ကိုဗစ်တတိယလှိုင်းကို ပြည်သူတွေအတွက် ဒေါ်အောင်ဆန်းစုကြည် စိတ်ပူနေကြောင်း ရှေ့နေမှတစ်ဆင့်မှာကြား

ကိုဗစ်တတိယလှိုင်းကို ပြည်သူတွေအတွက် ဒေါ်အောင်ဆန်းစုကြည် စိတ်ပူနေကြောင်း ရှေ့နေမှတစ်ဆင့်မှာကြား

လတ်တလော ပြန်လည်ဖြစ်ပွားနေတဲ့ကိုဗစ်တတိယလှိုင်း အခြေအနေနဲ့ ပတ်သက်ပြီးပြည်သူ‌တွေကိုဂရုတစ်စိုက်နေကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ရုံးထုတ်မှာ ရှေ့နေတွေကနေ တဆင့် အမှာစကားပါးလိုက်ပါတယ်။

ဒီနေ့ ဇွန်လ ၂၈ရက် ရုံးထုတ်မှာ ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်ရောဂါ ဖြစ်ပွားနေတဲ့ အခြေအနေကို မေးမြန်းခဲ့ပြီး ပြည်သူတွေဂရုတစိုက် နေထိုင်ကြဖို့ မက်စ်တပ်ဖို့၊ လက်ဆေးဖို့ မှာကြားလိုက်တယ်လို့
ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

“သူတအားစိတ်ပူနေပါတယ်၊ကိုဗစ်နဲ့ပတ်သက်ပြီးတော့၊တနိုင်ငံလုံးဖြစ်နေတဲ့ အနေအထားရယ်၊ နေပြည်တော်မှာ ဖြစ်နေတဲ့ အနေအထားရယ်ကိုလည်း မေးပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ဒီကနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့အရင်လိုပဲကျန်းကျန်းမာမာ လန်းလန်းဆန်းဆန်းရှိနေပြီးဆင်စွယ်ရောင် ရင်ဖုံးအင်္ကျီ လက်ရှည်၊နက်ပြာ ပေါ်မှာ ဆင်စွယ်ရောင်ချိတ် ဝတ်ဆင်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ပုံအဟောင်းကို ပြန်လည်အသုံးပြုထားပါသည်။

Zawgyi

ကိုဗစ္တတိယလႈိင္းကို ျပည္သူေတြအတြက္ ေဒၚေအာင္ဆန္းစုၾကည္ စိတ္ပူေနေၾကာင္း ေရွ႕ေနမွတစ္ဆင့္မွာၾကား

လတ္တေလာ ျပန္လည္ျဖစ္ပြားေနတဲ့ကိုဗစ္တတိယလႈိင္း အေျခအေနနဲ႔ ပတ္သက္ၿပီးျပည္သူ‌ေတြကိုဂ႐ုတစ္စိုက္ေနၾကဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဒီေန႔႐ုံးထုတ္မွာ ေရွ႕ေနေတြကေန တဆင့္ အမွာစကားပါးလိုက္ပါတယ္။

ဒီေန႔ ဇြန္လ ၂၈ရက္ ႐ုံးထုတ္မွာ ေဒၚေအာင္ဆန္းစုၾကည္က ကိုဗစ္ေရာဂါ ျဖစ္ပြားေနတဲ့ အေျခအေနကို ေမးျမန္းခဲ့ၿပီး ျပည္သူေတြဂ႐ုတစိုက္ ေနထိုင္ၾကဖို႔ မက္စ္တပ္ဖို႔၊ လက္ေဆးဖို႔ မွာၾကားလိုက္တယ္လို႔
ေရွ႕ေန ေဒၚမင္းမင္းစိုးက ေျပာပါတယ္။

“သူတအားစိတ္ပူေနပါတယ္၊ကိုဗစ္နဲ႔ပတ္သက္ၿပီးေတာ့၊တႏိုင္ငံလုံးျဖစ္ေနတဲ့ အေနအထားရယ္၊ ေနျပည္ေတာ္မွာ ျဖစ္ေနတဲ့ အေနအထားရယ္ကိုလည္း ေမးပါတယ္” လို႔ သူက ဆက္ေျပာပါတယ္။

ဒီကေန႔မွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔အရင္လိုပဲက်န္းက်န္းမာမာ လန္းလန္းဆန္းဆန္းရွိေနၿပီးဆင္စြယ္ေရာင္ ရင္ဖုံးအက်ႌ လက္ရွည္၊နက္ျပာ ေပၚမွာ ဆင္စြယ္ေရာင္ခ်ိတ္ ဝတ္ဆင္ခဲ့တယ္လို႔ သိရပါတယ္။

ဓာတ္ပုံ – ပုံအေဟာင္းကို ျပန္လည္အသုံးျပဳထားပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *