ကျောင်းသားနဲ့ဆရာ၊ဆရာမ(၁၀၀)နီးပါးကိုဗစ်ကူးစက်ခံထားရတဲ့ မော်လမြိုင်တက္ကသိုလ်ကဖြစ်စဉ်

အင်ကြင်းဆောင်က ကျောင်းသူ(၄၂)ဦးအပါအဝင် ကျောင်းသားနဲ့ဆရာ၊ဆရာမ(၁၀၀)နီးပါးကိုဗစ်ကူးစက်ခံထားရတဲ့ မော်လမြိုင်တက္ကသိုလ်ကဖြစ်စဉ်

လက်ရှိအခြေအနေအရ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေပြန်ဖြစ်နေပြီး သွားလာစရာကိစ္စရှိလို့ အပြင်ထွက်ပါက Maskတပ်ပြီး သွားလာကြဖို့နဲ့ကိုဗစ်ရောဂါကို မပေါ့ဆကြဖို့ ပြည်သူအချင်းချင်းတိုက်တွန်းနေကြပါတယ်။

ကိုဗစ်ကူးစက်မှုသတင်းတွေ၊ ကိုဗစ်ကြောင့် အသက်သေဆုံးသွားခဲ့ရတဲ့ သတင်းတွေလည်း အခုရက်ပိုင်းအတွင်း နေ့စဉ်လိုလိုမြင်တွေ့နေရပါတယ်။ ကိုဗစ်ကူးစက်မှုတွေပြန်ဖြစ်နေပေမယ့် စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်ကျောင်းတွေကို ဆက်လက်ဖွင့်ထားပြီး သင်ကြားနေတာတွေ့ရပါတယ်။

ယနေ့မှာ မော်လမြိုင်တက္ကသိုလ်သတင်းဌာနရဲ့ ပြောကြားအရ မော်လမြိုင်တက္ကသိုလ်က ကျောင်းသူကျောင်းသား၊ဆရာဆရာမနဲ့ ဝန်ထမ်း စုစုပေါင်း (၁၀၀)နီးပါး ကိုဗစ်ကူးစက်ခံထားရကြောင်း သိရပါတယ်။

မော်လမြိုင်တက္ကသိုလ်မှာ ပြီးခဲ့တဲ့ ဆေးစစ်ချက်အရ ကျောင်းသူကျောင်းသား(၄၀)ဦး ကိုဗစ်ကူးစက်ခံခဲ့ရပြီး ဇွန်လ (၂၆) ရက်နေ့ မနေ့ကလည်း ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

မနေ့ကနောက်ဆုံးစစ်ဆေးချက်အရ အင်ကြင်းဆောင်ကကျောင်းသူ (၄၂) ဦးနဲ့ အဆောင်မှူးဖြစ်သူ ရူပဗေဒဌာနမှ တွဲဖက်ပါမောက္ခ တစ်ဦးတို့မှာ ရောဂါပိုး ကူးစက်ခံထား‌ရကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အင်ကြင်းဆောင်မှာ နေထိုင်တဲ့ ကျောင်းသူအကုန်နီးပါးမှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပြီး စာမေးပွဲဖြေနေရင်း အခုလိုကိုဗစ်ကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။

အင်ဂျင်နီယာဌာနမှာရှိတဲ့ ဝန်ထမ်းများ ၊သင်ကြားရေးပိုင်းမှာတာဝန်ယူနေတဲ့ ဆရာ၊ဆရာမများနဲ့ ထိတွေ့ခဲ့သူတွေလည်း ကိုဗစ်ကူးစက်ခံခဲ့ရပြီး ရောဂါပိုးတွေ့ရှိသူအရေအတွက်(၁၀၀) ကျော်ရှိနေပြီဖြစ်ကြောင်း မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ထုတ်ပြန်ထားခဲ့ပါတယ်။

Zawgyi

အင္ၾကင္းေဆာင္က ေက်ာင္းသူ(၄၂)ဦးအပါအဝင္​ ေက်ာင္းသားနဲ႔ဆရာ၊ဆရာမ(၁၀၀)နီးပါးကိုဗစ္ကူးစက္ခံထားရတဲ့ ေမာ္လၿမိဳင္တကၠသိုလ္ကျဖစ္စဥ္

လက္ရွိအေျခအေနအရ ျမန္မာႏိုင္ငံမွာ ကိုဗစ္ကူးစက္မႈေတြျပန္ျဖစ္ေနၿပီး သြားလာစရာကိစၥရွိလို႔ အျပင္ထြက္ပါက Maskတပ္ၿပီး သြားလာၾကဖို႔နဲ႔ကိုဗစ္ေရာဂါကို မေပါ့ဆၾကဖို႔ ျပည္သူအခ်င္းခ်င္းတိုက္တြန္းေနၾကပါတယ္။

ကိုဗစ္ကူးစက္မႈသတင္းေတြ၊ ကိုဗစ္ေၾကာင့္ အသက္ေသဆုံးသြားခဲ့ရတဲ့ သတင္းေတြလည္း အခုရက္ပိုင္းအတြင္း ေန႔စဥ္လိုလိုျမင္ေတြ႕ေနရပါတယ္။ ကိုဗစ္ကူးစက္မႈေတြျပန္ျဖစ္ေနေပမယ့္ စာသင္​ေက်ာင္းေတြနဲ႔ တကၠသိုလ္ေက်ာင္းေတြကို ဆက္လက္ဖြင့္ထားၿပီး သင္ၾကားေနတာေတြ႕ရပါတယ္။

ယေန႔မွာ ေမာ္လၿမိဳင္တကၠသိုလ္သတင္းဌာနရဲ႕ ေျပာၾကားအရ ေမာ္လၿမိဳင္တကၠသိုလ္က ေက်ာင္းသူေက်ာင္းသား၊ဆရာဆရာမနဲ႔ ဝန္ထမ္း စုစုေပါင္း (၁၀၀)နီးပါး ကိုဗစ္ကူးစက္ခံထားရေၾကာင္း သိရပါတယ္။

ေမာ္လၿမိဳင္တကၠသိုလ္မွာ ၿပီးခဲ့တဲ့ ေဆးစစ္ခ်က္အရ ေက်ာင္းသူေက်ာင္းသား(၄၀)ဦး ကိုဗစ္ကူးစက္ခံခဲ့ရၿပီး ဇြန္လ (၂၆) ရက္ေန႔ မေန႔ကလည္း ေဆးစစ္မႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

မေန႔ကေနာက္ဆုံးစစ္ေဆးခ်က္အရ အင္ၾကင္းေဆာင္ကေက်ာင္းသူ (၄၂) ဦးနဲ႔ အေဆာင္မႉးျဖစ္သူ ႐ူပေဗဒဌာနမွ တြဲဖက္ပါေမာကၡ တစ္ဦးတို႔မွာ ေရာဂါပိုး ကူးစက္ခံထား‌ရေၾကာင္း ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

အင္ၾကင္းေဆာင္မွာ ေနထိုင္တဲ့ ေက်ာင္းသူအကုန္နီးပါးမွာ ေရာဂါပိုးေတြ႕ရွိခဲ့တာျဖစ္ၿပီး စာေမးပြဲေျဖေနရင္း အခုလိုကိုဗစ္ကူးစက္ခံခဲ့ရတာျဖစ္ပါတယ္။

အင္ဂ်င္နီယာဌာနမွာရွိတဲ့ ဝန္ထမ္းမ်ား ၊သင္ၾကားေရးပိုင္းမွာတာဝန္ယူေနတဲ့ ဆရာ၊ဆရာမမ်ားနဲ႔ ထိေတြ႕ခဲ့သူေတြလည္း ကိုဗစ္ကူးစက္ခံခဲ့ရၿပီး ေရာဂါပိုးေတြ႕ရွိသူအေရအတြက္(၁၀၀) ေက်ာ္ရွိေနၿပီျဖစ္ေၾကာင္း ေမာ္လၿမိဳင္တကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢမွ ထုတ္ျပန္ထားခဲ့ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *