဆော်အားထက်

ပိုပြီးထိရောက်တယ်ဆိုတာကို မေ့မထားသင့်ပါဘူး။

ဘယ်လောက်အထိ ထိရောက်သလဲဆိုရင် သူပို့စ်တစ်ခုတင်တိုင်း စစ်ခွေးတွေ၊

ဘောမတွေ အုံနဲ့ကျင်းနဲ့ ဝိုင်းကိုက်နေကြတာကိုကြည့်ရင် သိနိုင်ပါတယ်။

မြဝတီတို့၊ မြန်မာ့အသံတို့မှာ ကြေညာနေတာကိုကြည့်ရင် သိနိုင်တယ်။

လက်ကမ်းစာစောင်တွေဖြန့်ပြီး ပန်ဆယ်လိုမကောင်းကြောင်းတွေဖြန့်နေတာကို ကြည့်ရင် သိနိုင်ပါတယ်။

အဲဒီ့တော့ သူ့ကို နားလည်ပေးဖို့နဲ့ အချင်းချင်း တိုက်ခိုက်နေတာ၊ လှောင်ပြောင်နေတာကို ရပ်ပေးကြပါလား။

ဒီအချိန်ဟာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု(Personal Attack – PA) လုပ်ရမယ့်အချိန် မဟုတ်ပါဘူး။

အရမ်း PA လုပ်ချင်ရင်လည်း အရေးတော်ပုံအောင်ပြီးမှသာ လုပ်ကြပါ။

“မင်းက ဘာဖြစ်လို့ ပန်ဆယ်လိုဘက်က ရှေ့နေလိုက်ပေးနေတာလဲ။

မင်းက သူနဲ့ ဘယ်လိုပတ်သက်လဲ။ မင်းက ဘာကောင်လဲ” ဆိုပြီး တချို့က မေးခွန်းထုတ်လာနိုင်ပါတယ်။

ကျွန်တော် ဒီစာကိုရေးတာ အချင်းချင်း သွေးမကွဲဖို့နဲ့၊ တော်လှန်ရေးအောင်မြင်စေချင်လို့သာ ဖြစ်ပါတယ်။

ပန်ဆယ်လိုနဲ့ ကျွန်တော်နဲ့ အပြင်မှာလည်း မသိပါဘူး။

အွန်လိုင်းပေါ်မှာလည်း မရင်းနှီးပါဘူး။

တော်လှန်ရေးကာလမှာ သူ့ရဲ့ ရပ်တည်ချက်နဲ့ အရေးအသားတွေကို သဘောကျမိသူတစ်ယောက်ပါပဲ။

စစ်အာဏာရှင်စနစ်ကို ရွံမုန်းကြတာချင်းလည်း တူပါတယ်။

ကျွန်တော် ဘာကောင်လဲဆိုရင် ဘာကောင်မှတော့ မဟုတ်ပါဘူး။

တော်လှန်ရေးကို ကလေးကစားစရာလိုမဟုတ်ဘဲ

စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ဆောင်နေသူတစ်ယောက်ဆိုတာတော့ အခိုင်အမာပြောနိုင်ပါတယ်။

ကျွန်တော်က ဌာနဆိုင်ရာဝန်ထမ်းတစ်ယောက်ပါ။

ရာထူးအားဖြင့် လက်ထောက်ညွှန်ကြားရေးမှူးပါ။

လုပ်သက် (၈)နှစ်အတွင်းမှာ ဒီရာထူးကိုရဖို့၊ ကျွန်တော့်အသက်အရွယ်နဲ့ ဒီရာထူးကိုရဖို့

ကျွန်တော် တအားကြိုးစားခဲ့ရပါတယ်။

အခု CDM လုပ်တဲ့အတွက် စစ်ကောင်စီရဲ့ အလုပ်ဖြုတ်ခံထားရတဲ့ဝန်ထမ်းတစ်ယောက်ပေါ့။

ဆိုလိုချင်တာက ကျွန်တော်တန်ဖိုးထားတဲ့ရာထူးကို စွန့်လွှတ်ထားရပါတယ်။

ပြီးတော့ နိုင်ငံခြားပညာတော်သင်ပြန်လာပြီး ပိုလျှံလာတဲ့ ဒေါ်လာတွေကို ကျစ်ကျစ်ပါအောင်စုထားခဲ့ပေမယ့်

တခြား ခက်ခဲနေတဲ့ CDM ဝန်ထမ်းတွေကို ကူညီနိုင်ဖို့အတွက် ဒီကာလမှာ ထုတ်ရောင်းခဲ့ပါတယ်။

အဲဒီ့တော့ ကျွန်တော့်ပိုင်ဆိုင်မှုဟာ Nothing ပါ ။

၂၀၂၀ ခုနှစ်၊ ဇွန်လကနေစပြီး ကျွန်တော့်ရဲ့ တစ်လဝင်ငွေဟာ (အစိုးရဝန်ထမ်းလစာမပါ)

တစ်လ ၁၀ သိန်းဝန်းကျင်ရှိပါတယ်။

ဌာနကနေ တစ်ပြားတစ်ချပ် ခိုးယူစရာမလိုဘဲ ကိုယ့်ပညာနဲ့ကိုယ် စာသင်လို့ရတဲ့ပိုက်ဆံတွေပါ။

အခု တော်လှန်ရေးလုပ်နေတဲ့အတွက် တစ်လ(၁၀)သိန်းဝန်းကျင်ရှိတဲ့ စာသင်ကြားမှုကို ကျွန်တော်ရပ်နားထားပါတယ်။

အဲဒီတော့ ကျွန်တော့်မှာ ဝင်ငွေ Zero ပါ။

ကျွန်တော် ရာထူးတိုးပြီး ရထားတဲ့ တိုက်ခန်းကိုလည်း CDM လုပ်လို့ အလုပ်ဖြုတ်ခံရတဲ့အတွက်

ဖယ်ပေးလိုက်ရပါတယ်။

အဲဒီ့တိုက်ခန်းဟာ အသစ်ချပ်ကျွတ်ဖြစ်ပြီး မြေညီထပ်ပါ။

ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ ကန်ထရိုက်တွေကို သေချာကြပ်မတ်တဲ့အတွက်

အရည်အသွေးမီတဲ့ တိုက်ခန်း ဖြစ်ပါတယ်။

အင်မတန်ကံကောင်းလွန်းလို့ ရထားတဲ့တိုက်ခန်းကို ဖယ်ပေးခဲ့ရပါတယ်။

ကျွန်တော် မိဘတွေကို တိုက်ခန်းအသစ်ဆီခေါ်ထားမယ့် အိပ်မက်တွေ ပျက်စီးခဲ့ရပါတယ်။

ကျွန်တော် အိမ်ကို မပြန်ရတာ ကြာခဲ့ပါပြီ။ ဒါလေးတွေတော့ ကျွန်တော်ရင်းထားရပါတယ်။

အခုပြောနေတာနဲ့ ပန်ဆယ်လို အမေရိကန်ရောက်တာ ဘာဆိုင်သလဲဆိုရင် သိပ်ကိုဆိုင်ပါတယ်။

သူ့မှာလည်း သူ့သမီး၊ ခင်ပွန်း၊ မိဘ၊ ဆွေမျိုး၊ ကိုယ်ပိုင်စီးပွားရေးတွေကို အကုန်စွန့်လွှတ်ခဲ့ရတာပါ။

သမ္မာအာဇီဝကျကျ လုပ်ကိုင်နေတဲ့ သူ့စီးပွားရေးတွေကို ရပ်ဆိုင်းပစ်ခဲ့ရတာပါ။

တန်ဖိုးအကျေအလည် မပေးသွင်းရ‌သေးတဲ့ တိုက်ခန်းကို ဒီအတိုင်းပစ်ထားခဲ့ရတာပါ။

ဆိုလိုချင်တာက ကျွန်တော် သူ့ကို ကိုယ်ချင်းစာတာပါပဲ။

ဘဝအခြေအနေချင်း အနည်းငယ်ဆင်တဲ့အတွက် ပိုပြီး ကိုယ်ချင်းစာမိတာ။ ကရုဏာသက်မိတာပါ။

ဒါပေမယ့် သူရော ကျွန်တော်ရောမှာ တူညီနေတဲ့အချက်က ဒါတွေကို စွန့်လွှတ်တယ်၊ အနစ်နာခံတယ်လို့ မတွေးတာပါဘဲ။

ဒါ ကျွန်တော်တို့ ရွေးချယ်မှုပါ။

ဘယ်သူမှ ခြိမ်းခြောက်ခိုင်းစေတာမျိုးမဟုတ်ဘဲ ကိုယ့်ဖာသာမှန်တယ်ထင်တဲ့ဘက်က ရပ်တည်ခဲ့တာပဲဖြစ်ပါတယ်။။

ပြီးတော့ ကျွန်တော်တို့ လေးစားအားကျတဲ့ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်လေ။

သူမလို ပေးဆပ်အနစ်နာခံတဲ့သူတောင် အနစ်နာခံတယ်ဆိုတာမျိုး မခံယူဘဲ

ရွေးချယ်မှုလို့ ခံယူထားတာမဟုတ်လား ။

ဒီစာကလည်း ပန်ဆယ်လိုကို သနားဖို့ရေးသားနေတာမဟုတ်ပါဘူး။

အချင်းချင်း ဝေဖန်တိုက်ခိုက်နေတာ၊ ကဲ့ရဲ့လှောင်ပြောင်တာမျိုးတွေ မလုပ်ဘဲ

အရေးတော်ပုံအောင်မြင်ရေးကိုသာ ရှေ့ရှုကြဖို့ ရေးသားရခြင်းဖြစ်ပါတယ်။

တကယ်တမ်းတော့ ပန်ဆယ်လိုဟာ ကလောင်ကြောင့် နာမည်ကြီးနေတာဖြစ်ပြီး

အသက်အားဖြင့် ၃၀ မကျော်သေးတဲ့သူတစ်ယောက်ပါ။

ပြီးတော့ အမျိုးသမီးတစ်ယောက်လည်းဖြစ်ပါတယ်။

မိန်းကလေးတွေဟာ သဘာဝအားဖြင့် ယောကျ်ားလေးတွေထက် စိတ်သဘောထားပိုနူးညံ့ပါတယ်။

အထူးသဖြင့် လစဉ်ဓမ္မတာလာတဲ့အချိန်တွေမှာ စိတ်အားငယ်တတ်ကြပါတယ်။

ပုံမှန်အချိန်မှာ သူဟာ သူ့ခင်ပွန်း၊ သူ့မိသားစုနဲ့ အတူရှိနေတာဖြစ်လို့ ပြဿနာမရှိပေမယ့်

အခုအချိန်မှာ သူတစ်ယောက်ထဲ ဖြတ်သန်း‌ နေရတာဖြစ်ပါတယ်။

“ပန်ဆယ်လိုသာ ကိုယ့်ညီမတစ်ယောက်ဆိုရင် ” ဆိုတဲ့အတွေးသာ ခဏဝင်ကြည့်လိုက်ပါ။

သူ

Zawgyi

“ပန္ဆယ္လို ဘာလဲ? ဘယ္လဲ?..”

မေန႔က တစ္မနက္လုံး လိုင္းမသုံးျဖစ္ေတာ့ ေဖ့ဘုတ္ေပၚက သတင္းေတြ၊ ပြဲေတြကို လြတ္သြားခဲ့တယ္။

အဲဒီ့အထဲမွာ လူေျပာမ်ားသြားတဲ့ပြဲေတြထဲ

“ပန္ဆယ္လို အေမရိကန္ေရာက္သြားတဲ့ပြဲ” လည္း ပါပါတယ္။

ပန္ဆယ္လို အေမရိကန္ေရာက္သြားတဲ့အေပၚ

ေျမာက္ျမန္မာျပည္သား(စစ္ေခြးေတြ၊ ေဘာမေတြ) က ေဆြ႕ေဆြ႕ခုန္ ေဒါသထြက္ၾကတယ္။

ႀကိတ္မႏိုင္ခဲမရ ျဖစ္ေနၾကတယ္။ သူတို႔လက္က လြတ္ေျမာက္သြားတာကို မခံမရပ္ႏိုင္ျဖစ္ေနၾကတယ္။

ဘာမွမတတ္ႏိုင္ေတာ့တဲ့အခါ ထုံးစံအတိုင္း ေတာ္လွန္ေရးသမား

(လက္နက္ကိုင္တိုက္ပြဲဝင္ေနသူ၊ PDF လူငယ္ေတြ၊ CDM ဝန္ထမ္းေတြ) နဲ႔ ရန္တိုက္ၾကတယ္။ ေသြးခြဲၾကတယ္။

“နင္တို႔ကသာ ဘဝေတြနဲ႔ရင္းၿပီး ေတာ္လွန္ေနၾကတာ၊

ဟိုေကာင္မက အေမရိကန္ေရာက္ၿပီး ႀကီးပြားေနၿပီ။ ေဒၚလာစားေနၿပီ။

ေလနဲ႔လုပ္စားၿပီး လြတ္ရာေျပးသြားၿပီ။ နင္တို႔ရင္းရတာ တန္ရဲ႕လား”… ဘာညာ ေပါ့ ။

ပန္ဆယ္လို နဲ႔ ပတ္သက္ၿပီး ေျမာက္ျမန္မာျပည္သားေတြ ျဖစ္ပ်က္ေျပာဆိုေနၾကတာ အဆန္းမဟုတ္ပါဘူး။

အစကတည္းက ပန္ဆယ္လိုရဲ႕ ရပ္တည္ခ်က္နဲ႔ ေရးသားခ်က္ေတြဟာ

သူတို႔အရႈိက္ကိုထိုး၊ အျမႇီးကိုနင္း၊ ႏႈတ္သီးျဖတ္႐ိုက္သလိုမ်ိဳး ျဖစ္ေနတာမို႔

အမုန္းႀကီးမုန္းၾကတာ မထူးဆန္းပါဘူး။ တိုက္ခိုက္တာလည္း မထူးဆန္းပါဘူး။

ထူးဆန္းတာက ပန္ဆယ္လို အေမရိကန္ေရာက္သြားတဲ့အေပၚ

ေတာ္လွန္ေရးသမားေတြကပါ အျမင္မၾကည္ျဖစ္၊ အထင္လြဲ၊ ေဝဖန္တိုက္ခိုက္ေနၾကေတာ့ အံ့အားသင့္မိတယ္။

အဲဒါေၾကာင့္လည္း ဒီစာကိုေရးဖို႔ဆုံးျဖတ္လိုက္တာပါ။

တခ်ိဳ႕ဆိုရင္ ” ပန္ဆယ္လို အေမရိကန္ေရာက္သြားတာဟာ ေတာ္လွန္ေရးကို အႀကီးအက်ယ္ထိခိုက္ေစတယ္။

တကယ္လုပ္ေနသူေတြကို စိတ္ဓာတ္က်ေစတယ္။

ဒီမိန္းမ လုပ္စားသြားတယ္” ဆိုတာမ်ိဳးေတြ ေရးၾကပါတယ္။

အေကာင့္ေတြၾကည့္လိုက္ေတာ့ အတုေတြမဟုတ္ဘူး အစစ္ေတြ။

ၿပီးေတာ့ ေယာက်ာ္းေလးေတြမ်ားတယ္။

အဲဒီ့လိုတင္ထားတဲ့စာေတြကို တခ်ိဳ႕က screenshot (SS) ႐ိုက္ၿပီးေတာ့ ပို႔ၾကသလို၊

တခ်ိဳ႕က link ေတြပါ ပို႔ၾကတယ္။ ကြၽန္ေတာ္ ေတာ္ေတာ္ေလး အံ့အားသင့္သြားတယ္။

တစ္ဖက္က တိုက္ခိုက္တာကို လ်စ္လ်ဴရႈႏိုင္ေပမယ့္၊ အဖက္မလုပ္ေပမယ့္

ကိုယ့္အခ်င္းခ်င္း တိုက္ခိုက္ေနတာမ်ိဳးၾကေတာ့ မေနႏိုင္ေတာ့ဘူး ။

ကြၽန္ေတာ့္အျမင္ေျပာရရင္ “ပန္ဆယ္လို အေမရိကန္ေရာက္သြားတာဟာ ဝမ္းသာစရာပါ။

သူ လြတ္ေျမာက္သြားတာကို ဝမ္းသာေပးရမွာ။

ဘာျဖစ္လို႔လဲဆိုေတာ့ သူ႔ရဲ႕ အေရးအသားေတြ၊ ပို႔စ္ေတြေၾကာင့္ စစ္တပ္ဟာ သူ႔ကို ေျမလွန္ရွာေနတာၾကာခဲ့ၿပီ။

အလိုခ်င္ဆုံးစာရင္းထဲမွာ ပန္ဆယ္လို ပါတယ္။

တကယ္လို႔ အဖမ္းခံခဲ့ရရင္ အသက္ရွင္ဖို႔မလြယ္ဘူး။

ႏွိပ္စက္ညႇဥ္းပန္းၿပီး သတ္ပစ္ၾကမွာ။

မသတ္ခင္ မေတာ္မတရားမလုပ္ရင္ ကံေကာင္းလို႔ ေျပာလို႔ရတယ္။

အဲဒီ့ေတာ့ သူ လြတ္ေျမာက္သြားတာ ဝမ္းသာစရာလို႔ မွတ္ယူရမွာပါ။

တခ်ိဳ႕ေဝဖန္ၾကတဲ့ ေနာက္တစ္ခ်က္က

“သူ႔အေနနဲ႔ လြတ္ေျမာက္နယ္ေျမကို မေျပးဘဲ ဘာလို႔ အေမရိကန္အထိေျပးလဲ” ဆိုတဲ့ အခ်က္ကို သုံးသပ္ရရင္

သူယုံၾကည္စိတ္ခ်ရတဲ့သူေတြ၊ ကူညီေပးမယ့္သူေတြဟာ အေမရိကန္မွာရွိေနတာကတစ္ေၾကာင္း၊

သူ႔အေနနဲ႔ လြတ္ေျမာက္နယ္ေျမမွာ လက္နက္မကိုင္ခ်င္တဲ့အတြက္

သူပိုၿပီးစိတ္ခ်မိတဲ့ေနရာ (အေမရိကန္)ကို တိမ္းေရွာင္သြားတယ္လို႔ သုံးသပ္မိပါတယ္။

ဒီေနရာမွာလည္း တစ္ခုရွင္းျပလိုပါေသးတယ္။

တခ်ိဳ႕လူေတြေျပာေျပာေနတဲ့ “အဲကြန္းအခန္းထဲကေန ေလမက်ယ္နဲ႔။ ေျမႇာက္မေပးနဲ႔။

သတၱိရွိရင္ လက္နက္ကိုင္ၿပီး တိုက္ပြဲဝင္” ဆိုတဲ့ စကားနဲ႔ ပတ္သက္ၿပီးေတာ့ပါ ။

လူေတြမွာ အားသန္တဲ့အပိုင္း၊ အားနည္းတဲ့အပိုင္းေတြ ကိုယ္စီရွိၾကပါတယ္။

ဆႏၵျပတဲ့အပိုင္းမွာ ကြၽမ္းက်င္တဲ့သူ၊ လက္နက္ကိုင္တိုက္ပြဲဝင္တဲ့ေနရာမွာ ထူးခြၽန္သူ၊

အြန္လိုင္းေပၚကေန ေတာ္လွန္ေရးစာေပေရးသားသူ/လႈံ႕ေဆာ္သူ (keyboard fighter)၊

ေနာက္ကြယ္ကေန ေငြေၾကးကိစၥ ေထာက္ပံ့ေပးသူ စသျဖင့္ ကြဲျပားၾကပါတယ္။

သူ႔ေနရာနဲ႔သူ အားလုံးဟာ အေရးပါၾကပါတယ္။

ပန္ဆယ္လိုဟာ keyboard fighter တစ္ေယာက္ပါ။

အစကတည္းက သူဟာ ဒီအပိုင္းမွာ ကြၽမ္းက်င္တယ္။

တျခားအပိုင္းေတြမွာ သူမကြၽမ္းက်င္ေၾကာင္း ႐ိုး႐ိုးသားသားဝန္ခံဖူးပါတယ္။ ပို႔စ္တင္ဖူးပါတယ္။

အဲဒီေတာ့ keyboard fighter တစ္ေယာက္ဆီက ဘာေတြမ်ား ထပ္ၿပီး ေမွ်ာ္လင့္ၾကဉီးမွာလဲ။

သူ ဘာေတြထပ္လုပ္ေပးမွ ေက်နပ္ၾကမွာလဲ။

အေမရိကန္ကေနၿပီးေတာ့ေရာ ေတာ္လွန္ေရးစာေပေတြ ေရးေနလို႔မရဘူးလား။

အခုလည္းေရးေနတာပဲမဟုတ္လား။

ၿပီးေတာ့ သူ႔ရဲ႕လုပ္အားဟာ တျခား ဆယ္လီေတြအမ်ားႀကီးရဲ႕ လႈံ႕ေဆာ္အားထက္

ပိုၿပီးထိေရာက္တယ္ဆိုတာကို ေမ့မထားသင့္ပါဘူး။

ဘယ္ေလာက္အထိ ထိေရာက္သလဲဆိုရင္ သူပို႔စ္တစ္ခုတင္တိုင္း စစ္ေခြးေတြ၊

ေဘာမေတြ အုံနဲ႔က်င္းနဲ႔ ဝိုင္းကိုက္ေနၾကတာကိုၾကည့္ရင္ သိႏိုင္ပါတယ္။

ျမဝတီတို႔၊ ျမန္မာ့အသံတို႔မွာ ေၾကညာေနတာကိုၾကည့္ရင္ သိႏိုင္တယ္။

လက္ကမ္းစာေစာင္ေတြျဖန္႔ၿပီး ပန္ဆယ္လိုမေကာင္းေၾကာင္းေတြျဖန္႔ေနတာကို ၾကည့္ရင္ သိႏိုင္ပါတယ္။

အဲဒီ့ေတာ့ သူ႔ကို နားလည္ေပးဖို႔နဲ႔ အခ်င္းခ်င္း တိုက္ခိုက္ေနတာ၊ ေလွာင္ေျပာင္ေနတာကို ရပ္ေပးၾကပါလား။

ဒီအခ်ိန္ဟာ ပုဂၢိဳလ္ေရးတိုက္ခိုက္မႈ(Personal Attack – PA) လုပ္ရမယ့္အခ်ိန္ မဟုတ္ပါဘူး။

အရမ္း PA လုပ္ခ်င္ရင္လည္း အေရးေတာ္ပုံေအာင္ၿပီးမွသာ လုပ္ၾကပါ။

“မင္းက ဘာျဖစ္လို႔ ပန္ဆယ္လိုဘက္က ေရွ႕ေနလိုက္ေပးေနတာလဲ။

မင္းက သူနဲ႔ ဘယ္လိုပတ္သက္လဲ။ မင္းက ဘာေကာင္လဲ” ဆိုၿပီး တခ်ိဳ႕က ေမးခြန္းထုတ္လာႏိုင္ပါတယ္။

ကြၽန္ေတာ္ ဒီစာကိုေရးတာ အခ်င္းခ်င္း ေသြးမကြဲဖို႔နဲ႔၊ ေတာ္လွန္ေရးေအာင္ျမင္ေစခ်င္လို႔သာ ျဖစ္ပါတယ္။

ပန္ဆယ္လိုနဲ႔ ကြၽန္ေတာ္နဲ႔ အျပင္မွာလည္း မသိပါဘူး။

အြန္လိုင္းေပၚမွာလည္း မရင္းႏွီးပါဘူး။

ေတာ္လွန္ေရးကာလမွာ သူ႔ရဲ႕ ရပ္တည္ခ်က္နဲ႔ အေရးအသားေတြကို သေဘာက်မိသူတစ္ေယာက္ပါပဲ။

စစ္အာဏာရွင္စနစ္ကို ႐ြံမုန္းၾကတာခ်င္းလည္း တူပါတယ္။

ကြၽန္ေတာ္ ဘာေကာင္လဲဆိုရင္ ဘာေကာင္မွေတာ့ မဟုတ္ပါဘူး။

ေတာ္လွန္ေရးကို ကေလးကစားစရာလိုမဟုတ္ဘဲ

စိတ္ေရာကိုယ္ပါႏွစ္ၿပီး လုပ္ေဆာင္ေနသူတစ္ေယာက္ဆိုတာေတာ့ အခိုင္အမာေျပာႏိုင္ပါတယ္။

ကြၽန္ေတာ္က ဌာနဆိုင္ရာဝန္ထမ္းတစ္ေယာက္ပါ။

ရာထူးအားျဖင့္ လက္ေထာက္ၫႊန္ၾကားေရးမႉးပါ။

လုပ္သက္ (၈)ႏွစ္အတြင္းမွာ ဒီရာထူးကိုရဖို႔၊ ကြၽန္ေတာ့္အသက္အ႐ြယ္နဲ႔ ဒီရာထူးကိုရဖို႔

ကြၽန္ေတာ္ တအားႀကိဳးစားခဲ့ရပါတယ္။

အခု CDM လုပ္တဲ့အတြက္ စစ္ေကာင္စီရဲ႕ အလုပ္ျဖဳတ္ခံထားရတဲ့ဝန္ထမ္းတစ္ေယာက္ေပါ့။

ဆိုလိုခ်င္တာက ကြၽန္ေတာ္တန္ဖိုးထားတဲ့ရာထူးကို စြန္႔လႊတ္ထားရပါတယ္။

ၿပီးေတာ့ ႏိုင္ငံျခားပညာေတာ္သင္ျပန္လာၿပီး ပိုလွ်ံလာတဲ့ ေဒၚလာေတြကို က်စ္က်စ္ပါေအာင္စုထားခဲ့ေပမယ့္

တျခား ခက္ခဲေနတဲ့ CDM ဝန္ထမ္းေတြကို ကူညီႏိုင္ဖို႔အတြက္ ဒီကာလမွာ ထုတ္ေရာင္းခဲ့ပါတယ္။

အဲဒီ့ေတာ့ ကြၽန္ေတာ့္ပိုင္ဆိုင္မႈဟာ Nothing ပါ ။

၂၀၂၀ ခုႏွစ္၊ ဇြန္လကေနစၿပီး ကြၽန္ေတာ့္ရဲ႕ တစ္လဝင္ေငြဟာ (အစိုးရဝန္ထမ္းလစာမပါ)

တစ္လ ၁၀ သိန္းဝန္းက်င္ရွိပါတယ္။

ဌာနကေန တစ္ျပားတစ္ခ်ပ္ ခိုးယူစရာမလိုဘဲ ကိုယ့္ပညာနဲ႔ကိုယ္ စာသင္လို႔ရတဲ့ပိုက္ဆံေတြပါ။

အခု ေတာ္လွန္ေရးလုပ္ေနတဲ့အတြက္ တစ္လ(၁၀)သိန္းဝန္းက်င္ရွိတဲ့ စာသင္ၾကားမႈကို ကြၽန္ေတာ္ရပ္နားထားပါတယ္။

အဲဒီေတာ့ ကြၽန္ေတာ့္မွာ ဝင္ေငြ Zero ပါ။

ကြၽန္ေတာ္ ရာထူးတိုးၿပီး ရထားတဲ့ တိုက္ခန္းကိုလည္း CDM လုပ္လို႔ အလုပ္ျဖဳတ္ခံရတဲ့အတြက္

ဖယ္ေပးလိုက္ရပါတယ္။

အဲဒီ့တိုက္ခန္းဟာ အသစ္ခ်ပ္ကြၽတ္ျဖစ္ၿပီး ေျမညီထပ္ပါ။

ၿပီးခဲ့တဲ့အစိုးရလက္ထက္မွာ ကန္ထ႐ိုက္ေတြကို ေသခ်ာၾကပ္မတ္တဲ့အတြက္

အရည္အေသြးမီတဲ့ တိုက္ခန္း ျဖစ္ပါတယ္။

အင္မတန္ကံေကာင္းလြန္းလို႔ ရထားတဲ့တိုက္ခန္းကို ဖယ္ေပးခဲ့ရပါတယ္။

ကြၽန္ေတာ္ မိဘေတြကို တိုက္ခန္းအသစ္ဆီေခၚထားမယ့္ အိပ္မက္ေတြ ပ်က္စီးခဲ့ရပါတယ္။

ကြၽန္ေတာ္ အိမ္ကို မျပန္ရတာ ၾကာခဲ့ပါၿပီ။ ဒါေလးေတြေတာ့ ကြၽန္ေတာ္ရင္းထားရပါတယ္။

အခုေျပာေနတာနဲ႔ ပန္ဆယ္လို အေမရိကန္ေရာက္တာ ဘာဆိုင္သလဲဆိုရင္ သိပ္ကိုဆိုင္ပါတယ္။

သူ႔မွာလည္း သူ႔သမီး၊ ခင္ပြန္း၊ မိဘ၊ ေဆြမ်ိဳး၊ ကိုယ္ပိုင္စီးပြားေရးေတြကို အကုန္စြန္႔လႊတ္ခဲ့ရတာပါ။

သမၼာအာဇီဝက်က် လုပ္ကိုင္ေနတဲ့ သူ႔စီးပြားေရးေတြကို ရပ္ဆိုင္းပစ္ခဲ့ရတာပါ။

တန္ဖိုးအေက်အလည္ မေပးသြင္းရ‌ေသးတဲ့ တိုက္ခန္းကို ဒီအတိုင္းပစ္ထားခဲ့ရတာပါ။

ဆိုလိုခ်င္တာက ကြၽန္ေတာ္ သူ႔ကို ကိုယ္ခ်င္းစာတာပါပဲ။

ဘဝအေျခအေနခ်င္း အနည္းငယ္ဆင္တဲ့အတြက္ ပိုၿပီး ကိုယ္ခ်င္းစာမိတာ။ က႐ုဏာသက္မိတာပါ။

ဒါေပမယ့္ သူေရာ ကြၽန္ေတာ္ေရာမွာ တူညီေနတဲ့အခ်က္က ဒါေတြကို စြန္႔လႊတ္တယ္၊ အနစ္နာခံတယ္လို႔ မေတြးတာပါဘဲ။

ဒါ ကြၽန္ေတာ္တို႔ ေ႐ြးခ်ယ္မႈပါ။

ဘယ္သူမွ ၿခိမ္းေျခာက္ခိုင္းေစတာမ်ိဳးမဟုတ္ဘဲ ကိုယ့္ဖာသာမွန္တယ္ထင္တဲ့ဘက္က ရပ္တည္ခဲ့တာပဲျဖစ္ပါတယ္။။

ၿပီးေတာ့ ကြၽန္ေတာ္တို႔ ေလးစားအားက်တဲ့ေခါင္းေဆာင္က ေဒၚေအာင္ဆန္းစုၾကည္ေလ။

သူမလို ေပးဆပ္အနစ္နာခံတဲ့သူေတာင္ အနစ္နာခံတယ္ဆိုတာမ်ိဳး မခံယူဘဲ

ေ႐ြးခ်ယ္မႈလို႔ ခံယူထားတာမဟုတ္လား ။

ဒီစာကလည္း ပန္ဆယ္လိုကို သနားဖို႔ေရးသားေနတာမဟုတ္ပါဘူး။

အခ်င္းခ်င္း ေဝဖန္တိုက္ခိုက္ေနတာ၊ ကဲ့ရဲ႕ေလွာင္ေျပာင္တာမ်ိဳးေတြ မလုပ္ဘဲ

အေရးေတာ္ပုံေအာင္ျမင္ေရးကိုသာ ေရွ႕ရႈၾကဖို႔ ေရးသားရျခင္းျဖစ္ပါတယ္။

တကယ္တမ္းေတာ့ ပန္ဆယ္လိုဟာ ကေလာင္ေၾကာင့္ နာမည္ႀကီးေနတာျဖစ္ၿပီး

အသက္အားျဖင့္ ၃၀ မေက်ာ္ေသးတဲ့သူတစ္ေယာက္ပါ။

ၿပီးေတာ့ အမ်ိဳးသမီးတစ္ေယာက္လည္းျဖစ္ပါတယ္။

မိန္းကေလးေတြဟာ သဘာဝအားျဖင့္ ေယာက်္ားေလးေတြထက္ စိတ္သေဘာထားပိုႏူးညံ့ပါတယ္။

အထူးသျဖင့္ လစဥ္ဓမၼတာလာတဲ့အခ်ိန္ေတြမွာ စိတ္အားငယ္တတ္ၾကပါတယ္။

ပုံမွန္အခ်ိန္မွာ သူဟာ သူ႔ခင္ပြန္း၊ သူ႔မိသားစုနဲ႔ အတူရွိေနတာျဖစ္လို႔ ျပႆနာမရွိေပမယ့္

အခုအခ်ိန္မွာ သူတစ္ေယာက္ထဲ ျဖတ္သန္း‌ ေနရတာျဖစ္ပါတယ္။

“ပန္ဆယ္လိုသာ ကိုယ့္ညီမတစ္ေယာက္ဆိုရင္ ” ဆိုတဲ့အေတြးသာ ခဏဝင္ၾကည့္လိုက္ပါ။

သူ

Leave a Reply

Your email address will not be published. Required fields are marked *