” တော်လှန်ရေးသမားတိုင်းအတွက် ကြက်သီးထစရာကောင်းလောက်အောင် ခွန်အားဖြစ်စေတဲ့ မင်းမော်ကွန်းရဲ့ ပြတ်သားတဲ့ခံယူချက်
တော်လှန်ရေးကာလအချိန်ကြာလာတာနဲ့အမျှခက်ခဲပင်ပန်းလာတာတွေအားငယ်စိတ်ဓါတ်ကျတာတွေအားလျော့ချင်စိတ်တွေကအနည်းနဲ့အများဖြစ်လာကြမှာပါ။
ကျွန်တော်ကိုယ်တိုင်လည်းအကြိမ်ကြိမ်အားငယ်ဝမ်းနည်းတာတွေလူရောစိတ်ရောပင်ပန်းနာကျင်ရတာတွေ
ခဏခဏလဲကျပြီးပြန်မထချင်လောက်အောင်စိတ်ဓါတ်တွေပြိုကျခဲ့ရတာတွေအမှန်တကယ်ရှိခဲ့ကြောင်းကိုဝန်ခံပါတယ်ဒါပေမယ့်ကျွန်တာ်တို့အရှုံးပေးလို့မရပါဘူး
ကျွန်တော်တို့သည် ဒီတော်လှန်ရေးကိုခဏတာခံစားချက်နဲ့လုပ်ခဲ့မိကြတာမဟုတ်ပါမတရားဖိနှိပ်တာ အနိုင်ကျင့်တာမကြိုက်လို့လွပ်လပ်ခြင်း တရားမျှတခြင်းနဲ့လူ့အခွင့်အရေးတန်းတူညီမျှခြင်းကို
အမှန်တကယ်ချစ်မြတ်နိုးလို့တော်လှန်ခဲ့ကြခြင်းပါလွပ်လပ်ခွင့်တွေဆုံးရှုံးရလို့တရားမျှတခြင်းမရှိဘူးလို့ခံယူထားလို့အမှန်တရားနဲ့လွဲချော်နေမှန်းသိလို့လက်နက်ကိုင်ထားတိုင်းကြောက်မနေချင်လို့၊
လူပေါ်မူတည်ပြီးခွဲခြားအုပ်ချုပ်တာမခံချင်လို့အသိတရားနဲ့ ခံယူချက်ကြောင့်သာတော်လှန်ဆန့်ကျင်ခဲ့ကြခြင်းဖြစ်ပါတယ်ခံစားချက်ပေါ်မူတည်ပြီးဖြစ်လာရတဲ့တော်လှန်လိုစိတ်ဟာခံစားချက်အပြောင်းအလဲအလိုက်
မှေးမှိန်လာတတ်ပေမယ့်ခံယူချက်ကြောင့်တော်လှန်ခြင်းကတော့ဘယ်အခြေအနေရောက်ရောက်မပြောင်းလဲမယိမ်းယိုင်နိုင်ပါဘူးဒီအတွက်ဘာတွေကြုံလာကြုံလာနောက်ဆုတ်ဖို့မရှိပါဘူးနောင်တမရပါဘူးအရှုံးမပေးပါဘူးကမ္ဘာမကျေပါဘူး။
ကိုယ်ယုံကြည်ရာအမှန်တရားကိုရအောင်ယူဖို့ ဖြစ်အောင်လုပ်ဖို့ကအားလုံးရဲ့တာဝန်ဖြစ်ပြီးဒီတာဝန်အတွက်လူသားတိုင်းမှာ
မွေးရာပါခွန်အားတွေရှိကြပါတယ်ဒီထက်အရေးကြီးတာကကျွန်တော်တို့မျိုးဆက်သစ်တွေကိုအာဏာတစ်ခုကြောင့်သာမတရားသဖြင့်ချမ်းသာကြပြီးဘာအရည်အချင်း အဆင့်အတန်းမှမရှိလူမဆန်တဲ့သူတွေရဲ့မတရားအနိုင်ကျင့်ခြင်းတွေ
လူပါးဝ စော်ကားခြင်းတွေကိုခွင့်ပြုဖို့ နောက်ထပ်ဘယ်တော့မှမဖြစ်နိုင်တော့ပါဘူးဒါကြောင့် အားတင်းပါအားမွေးထားကြပါအရာရာအတွက်ကြိုတင်ပြင်ဆင်အသင့်ဖြစ်ပါစေ၊ကျန်းမာရေးကောင်းပါစေ၊သွေးမကွဲပါစေနဲ့ကျွန်တော်တို့ပြည်သူအားလုံး
တိုင်းရင်းသားအားလုံးကတညီတညွတ်ထဲတော်လှန်ရင်ဘယ်အာဏာရှင်မှ ကြာရှည်မခံနိုင်ပါဘူးအဆုံးသတ်တိုက်ပွဲအတွက်အဆင်သင့်ရှိကြပါစေအရေးတော်ပုံ အောင်ရမည်
Zawgyi
” ေတာ္လွန္ေရးသမားတိုင္းအတြက္ ၾကက္သီးထစရာေကာင္းေလာက္ေအာင္ ခြန္အားျဖစ္ေစတဲ့ မင္းေမာ္ကြန္းရဲ႕ ျပတ္သားတဲ့ခံယူခ်က္
ေတာ္လွန္ေရးကာလအခ်ိန္ၾကာလာတာနဲ႔အမွ်ခက္ခဲပင္ပန္းလာတာေတြအားငယ္စိတ္ဓါတ္က်တာေတြအားေလ်ာ့ခ်င္စိတ္ေတြကအနည္းနဲ႔အမ်ားျဖစ္လာၾကမွာပါ။
ကြၽန္ေတာ္ကိုယ္တိုင္လည္းအႀကိမ္ႀကိမ္အားငယ္ဝမ္းနည္းတာေတြလူေရာစိတ္ေရာပင္ပန္းနာက်င္ရတာေတြ
ခဏခဏလဲက်ၿပီးျပန္မထခ်င္ေလာက္ေအာင္စိတ္ဓါတ္ေတြၿပိဳက်ခဲ့ရတာေတြအမွန္တကယ္ရွိခဲ့ေၾကာင္းကိုဝန္ခံပါတယ္ဒါေပမယ့္ကြၽန္တာ္တို႔အရႈံးေပးလို႔မရပါဘူး
ကြၽန္ေတာ္တို႔သည္ ဒီေတာ္လွန္ေရးကိုခဏတာခံစားခ်က္နဲ႔လုပ္ခဲ့မိၾကတာမဟုတ္ပါမတရားဖိႏွိပ္တာ အႏိုင္က်င့္တာမႀကိဳက္လို႔လြပ္လပ္ျခင္း တရားမွ်တျခင္းနဲ႔လူ႔အခြင့္အေရးတန္းတူညီမွ်ျခင္းကို
အမွန္တကယ္ခ်စ္ျမတ္ႏိုးလို႔ေတာ္လွန္ခဲ့ၾကျခင္းပါလြပ္လပ္ခြင့္ေတြဆုံးရႈံးရလို႔တရားမွ်တျခင္းမရွိဘူးလို႔ခံယူထားလို႔အမွန္တရားနဲ႔လြဲေခ်ာ္ေနမွန္းသိလို႔လက္နက္ကိုင္ထားတိုင္းေၾကာက္မေနခ်င္လို႔၊
လူေပၚမူတည္ၿပီးခြဲျခားအုပ္ခ်ဳပ္တာမခံခ်င္လို႔အသိတရားနဲ႔ ခံယူခ်က္ေၾကာင့္သာေတာ္လွန္ဆန႔္က်င္ခဲ့ၾကျခင္းျဖစ္ပါတယ္ခံစားခ်က္ေပၚမူတည္ၿပီးျဖစ္လာရတဲ့ေတာ္လွန္လိုစိတ္ဟာခံစားခ်က္အေျပာင္းအလဲအလိုက္
ေမွးမွိန္လာတတ္ေပမယ့္ခံယူခ်က္ေၾကာင့္ေတာ္လွန္ျခင္းကေတာ့ဘယ္အေျခအေနေရာက္ေရာက္မေျပာင္းလဲမယိမ္းယိုင္ႏိုင္ပါဘူးဒီအတြက္ဘာေတြႀကဳံလာႀကဳံလာေနာက္ဆုတ္ဖို႔မရွိပါဘူးေနာင္တမရပါဘူးအရႈံးမေပးပါဘူးကမာၻမေက်ပါဘူး။
ကိုယ္ယုံၾကည္ရာအမွန္တရားကိုရေအာင္ယူဖို႔ ျဖစ္ေအာင္လုပ္ဖို႔ကအားလုံးရဲ႕တာဝန္ျဖစ္ၿပီးဒီတာဝန္အတြက္လူသားတိုင္းမွာ
ေမြးရာပါခြန္အားေတြရွိၾကပါတယ္ဒီထက္အေရးႀကီးတာကကြၽန္ေတာ္တို႔မ်ိဳးဆက္သစ္ေတြကိုအာဏာတစ္ခုေၾကာင့္သာမတရားသျဖင့္ခ်မ္းသာၾကၿပီးဘာအရည္အခ်င္း အဆင့္အတန္းမွမရွိလူမဆန္တဲ့သူေတြရဲ႕မတရားအႏိုင္က်င့္ျခင္းေတြ
လူပါးဝ ေစာ္ကားျခင္းေတြကိုခြင့္ျပဳဖို႔ ေနာက္ထပ္ဘယ္ေတာ့မွမျဖစ္ႏိုင္ေတာ့ပါဘူးဒါေၾကာင့္ အားတင္းပါအားေမြးထားၾကပါအရာရာအတြက္ႀကိဳတင္ျပင္ဆင္အသင့္ျဖစ္ပါေစ၊က်န္းမာေရးေကာင္းပါေစ၊ေသြးမကြဲပါေစနဲ႔ကြၽန္ေတာ္တို႔ျပည္သူအားလုံး
တိုင္းရင္းသားအားလုံးကတညီတၫြတ္ထဲေတာ္လွန္ရင္ဘယ္အာဏာရွင္မွ ၾကာရွည္မခံႏိုင္ပါဘူးအဆုံးသတ္တိုက္ပြဲအတြက္အဆင္သင့္ရွိၾကပါေစအေရးေတာ္ပုံ ေအာင္ရမည္