သူ့ကို BOYCOTT လုပ်လိုက်ဖို့ပြတ်ပြတ်သားသားပြောလိုက်တဲ့ အဆိုတော် ရဲရင့်အောင်..

FACEBOOK မှာပို့စ်တွေမပြတ်တင်ပေးနေမှ တော်လှန်နေတယ်ထင်ရင် သူ့ကို BOYCOTT လုပ်လိုက်ဖို့ပြတ်ပြတ်သားသားပြောလိုက်တဲ့ အဆိုတော် ရဲရင့်အောင်..

ပြည်သူတွေနဲ့ အတူ အမှန်တရားဘက်က ရပ်တည်သူများထဲတွင် အဆိုတော် ရဲရင့်အောင်လည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း တက်ကြွစွာ ပါဝင်ခဲ့ပြီး နေ့စဉ် လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့သူ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အခြေအနေ အရပ်ရပ်ကြောင့် ဘေးကင်းရာသို့ တိမ်းရှောင်နေရတာကြောင့် သူ့ရဲ့လှုပ်ရှားနေမှုတွေကို အပြည့်အစုံ မဝေမျှနိုင်တာ ဖြစ်ပါတယ်။

ဒီအကြောင်းအရင်းတွေကို မသိဘဲ တစ်ချို့တွေက ရဲရင့်အောင်အား ဝေဖန်ပြောဆိုနေကြတာတွေ ရှိပါတယ်။ မနေ့ညက သူ့ရဲ့ Facebook Story မှာ တော်လှန်ရေးနဲ့ ပတ်သက်ပြီး ဘာလှုပ်ရှားမှုမှမတွေ့လို့ အပြစ်တင် ဝေဖန်နေတဲ့ လူတစ်ချို့ ချက်ကျလက်ချ ပြန်ရှင်းပြလိုက်တာပဲ ဖြစ်ပါတယ်။ သူကတော့ ဘာတွေလုပ်ခဲ့တယ်၊ ဘယ်နေရာမှာ ဘယ်လိုနေခဲ့ရတယ်ဆိုတာ အကုန်ထုတ်ပြောပြီး ကိုယ့်သေတွင်း ကိုယ်တူးပြမှ၊ နေ့စဉ် ဖြစ်ပျက်နေတာတွေကို Facebook မှာ post တင်ပေးနိုင်မှ တော်လှန်တယ်လို့ သတ်မှတ်ေ နတယ်ဆိုရင်

သူ့ကိုလည်း boycott စာရင်းထဲသာ ထည့်လိုက်ကြဖို့ စိတ်မကောင်းစွာ ရေးသားထားတာ ဖြစ်ပါတယ်။ သူလုပ်သမျှအရာတွေဟာ ဘယ်သူမှသဘောကျ ကျေနပ်ဖို့ မဟုတ်ဘဲ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ် လုပ်နေတာဖြစ်ကြောင်းကိုလည်း အခုလို ရေးသားပြောပြထားတာ ဖြစ်ပါတယ်။” ဘာတွေလုပ်ခဲ့တယ် ဘယ်လိုတွေ လုပ်ခဲ့ရတယ် အခုဘာတွေလုပ်နေတယ် ဘယ်နေရာမှာ ဘယ်လိုနေနေရတယ်ဆိုတာတွေကို အကုန်ထုတ်ပြောပြပြီး

ကိုယ့်သေတွင်းကိုယ်တူးပြမှ ၊ နေ့စဉ်ဖြစ်သမျှ သတင်းတွေကို အများနဲ့တန်းတူ နားစွင့်နေရတဲ့ အခြေအနေမျိုးထဲ ၊ သူများလာပြောပြမှ သိရတဲ့ အခြေအနေမျိုးထဲ နေ့တိုင်း Facebook မှာpost တွေ တင်ပေးနိုင်မှ တော်လှန်နေတယ်လို့ သတ်မှတ်တယ်ဆိုရင်တော့ ငါ့လည်း boycott စာရင်းထဲသာ ထည့်လိုက် ပါတော့ကွာ ဆုံးရှုံးစရာလည်း ကုန်သွားပါပြီ။ငါဘာတွေလုပ်နေလဲဆိုတာ ငါပဲသိတယ်။ February (၁) ရက်နေ့မနက် (၆) နာရီကစပြီး

