တောထဲမှာဒုက္ခခံရင်း မိခင်ကိုလွမ်းတဲ့စိတ်နဲ့ ဖွဲ့ဆိုထားတဲ့သီချင်းတစ်ပုဒ်ကို ခံစားချက်အပြည့်နဲ့ သီဆိုနေကြတဲ့ pdfလူငယ်လေးတွေရဲ့ ဗီဒီယို
ယုံကြည်မှုတစ်ခုအတွက်နဲ့ အနေအစားမလုံခြုံ မကောင်းမွန်တဲ့အရပ်ဒေသကို သွားရောက်ပြီး စစ်ပညာသင်ယူနေတဲ့ တော်လှန်ရေးလူငယ်တွေဟာ ပြည်သူတွေအတွက်တော့ အားကိုးရာ အလင်းတန်းလေးတစ်ခုပါပဲ။
အာဏာရှင်တွေနဲ့ သူတို့ရဲ့နောက်လိုက်တွေကို အမြစ်ဖြတ်ဖို့ ဒုက္ခတွေကြားထဲမှာ ရုန်းကန်နေရတဲ့အချိန် အိမ်ကိုလွမ်းတဲ့စိတ်တွေဖြစ်ကြောင်း ရင်ဖွင့်ကြတဲ့ GZ တို့ရဲ့ခံစားချက်တွေကို လူမှုကွန်ယက်မှာ မကြာခဏဆိုသလို တွေ့ကြရပါတယ်။
ဒီတစ်ခေါက်မှာလည်း တောထဲမှာနေရင်း မိခင်ကိုလွမ်းတဲ့စိတ်တွေနဲ့ ဆွေးဆွေးမြေ့မြေ့ ဖွဲ့သီထားတဲ့ ” အမေ့ရဲ့သား ” ဆိုတဲ့ သီချင်းတစ်ပုဒ်ကို ခံစားချက်အပြည့်နဲ့သီဆိုနေကြတဲ့ GZ တို့ရဲ့ ဗီဒီယိုဟာ ကြည့်ရှုသူတိုင်းကို ထပ်တူခံစားမိစေပါတယ်။
ဒီနိုင်ငံကြီးအာဏာရှင်စနစ်ဆိုးလက်အောက်ကလွတ်မြောက်ရမယ်ဆိုတဲ့ယုံကြည်ချက်အပြည့်နဲ့ ပင်ပန်းခက်ခဲတဲ့ဒဏ်တွေကို ရင်ဆိုင်နေခဲ့တာပါ။နွေးထွေးတဲ့အိမ်နဲ့ အမြဲတမ်းကြင်နာပေးတဲ့ မိခင်ကိုလွမ်းတဲ့စိတ်တွေကိုလည်း ချိုးနှိမ်ပြီးနေရတာ အတော်လေးမလွယ်ကူပါဘူး။
ဂစ်တာလေးတစ်လက်နဲ့ ခံစားရသမျှတွေကို ပေါက်ကွဲထွက်ပြီးဆိုနေတဲ့ သီချင်းသံတွေဟာ လည်ချောင်းကလာတာမဟုတ်ဘဲ နှလုံးသားကလာတယ်ဆိုတာ ကြည့်လိုက်တာနဲ့ သိသာနေပါတယ်။ဒီသီချင်းလေးကို တေးရေး နေလုံးကရေးပေးထားပြီး တောခိုသွားတဲ့ တော်လှန်ရေး GZ တွေက သီဆိုထားတာပဲဖြစ်ပါတယ်။
သီချင်းရဲ့စာသားတွေဟာ လက်ရှိအဖြစ်အပျက်တွေကိုအခြေခံပြီးရေးဖွဲ့ထားတာဖြစ်လို့ အိမ်ဝေးနေတဲ့ တော်လှန်ရေးသူရဲကောင်းတွေအတွက် ထိမိတဲ့သီချင်းတစ်ပုဒ်ဖြစ်မှာပါ။အမေနဲ့အတူ တစ်နိုင်ငံလုံး ပျော်ရွှင်ဖို့အတွက် လွတ်လပ်ရေးအရယူမယ်ဆိုတဲ့ ယုံကြည်ချက်တွေအပြင် ကျဆုံးသွားတဲ့ အပြစ်မဲ့ပြည်သူတွေအတွက်သွေးကြေးဆပ်မယ်ဆိုတဲ့ စကားလုံးတွေဟာ ပြောင်မြောက်လွန်းပါတယ်။
စာသားတစ်ကြောင်းချင်းစီရဲ့အဓိပ္ပါယ်တွေဟာ လေးနက်လွန်းတာကြောင့် ပရိသတ်ကြီးလည်း ထပ်တူနားဆင်နိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။
Zawgyi
ေတာထဲမွာဒုကၡခံရင္း မိခင္ကိုလြမ္းတဲ့စိတ္နဲ႔ ဖြဲ႕ဆိုထားတဲ့သီခ်င္းတစ္ပုဒ္ကို ခံစားခ်က္အျပည့္နဲ႔ သီဆိုေနၾကတဲ့ pdfလူငယ္ေလးေတြရဲ႕ ဗီဒီယို
ယုံၾကည္မႈတစ္ခုအတြက္နဲ႔ အေနအစားမလုံၿခဳံ မေကာင္းမြန္တဲ့အရပ္ေဒသကို သြားေရာက္ၿပီး စစ္ပညာသင္ယူေနတဲ့ ေတာ္လွန္ေရးလူငယ္ေတြဟာ ျပည္သူေတြအတြက္ေတာ့ အားကိုးရာ အလင္းတန္းေလးတစ္ခုပါပဲ။
အာဏာရွင္ေတြနဲ႔ သူတို႔ရဲ႕ေနာက္လိုက္ေတြကို အျမစ္ျဖတ္ဖို႔ ဒုကၡေတြၾကားထဲမွာ ႐ုန္းကန္ေနရတဲ့အခ်ိန္ အိမ္ကိုလြမ္းတဲ့စိတ္ေတြျဖစ္ေၾကာင္း ရင္ဖြင့္ၾကတဲ့ GZ တို႔ရဲ႕ခံစားခ်က္ေတြကို လူမႈကြန္ယက္မွာ မၾကာခဏဆိုသလို ေတြ႕ၾကရပါတယ္။
ဒီတစ္ေခါက္မွာလည္း ေတာထဲမွာေနရင္း မိခင္ကိုလြမ္းတဲ့စိတ္ေတြနဲ႔ ေဆြးေဆြးေျမ့ေျမ့ ဖြဲ႕သီထားတဲ့ ” အေမ့ရဲ႕သား ” ဆိုတဲ့ သီခ်င္းတစ္ပုဒ္ကို ခံစားခ်က္အျပည့္နဲ႔သီဆိုေနၾကတဲ့ GZ တို႔ရဲ႕ ဗီဒီယိုဟာ ၾကည့္ရႈသူတိုင္းကို ထပ္တူခံစားမိေစပါတယ္။
ဒီႏိုင္ငံႀကီးအာဏာရွင္စနစ္ဆိုးလက္ေအာက္ကလြတ္ေျမာက္ရမယ္ဆိုတဲ့ယုံၾကည္ခ်က္အျပည့္နဲ႔ ပင္ပန္းခက္ခဲတဲ့ဒဏ္ေတြကို ရင္ဆိုင္ေနခဲ့တာပါ။ေႏြးေထြးတဲ့အိမ္နဲ႔ အၿမဲတမ္းၾကင္နာေပးတဲ့ မိခင္ကိုလြမ္းတဲ့စိတ္ေတြကိုလည္း ခ်ိဳးႏွိမ္ၿပီးေနရတာ အေတာ္ေလးမလြယ္ကူပါဘူး။
ဂစ္တာေလးတစ္လက္နဲ႔ ခံစားရသမွ်ေတြကို ေပါက္ကြဲထြက္ၿပီးဆိုေနတဲ့ သီခ်င္းသံေတြဟာ လည္ေခ်ာင္းကလာတာမဟုတ္ဘဲ ႏွလုံးသားကလာတယ္ဆိုတာ ၾကည့္လိုက္တာနဲ႔ သိသာေနပါတယ္။ဒီသီခ်င္းေလးကို ေတးေရး ေနလုံးကေရးေပးထားၿပီး ေတာခိုသြားတဲ့ ေတာ္လွန္ေရး GZ ေတြက သီဆိုထားတာပဲျဖစ္ပါတယ္။
သီခ်င္းရဲ႕စာသားေတြဟာ လက္ရွိအျဖစ္အပ်က္ေတြကိုအေျခခံၿပီးေရးဖြဲ႕ထားတာျဖစ္လို႔ အိမ္ေဝးေနတဲ့ ေတာ္လွန္ေရးသူရဲေကာင္းေတြအတြက္ ထိမိတဲ့သီခ်င္းတစ္ပုဒ္ျဖစ္မွာပါ။အေမနဲ႔အတူ တစ္ႏိုင္ငံလုံး ေပ်ာ္႐ႊင္ဖို႔အတြက္ လြတ္လပ္ေရးအရယူမယ္ဆိုတဲ့ ယုံၾကည္ခ်က္ေတြအျပင္ က်ဆုံးသြားတဲ့ အျပစ္မဲ့ျပည္သူေတြအတြက္ေသြးေၾကးဆပ္မယ္ဆိုတဲ့ စကားလုံးေတြဟာ ေျပာင္ေျမာက္လြန္းပါတယ္။
စာသားတစ္ေၾကာင္းခ်င္းစီရဲ႕အဓိပၸါယ္ေတြဟာ ေလးနက္လြန္းတာေၾကာင့္ ပရိသတ္ႀကီးလည္း ထပ္တူနားဆင္ႏိုင္ေအာင္ တင္ဆက္ေပးလိုက္ပါတယ္။