ကိုဗစ် ကူးစက်မှုနှုန်းမြင့်နေချိန် စစ်ကောင်စီက အွန်လိုင်းမှတစ်ဆင့် ပညာရေးသင်ကြားမှုများ မပြုလုပ်ရန် ပိတ်ပင်

ကိုဗစ် ကူးစက်မှုနှုန်းမြင့်နေချိန် စစ်ကောင်စီက အွန်လိုင်းမှတစ်ဆင့် ပညာရေးသင်ကြားမှုများ မပြုလုပ်ရန် ပိတ်ပင်

စစ်ကောင်စီလက်အောက်ခံ ပညာရေးဌာနက ရန်ကုန်တိုင်းအတွင်း အခြေ ခံပညာ ပုဂ္ဂလိကကျောင်းများကို အွန်လိုင်းမှ သင်ကြား၊ သင်ယူခွင့်မပြုဘဲ ကျောင်းတွင်း၌သာ သင်ကြားရမည်ဖြစ်ကြောင်း ညွှန်ကြားသည်ဟု ပုဂ္ဂလိကကျောင်းများထံမှ သိရသည်။အွန်လိုင်းမှ သင်ကြားလျှင် ကျောင်းတက်ရာနှုန်း(AR)ရမည်မဟုတ်သကဲ့သို့ စာမေးပွဲဖြေဆိုခွင့်ရမည် မဟုတ်ကြောင်း၊ ကျောင်းတွင်းသင်ကြားမှသာ (AR) နှင့် စာမေးပွဲဖြေခွင့်ရမည်ဟု ညွှန်ကြားကြောင်း ပုဂ္ဂလိကကျောင်းပိုင်ရှင် ဆရာတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းအတွင်း အခြေခံပညာ ပုဂ္ဂလိကကျောင်းပေါင်း ၂၄၀ ကျော်ရှိပြီး လတ်တလော အခြေအနေတွင် အထက်တန်းဆင့် ကျောင်းအပ်သူ သုညရာခိုင်နှုန်းဖြစ်ပြီး မူလတန်း၊ အလယ်တန်းဆင့် ကျောင်းအပ်သူ ၅ရာခိုင်နှုန်းခန့်သာရှိကြောင်း ပုဂ္ဂလိကပညာရေးကဏ္ဍမှ သိရသည်။

အချို့ကျောင်းများက ကျောင်းတွင်းသင်ကြားသော်လည်း အချိန်လျှော့ချကာ သင်ကြားပြီး ကျန်အချိန်များကို အွန်လိုင်းမှ သင်ကြားကြောင်း၊ ကျောင်းသားအရေအတွက်သည်လည်း မရှိသလောက်နည်းပါးကြောင်း ရန်ကုန်မြို့မှ ပုဂ္ဂလိက ဆရာမတစ်ဦးက ပြောသည်။စစ်ကောင်စီအနေနှင့် ၎င်းတို့ အာဏာသိမ်းအုပ်စု ယန္တရားလည်ပတ်ရန် ကြိုးပမ်းပြီး ယင်းသို့ လည်ပတ်နေကြောင်းကိုလည်း ထုတ်ပြချင်ဟန်ရှိသောကြောင့် ပုဂ္ဂလိက ကျောင်းများကိုလည်း အွန်လိုင်းမှသင်ကြား၊ သင်ယူခြင်းကို ခွင့်မပြုခြင်းဖြစ်ကြောင်း ဆရာ၊ ဆရာမအချို့က ဝေဖန်သည်။

ထိုသို့ ကြိုးပမ်းသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်တားဆီးရေး စာသင်ကျောင်းများ လိုက်နာရန် စည်းကမ်းချက်များကို သေသေချာချာစိစစ်မှုမရှိဘဲ ပြန်လည်ဖွင့်လှစ်ရေးသပ်သပ်သာ ဦးတည်နေခြင်းဖြစ်ကြောင်း ၎င်းတို့က ထောက်ပြသည်။ ယခင်က စာသင်ကျောင်းများအတွက် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး စည်းကမ်း အချက် ၈၀ခန့် ထုတ်ပြန်သတ်မှတ်ပြီး တင်းတင်းကျပ်ကျပ်စစ်ဆေးသော်လည်း ယခုအခါ စစ်ကောင်စီက “တက်သုတ်ရိုက် အဖွင့်ခိုင်း” သည့်အခြေအနေဟု ၎င်းတို့ထံမှ သိရသည်။

ယမန်နေ့ (ဇွန် ၂၆ရက်)က တစ်နိုင်ငံလုံးအတိုင်းအတာအနေနှင့် ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးသူ ၅,၅၅၅ ခုရှိသည့်အနက် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာသစ် ၇၈၃ဦးတွေ့ရှိခဲ့ပြီး သေဆုံးသူ ၈ဦးရှိခဲ့ကြောင်း၊ တစ်နိုင်ငံလုံး ကိုဗစ်-၁၉ လူနာ တစ်သိန်းခွဲကျော်၊ သေဆုံးသူ ၃၃၀၀ခန့်ရှိကြောင်း စစ်ကောင်စီ ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။ ထို့ပြင် လတ်တလော နိုင်ငံရေးအခြေအနေတွင် စစ်ကောင်စီက လုံခြုံရေးအာမခံချက် အပြည့်အဝ

မပေးသည့်အပြင် မန္တလေးတွင် တိုက်ခိုက်မှုများဖြစ်စဉ် ကျောင်းသားမိဘများက ၎င်းတို့ သား၊ သမီးများကို သွားရောက်ခေါ်ဆောင်သော်လည်း စစ်တပ်က ပြန်ထည့်ပေးခြင်းမရှိဘဲ ကျောင်း၌သာ ထားရှိစေခဲ့သည့်ဖြစ်စဉ်အချို့လည်း ရှိခဲ့ကြောင်း ဆရာအသိုင်းအဝိုင်းထံမှ သိရသည်။ တစ်နိုင်ငံလုံးတွင် အခြေခံပညာ ပုဂ္ဂလိက ကျောင်းပေါင်း ၃၂၀၀ကျော်ရှိပြီး ပုံမှန်အခြေအနေတွင် ကျောင်းတက်သူ ကျောင်းသား၊ ကျောင်းသူ နှစ်သိန်းခွဲမှ သုံးသိန်းကျော်အရေအတွက်ရှိကြောင်း ပုဂ္ဂလိက ပညာရေးကဏ္ဍမှ သိရသည်။

Zawgyi

ကိုဗစ္ ကူးစက္မႈႏႈန္းျမင့္ေနခ်ိန္ စစ္ေကာင္စီက အြန္လိုင္းမွတစ္ဆင့္ ပညာေရးသင္ၾကားမႈမ်ား မျပဳလုပ္ရန္ ပိတ္ပင္

စစ္ေကာင္စီလက္ေအာက္ခံ ပညာေရးဌာနက ရန္ကုန္တိုင္းအတြင္း အေျခ ခံပညာ ပုဂၢလိကေက်ာင္းမ်ားကို အြန္လိုင္းမွ သင္ၾကား၊ သင္ယူခြင့္မျပဳဘဲ ေက်ာင္းတြင္း၌သာ သင္ၾကားရမည္ျဖစ္ေၾကာင္း ၫႊန္ၾကားသည္ဟု ပုဂၢလိကေက်ာင္းမ်ားထံမွ သိရသည္။အြန္လိုင္းမွ သင္ၾကားလွ်င္ ေက်ာင္းတက္ရာႏႈန္း(AR)ရမည္မဟုတ္သကဲ့သို႔ စာေမးပြဲေျဖဆိုခြင့္ရမည္ မဟုတ္ေၾကာင္း၊ ေက်ာင္းတြင္းသင္ၾကားမွသာ (AR) ႏွင့္ စာေမးပြဲေျဖခြင့္ရမည္ဟု ၫႊန္ၾကားေၾကာင္း ပုဂၢလိကေက်ာင္းပိုင္ရွင္ ဆရာတစ္ဦးက ေျပာသည္။

ရန္ကုန္တိုင္းအတြင္း အေျခခံပညာ ပုဂၢလိကေက်ာင္းေပါင္း ၂၄၀ ေက်ာ္ရွိၿပီး လတ္တေလာ အေျခအေနတြင္ အထက္တန္းဆင့္ ေက်ာင္းအပ္သူ သုညရာခိုင္ႏႈန္းျဖစ္ၿပီး မူလတန္း၊ အလယ္တန္းဆင့္ ေက်ာင္းအပ္သူ ၅ရာခိုင္ႏႈန္းခန႔္သာရွိေၾကာင္း ပုဂၢလိကပညာေရးက႑မွ သိရသည္။

အခ်ိဳ႕ေက်ာင္းမ်ားက ေက်ာင္းတြင္းသင္ၾကားေသာ္လည္း အခ်ိန္ေလွ်ာ့ခ်ကာ သင္ၾကားၿပီး က်န္အခ်ိန္မ်ားကို အြန္လိုင္းမွ သင္ၾကားေၾကာင္း၊ ေက်ာင္းသားအေရအတြက္သည္လည္း မရွိသေလာက္နည္းပါးေၾကာင္း ရန္ကုန္ၿမိဳ႕မွ ပုဂၢလိက ဆရာမတစ္ဦးက ေျပာသည္။စစ္ေကာင္စီအေနႏွင့္ ၎တို႔ အာဏာသိမ္းအုပ္စု ယႏၲရားလည္ပတ္ရန္ ႀကိဳးပမ္းၿပီး ယင္းသို႔ လည္ပတ္ေနေၾကာင္းကိုလည္း ထုတ္ျပခ်င္ဟန္ရွိေသာေၾကာင့္ ပုဂၢလိက ေက်ာင္းမ်ားကိုလည္း အြန္လိုင္းမွသင္ၾကား၊ သင္ယူျခင္းကို ခြင့္မျပဳျခင္းျဖစ္ေၾကာင္း ဆရာ၊ ဆရာမအခ်ိဳ႕က ေဝဖန္သည္။

ထိုသို႔ ႀကိဳးပမ္းေသာ္လည္း ကိုဗစ္-၁၉ ကပ္ေရာဂါ ကာကြယ္တားဆီးေရး စာသင္ေက်ာင္းမ်ား လိုက္နာရန္ စည္းကမ္းခ်က္မ်ားကို ေသေသခ်ာခ်ာစိစစ္မႈမရွိဘဲ ျပန္လည္ဖြင့္လွစ္ေရးသပ္သပ္သာ ဦးတည္ေနျခင္းျဖစ္ေၾကာင္း ၎တို႔က ေထာက္ျပသည္။ ယခင္က စာသင္ေက်ာင္းမ်ားအတြက္ ကိုဗစ္-၁၉ ကာကြယ္တားဆီးေရး စည္းကမ္း အခ်က္ ၈၀ခန႔္ ထုတ္ျပန္သတ္မွတ္ၿပီး တင္းတင္းက်ပ္က်ပ္စစ္ေဆးေသာ္လည္း ယခုအခါ စစ္ေကာင္စီက “တက္သုတ္႐ိုက္ အဖြင့္ခိုင္း” သည့္အေျခအေနဟု ၎တို႔ထံမွ သိရသည္။

ယမန္ေန႔ (ဇြန္ ၂၆ရက္)က တစ္ႏိုင္ငံလုံးအတိုင္းအတာအေနႏွင့္ ကိုဗစ္-၁၉ ဓာတ္ခြဲစစ္ေဆးသူ ၅,၅၅၅ ခုရွိသည့္အနက္ ဓာတ္ခြဲအတည္ျပဳ ပိုးေတြ႕လူနာသစ္ ၇၈၃ဦးေတြ႕ရွိခဲ့ၿပီး ေသဆုံးသူ ၈ဦးရွိခဲ့ေၾကာင္း၊ တစ္ႏိုင္ငံလုံး ကိုဗစ္-၁၉ လူနာ တစ္သိန္းခြဲေက်ာ္၊ ေသဆုံးသူ ၃၃၀၀ခန႔္ရွိေၾကာင္း စစ္ေကာင္စီ က်န္းမာေရးဌာနက ထုတ္ျပန္ထားသည္။ ထို႔ျပင္ လတ္တေလာ ႏိုင္ငံေရးအေျခအေနတြင္ စစ္ေကာင္စီက လုံၿခဳံေရးအာမခံခ်က္ အျပည့္အဝ

မေပးသည့္အျပင္ မႏၲေလးတြင္ တိုက္ခိုက္မႈမ်ားျဖစ္စဥ္ ေက်ာင္းသားမိဘမ်ားက ၎တို႔ သား၊ သမီးမ်ားကို သြားေရာက္ေခၚေဆာင္ေသာ္လည္း စစ္တပ္က ျပန္ထည့္ေပးျခင္းမရွိဘဲ ေက်ာင္း၌သာ ထားရွိေစခဲ့သည့္ျဖစ္စဥ္အခ်ိဳ႕လည္း ရွိခဲ့ေၾကာင္း ဆရာအသိုင္းအဝိုင္းထံမွ သိရသည္။ တစ္ႏိုင္ငံလုံးတြင္ အေျခခံပညာ ပုဂၢလိက ေက်ာင္းေပါင္း ၃၂၀၀ေက်ာ္ရွိၿပီး ပုံမွန္အေျခအေနတြင္ ေက်ာင္းတက္သူ ေက်ာင္းသား၊ ေက်ာင္းသူ ႏွစ္သိန္းခြဲမွ သုံးသိန္းေက်ာ္အေရအတြက္ရွိေၾကာင္း ပုဂၢလိက ပညာေရးက႑မွ သိရသည္။

Leave a Reply

Your email address will not be published. Required fields are marked *