ငါလုပ်သမျှအရာတွေက မင်းတို့သဘောကျဖို့အတွက် မဟုတ်ဘူး။ ငါ့ယုံကြည်ချက်နဲ့ငါပါ အားတဲ့အချိန် စိတ်ထွက်ပေါက်အနေနဲ့ သုံးတဲ့ Instagram ပို့စ်တွေအောက်မှာ အာလာချောင်တာတွေ ရပ်ပါတော့ ငါတို့လုပ်စရာ ရှိတာတွေကို တတ်နိုင်တဲ့ဘက်ကနေ သိုသိုသိပ်သိပ်လုပ်နေလို့ မရဘူးလား? ”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။

တော်လှန်ရေးကာလမှာ ကိုယ်လုပ်နေတဲ့ တစ်ချို့အရာတွေကို လူမသိအောင် လုပ်ဆောင်ရတာမျိုးတွေ ရှိနေတတ်ပါတယ်။ ဒါတွေကို အပြစ်ပြောမနေကြဘဲ ကိုယ်ပါဝင်နိုင်တဲ့ နေရာကနေသာ ပူးပေါင်းဆောင် ရွက်ပေးကြဖို့ ပြောကြားရင်း ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Zawgyi

FACEBOOK မြာပို႔စ္ေၾတမ်ပတၱင္ေပးေနမြ ေတႅာြန္ေနတယၳင္ရင္ သူ႔ကို BOYCOTT လုပႅိဳကၹိဳ့်ပတ္်ပတ္သားသားေ်ပာလိုကၱဲ့ အဆိုေတာ္ ရဲရင့္ေအာင္..

ျပည္သူေတြနဲ႔ အတူ အမွန္တရားဘက္က ရပ္တည္သူမ်ားထဲတြင္ အဆိုေတာ္ ရဲရင့္ေအာင္လည္း အပါအဝင္ပဲ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံတြင္ လက္ရွိျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈေတြမွာလည္း တက္ႂကြစြာ ပါဝင္ခဲ့ၿပီး ေန႔စဥ္ လမ္းေပၚထြက္ၿပီး ဆႏၵထုတ္ေဖာ္ခဲ့သူ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ အေျခအေန အရပ္ရပ္ေၾကာင့္ ေဘးကင္းရာသို႔ တိမ္းေရွာင္ေနရတာေၾကာင့္ သူ႔ရဲ႕လႈပ္ရွားေနမႈေတြကို အျပည့္အစုံ မေဝမွ်ႏိုင္တာ ျဖစ္ပါတယ္။

ဒီအေၾကာင္းအရင္းေတြကို မသိဘဲ တစ္ခ်ိဳ႕ေတြက ရဲရင့္ေအာင္အား ေဝဖန္ေျပာဆိုေနၾကတာေတြ ရွိပါတယ္။ မေန႔ညက သူ႔ရဲ႕ Facebook Story မွာ ေတာ္လွန္ေရးနဲ႔ ပတ္သက္ၿပီး ဘာလႈပ္ရွားမႈမွမေတြ႕လို႔ အျပစ္တင္ ေဝဖန္ေနတဲ့ လူတစ္ခ်ိဳ႕ ခ်က္က်လက္ခ် ျပန္ရွင္းျပလိုက္တာပဲ ျဖစ္ပါတယ္။ သူကေတာ့ ဘာေတြလုပ္ခဲ့တယ္၊ ဘယ္ေနရာမွာ ဘယ္လိုေနခဲ့ရတယ္ဆိုတာ အကုန္ထုတ္ေျပာၿပီး ကိုယ့္ေသတြင္း ကိုယ္တူးျပမွ၊ ေန႔စဥ္ ျဖစ္ပ်က္ေနတာေတြကို Facebook မွာ post တင္ေပးႏိုင္မွ ေတာ္လွန္တယ္လို႔ သတ္မွတ္ေ နတယ္ဆိုရင္

သူ႔ကိုလည္း boycott စာရင္းထဲသာ ထည့္လိုက္ၾကဖို႔ စိတ္မေကာင္းစြာ ေရးသားထားတာ ျဖစ္ပါတယ္။ သူလုပ္သမွ်အရာေတြဟာ ဘယ္သူမွသေဘာက် ေက်နပ္ဖို႔ မဟုတ္ဘဲ ကိုယ့္ယုံၾကည္ခ်က္နဲ႔ ကိုယ္ လုပ္ေနတာျဖစ္ေၾကာင္းကိုလည္း အခုလို ေရးသားေျပာျပထားတာ ျဖစ္ပါတယ္။” ဘာေတြလုပ္ခဲ့တယ္ ဘယ္လိုေတြ လုပ္ခဲ့ရတယ္ အခုဘာေတြလုပ္ေနတယ္ ဘယ္ေနရာမွာ ဘယ္လိုေနေနရတယ္ဆိုတာေတြကို အကုန္ထုတ္ေျပာျပၿပီး

ကိုယ့္ေသတြင္းကိုယ္တူးျပမွ ၊ ေန႔စဥ္ျဖစ္သမွ် သတင္းေတြကို အမ်ားနဲ႔တန္းတူ နားစြင့္ေနရတဲ့ အေျခအေနမ်ိဳးထဲ ၊ သူမ်ားလာေျပာျပမွ သိရတဲ့ အေျခအေနမ်ိဳးထဲ ေန႔တိုင္း Facebook မွာpost ေတြ တင္ေပးႏိုင္မွ ေတာ္လွန္ေနတယ္လို႔ သတ္မွတ္တယ္ဆိုရင္ေတာ့ ငါ့လည္း boycott စာရင္းထဲသာ ထည့္လိုက္ ပါေတာ့ကြာ ဆုံးရႈံးစရာလည္း ကုန္သြားပါၿပီ။ငါဘာေတြလုပ္ေနလဲဆိုတာ ငါပဲသိတယ္။ February (၁) ရက္ေန႔မနက္ (၆) နာရီကစၿပီး

ငါလုပ္သမွ်အရာေတြက မင္းတို႔သေဘာက်ဖို႔အတြက္ မဟုတ္ဘူး။ ငါ့ယုံၾကည္ခ်က္နဲ႔ငါပါ အားတဲ့အခ်ိန္ စိတ္ထြက္ေပါက္အေနနဲ႔ သုံးတဲ့ Instagram ပို႔စ္ေတြေအာက္မွာ အာလာေခ်ာင္တာေတြ ရပ္ပါေတာ့ ငါတို႔လုပ္စရာ ရွိတာေတြကို တတ္ႏိုင္တဲ့ဘက္ကေန သိုသိုသိပ္သိပ္လုပ္ေနလို႔ မရဘူးလား? ”ဆိုၿပီး ေရးသားထားတာျဖစ္ပါတယ္။

ေတာ္လွန္ေရးကာလမွာ ကိုယ္လုပ္ေနတဲ့ တစ္ခ်ိဳ႕အရာေတြကို လူမသိေအာင္ လုပ္ေဆာင္ရတာမ်ိဳးေတြ ရွိေနတတ္ပါတယ္။ ဒါေတြကို အျပစ္ေျပာမေနၾကဘဲ ကိုယ္ပါဝင္ႏိုင္တဲ့ ေနရာကေနသာ ပူးေပါင္းေဆာင္ ႐ြက္ေပးၾကဖို႔ ေျပာၾကားရင္း ဒီသတင္းေလးကို တင္ဆက္ေပးလိုက္ ရပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *