မတည်မငြိမ်ဆက်ဖြစ်နေပါက သက်တမ်းနှစ်ကြိမ်တိုးရလိမ့်မည်ဟု စစ်ကောင်စီ ဥက္ကဋ္ဌ ပြော

မတည်မငြိမ်ဆက်ဖြစ်နေပါက သက်တမ်းနှစ်ကြိမ်တိုးရလိမ့်မည်ဟု စစ်ကောင်စီ ဥက္ကဋ္ဌ ပြော

အရေးပေါ်အခြေအနေကာလကို ကျော်လွန်သည်အထိ မတည်မငြိမ်ဆက်ဖြစ်နေပါက သက်ဆိုင်ရာတာဝန်ရှိသူထံတင်ပြပြီး

နောက်ထပ်သက်တမ်းတိုးသွားရလိမ့်မည်ဖြစ်သော်လည်း ရွေးကောက်ပွဲကို မဖြစ်မနေလုပ်မည်ဟု ဌက်ပျောတော ဂျပုက ပြောကြားလိုက်သည်။

လက်ရှိနိုင်ငံရေးအခင်းအကျင်းဖြစ်သော အာဏာသိမ်းမှုလုပ်ငန်းစဉ်သည် မဲမသမာမှုများကို ဖြေရှင်းပေးခြင်း သို့မဟုတ်

တွေ့ဆုံညှိနှိုင်းအဖြေရှာခြင်းဆိုသော လမ်းစဉ်များကို ကျော်လွန်၍ အာဏာအတင်းရယူလိုသည့်အဆင့်ကျော်မှုမျိုးများကြောင့် ဖြစ်လာရသည်ဟုလည်း ရုရှားမီဒီယာနှင့်သီးသန့်အင်တာဗျုးတွင် ထည့်သွင်းပြောကြားသည်။

” ကျွန်တော့်မှာ ဒီအခြေခံဥပဒေဟာ အရေးပေါ်ကာလတစ်နှစ်ပဲ ကြေညာလို့ လုပ်လို့ရပါတယ်။ ဒါကို မပြီးမြောက်ဘူးဆိုလိုရှိရင် တာဝန်ရှိတဲ့အဖွဲ့အစည်းကို ကျွန်တော်ပြန်လည်တင်ပြပြီးတော့မှ (၆) လတစ်ကြိမ် (၆) လတစ်ကြိမ် သက်တမ်းနှစ်ကြိမ်တိုးခွင့်ရှိတယ်။

အားလုံး နှစ်နှစ်ပေ့ါ။ အဲဒီတော့ အကြမ်း ဖျင်းအားဖြင့်တော့ ဒီနှစ်နှစ်အတွင်းမှာတော့ ရွေးကောက်ပွဲပြန်ဖြစ်ဖို့အတွက် လမ်းစရှိတယ်ဆိုတာကို ကျွန်တော်ပြောလိုတယ်။ ဒီလိုတော့ ဖြေလို့ရတာပေါ့ဗျာ။

အခု တိုင်းပြည်ရေးရာဟာ လက်ရှိအခြေအ နေမှာတော့ ကျွန်တော်တို့ဟာ ၁၀၀ ရာခိုင် နှုန်း အားလုံးပြီးပြီးဆိုတဲ့၊ တည်ငြိမ်အေး ချမ်းပြီဆိုတဲ့ အခြေအနေတော့ မရောက်သေးတဲ့ အခြေအနေရှိတာကိုး။

ဒါ့ကြောင့် ဒါကိုလည်း ထည့်ပြီးစဉ်းစားဖို့တော့လိုပါတယ်။ နည်းနည်းတော့ ကျွန် တော်ပြောဖို့တော့ စောသေးတယ်။ သို့သော် လည်း အကြမ်းဖျင်း နှစ်နှစ်မှာတော့ ဖြစ်နိုင်ပါတယ် ” ဟု စစ်ကောင်စီဥက္ကဋ္ဌက ပြောသည်။

အထူးသဖြင့် ယင်းဆုံးဖြတ်အသိပေးချက်မှာလည်း အာဏာသိမ်းမှုအပြီး နာရီပိုင်းအတွင်းမှာပင် ကြေညာခဲ့သော ရှေ့လုပ်ငန်း စဉ် မူ(၅)ချက်ကို အခြေခံထားခြင်းဖြစ်ပြီး

ဒီမိုကရေစီနည်းလမ်းတကျရွေးကောက်ပွဲကို မဖြစ်မနေ လုပ်သွားမည်ဟု ကတိပေးထားသည့်အတိုင်း မဖြစ်မနေလုပ်သွားမည်ဟု အတိအလင်းပြောကြားထားသည်

Zawgyi

မတည္မၿငိမ္ဆက္ျဖစ္ေနပါက သက္တမ္းႏွစ္ႀကိမ္တိုးရလိမ့္မည္ဟု စစ္ေကာင္စီ ဥကၠ႒ ေျပာ

အေရးေပၚအေျခအေနကာလကို ေက်ာ္လြန္သည္အထိ မတည္မၿငိမ္ဆက္ျဖစ္ေနပါက သက္ဆိုင္ရာတာဝန္ရွိသူထံတင္ျပၿပီး

ေနာက္ထပ္သက္တမ္းတိုးသြားရလိမ့္မည္ျဖစ္ေသာ္လည္း ေ႐ြးေကာက္ပြဲကို မျဖစ္မေနလုပ္မည္ဟု ဌက္ေပ်ာေတာ ဂ်ပုက ေျပာၾကားလိုက္သည္။

လက္ရွိႏိုင္ငံေရးအခင္းအက်င္းျဖစ္ေသာ အာဏာသိမ္းမႈလုပ္ငန္းစဥ္သည္ မဲမသမာမႈမ်ားကို ေျဖရွင္းေပးျခင္း သို႔မဟုတ္

ေတြ႕ဆုံညႇိႏႈိင္းအေျဖရွာျခင္းဆိုေသာ လမ္းစဥ္မ်ားကို ေက်ာ္လြန္၍ အာဏာအတင္းရယူလိုသည့္အဆင့္ေက်ာ္မႈမ်ိဳးမ်ားေၾကာင့္ ျဖစ္လာရသည္ဟုလည္း ႐ုရွားမီဒီယာႏွင့္သီးသန႔္အင္တာဗ်ဳးတြင္ ထည့္သြင္းေျပာၾကားသည္။

” ကြၽန္ေတာ့္မွာ ဒီအေျခခံဥပေဒဟာ အေရးေပၚကာလတစ္ႏွစ္ပဲ ေၾကညာလို႔ လုပ္လို႔ရပါတယ္။ ဒါကို မၿပီးေျမာက္ဘူးဆိုလိုရွိရင္ တာဝန္ရွိတဲ့အဖြဲ႕အစည္းကို ကြၽန္ေတာ္ျပန္လည္တင္ျပၿပီးေတာ့မွ (၆) လတစ္ႀကိမ္ (၆) လတစ္ႀကိမ္ သက္တမ္းႏွစ္ႀကိမ္တိုးခြင့္ရွိတယ္။

အားလုံး ႏွစ္ႏွစ္ေပ့ါ။ အဲဒီေတာ့ အၾကမ္း ဖ်င္းအားျဖင့္ေတာ့ ဒီႏွစ္ႏွစ္အတြင္းမွာေတာ့ ေ႐ြးေကာက္ပြဲျပန္ျဖစ္ဖို႔အတြက္ လမ္းစရွိတယ္ဆိုတာကို ကြၽန္ေတာ္ေျပာလိုတယ္။ ဒီလိုေတာ့ ေျဖလို႔ရတာေပါ့ဗ်ာ။

အခု တိုင္းျပည္ေရးရာဟာ လက္ရွိအေျခအ ေနမွာေတာ့ ကြၽန္ေတာ္တို႔ဟာ ၁၀၀ ရာခိုင္ ႏႈန္း အားလုံးၿပီးၿပီးဆိုတဲ့၊ တည္ၿငိမ္ေအး ခ်မ္းၿပီဆိုတဲ့ အေျခအေနေတာ့ မေရာက္ေသးတဲ့ အေျခအေနရွိတာကိုး။

ဒါ့ေၾကာင့္ ဒါကိုလည္း ထည့္ၿပီးစဥ္းစားဖို႔ေတာ့လိုပါတယ္။ နည္းနည္းေတာ့ ကြၽန္ ေတာ္ေျပာဖို႔ေတာ့ ေစာေသးတယ္။ သို႔ေသာ္ လည္း အၾကမ္းဖ်င္း ႏွစ္ႏွစ္မွာေတာ့ ျဖစ္ႏိုင္ပါတယ္ ” ဟု စစ္ေကာင္စီဥကၠ႒က ေျပာသည္။

အထူးသျဖင့္ ယင္းဆုံးျဖတ္အသိေပးခ်က္မွာလည္း အာဏာသိမ္းမႈအၿပီး နာရီပိုင္းအတြင္းမွာပင္ ေၾကညာခဲ့ေသာ ေရွ႕လုပ္ငန္း စဥ္ မူ(၅)ခ်က္ကို အေျခခံထားျခင္းျဖစ္ၿပီး

ဒီမိုကေရစီနည္းလမ္းတက်ေ႐ြးေကာက္ပြဲကို မျဖစ္မေန လုပ္သြားမည္ဟု ကတိေပးထားသည့္အတိုင္း မျဖစ္မေနလုပ္သြားမည္ဟု အတိအလင္းေျပာၾကားထားသည္

Leave a Reply

Your email address will not be published. Required fields are marked *