အာဏာသိမ်းမှုကိုဆန့်ကျင်လို့ CDMရဲနှစ်ဦးရဲ့ဖခင်ကိုပါ ဝရမ်းထုတ်လိုက်တဲ့ စစ်ကောင်စီ

အာဏာသိမ်းမှုကိုဆန့်ကျင်လို့ CDMရဲနှစ်ဦးရဲ့ဖခင်ကိုပါ ဝရမ်းထုတ်လိုက်တဲ့ စစ်ကောင်စီ

စစ်အာဏာသိမ်းမှုဆန့်ကျင်ခဲ့သည့် ရဲ ၂ ဦး၏ဖခင် ဝ;ရမ်း;ထုတ်ခံရ

စစ်တပ်အာဏာမှုကိုဆန့်ကျင်လို့ ပြစ်ဒဏ် ၁ နှစ်စီ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတဲ့ ကြံခင်းက ရဲဝန်ထမ်း ၂ ဦးရဲ့ ဖခင်ကို အကြမ်းဖက်စစ်ကောင်စီက ထပ်မံ;ဝ;ရမ်း;ထုတ်လိုက်တယ်လို့ သိရပါတယ်။

ပြစ်ဒဏ် ၁ နှစ်စီချမှတ်ခံရတဲ့ ရဲ ၂ ဦးရဲ့ ဖခင်ဖြစ်သူကို နိုင်ငံတော် ;ဆူ;အောင်လုပ်တယ်ဆိုပြီး မတ်လပိုင်းက စတင်ကာ ;ဝ;ရမ်း;ထုတ်ခဲ့တာလို့ ဖခင်ဖြစ်သူ ဦးသန့်စင်က ပြောပါတယ်။

“ဘာနဲ့ထုတ်တယ်ဆိုတာ သေချာမသိရဘူး ကျနော်လည်း သား ၂ ယောက်တောင်ကျပြီးကတည်းက ရှောင်နေရတာ မတ်လကစပြီး ဝရမ်းထုတ်ထားတယ်လို့ မိတ်ဆွေတွေကပြန်ပြောတယ်၊ ဒါက မိသားစုကိုပါ အငြှိုထားပြီး ဒုက္ခရောက်အောင်လုပ်တာလို့မြင်ပါတယ်”လို့ ပြောပါတယ်။

သား ၂ ယောက်ကို တောင်;ချတဲ့အပြင် မိသားစုကိုပါ ဝရမ်းထုတ်ပြီး ဒုက္ခရောက်အောင် စစ်အာဏာရှင်တွေက ပြုလုပ်နေပေမယ့် ဒီမိုကရေစီ မရမခြင်း စစ်အာဏာရှင်ကို အဆုံးထိတော်လှန်သွားမယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်ကိုဆန့်ကျင်ခဲ့လို တောင်;ဒဏ် ၁ နှစ်စီချမှတ်ခံခဲ့ရတဲ့ ရဲ ၂ ဦးကိုလည်း မိခင်ဖြစ်သူက သွားတွေ့ချိန်မှာ ၈ ကြိမ်မြောက်တဲ့အထိ သား ၂ ဦးနဲ့ တွေ့ခွင့်မရအောင် အ; ကြမ်း; ဖက်;စ;ကေစဘက်က ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ဝ; ရမ်း; ထုတ်ခံထားရတဲ့ ရဲဝန်ထမ်း ၂ ဦးရဲ့ ဖခင်ဟာ စစ်တပ်အာဏာမသိမ်းခင်အချိန်ထိ ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သလို စစ်အာဏာသိမ်းမှုအပြီး ရာထူးကနေ နုတ်ထွက်ခဲ့သူလည်းဖြစ်ပါတယ် ။

သားအကြီးဖြစ်တဲ့ ရဲတပ်သား သူရိန်လင်းက ရဲလုပ်သက် ၇ နှစ်ရှိနေပြီး သားအငယ်ရဲဒုတပ်ကြပ် တာရာလင်းက ရဲလုပ်သက် ၄ နှစ်ရှိနေဖြစ်ကာ ဒုရဲအုပ်စာမေးပွဲဖြေဆိုဖို့အတွက် ဖောင်တင်ထားသူလည်း ဖြစ်ပါတယ်။

ခုလို အာဏာရှင်စနစ် အလိုမရှိ၊ အာဏာရှင်ဖိနှိပ်မှု ပြည်သူဘက်က ကာကွယ်မယ့်အကြောင်း စာတင်တာနဲ့ ပတ်သက်ပြီး ကြံခင်းမြို့မ ရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ အ; ရေး; ယူခဲ့တာလို့ သိရပါတယ်။

Zawgyi











Leave a Reply

Your email address will not be published. Required fields are marked *