မလုပ်နိုင်ရင် ၊ မလုပ်တတ်ရင်လည်း ပြည်သူ့အစိုးရကို အာဏာပြန်ပေးပြီး ဆင်းလိုက်
မလုပ်နိုင်ရင် ၊ မလုပ်တတ်ရင်လည်း ပြည်သူ့အစိုးရကို အာဏာပြန်ပေးပြီး ဆင်းလိုက်
အာဏာထိန်းတယ်ဆိုရင်လည်း ကိုယ်ထိန်းသိမ်းထားတဲ့ကာလမှာ အရင်အစိုးရဘယ်လိုလုပ်ခဲ့ကြလဲ၊ ပြည်သူအပေါ် ဘယ်လိုစေတနာထားခဲ့လဲ ၊ ပြည်သူနဲ့အတူ ဘယ်လိုပူးပေါင်းခဲ့ကြသလဲ ၊ ဘယ်လိုပံ့ပိုးခဲ့ကြသလဲ သူတို့ထက်မသာတောင် သူတို့လိုလုပ်နိုင်အောင်တော့ ငါတို့လုပ်ပေးမယ်ဆိုတဲ့ အတွေးတွေ ခင်ဗျားတို့မှာ စိုးစဉ်းမျှတောင်မရှိတာ လက်ရှိ ကိုဗစ်ကာလတတိယလှိုင်းမှာ စီမံခန့်ခွဲတာနဲ့တင် သိသာလွန်းပါတယ် ။
သဘာဝဘေးအန္တရယ်ဆိုတဲ့ခေါင်းစဉ်နဲ့ လူထုခေါင်းဆောင်တွေကိုတောင်မှ တရားစွဲထားတဲ့ခင်ဗျားတို့ လက်ထပ်မှာ third wave ဖြစ်နေတာတောင် ကလေးတွေတက်နေတဲ့ကျောင်းတွေ မပိတ်ခိုင်းသေးဘဲ ဇွတ်အတင်းကျောင်းတွေ တက်ခိုင်းနေတုန်း ၊ တစ်မြို့နဲ့တစ်မြို့ လူတွေ ဘာဆေးစစ်ချက်တွေ ၊ ဘာကျန်းမာရေးလမ်းညွှန်ချက်တွေမှ မပါပဲ ကူးလူးသွားလာခွင့်ပြုနေကြတုန်း ၊
အခွန်အခရအောင်လူစုလူဝေး သိပ်ထူထပ်တဲ့ ကညနလိုရုံးတွေ ၊ လျှပ်စစ်မီတာဘေရုံးတွေလည်း ဖွင့်ထားတုန်းပဲ ။ ဘယ်မှာလဲ ပြည်သူ့အပေါ်ထားတဲ့ စေတနာဆိုတာ ။ ပြီးတော့ ငါတို့လက်ထဲသာအာဏာရခဲ့ရင် အဲ့ဒီမိန်းမထက်သာအောင် ဘယ်လိုတောင်သာအောင်လုပ်ပြပါမယ်ဆိုတဲ့ ထမီစကိုရန်ရှာပြီး လက်ဖမောင်းခတ်နေကြတဲ့ လူတွေ ။
ဘယ်မှာလဲ သူတို့တွေ ဘယ်ရောက်ကုန်ကြတာလဲ ကိုဗစ်ကာလ First Wave ရော Second Wave မှာပါ ပြည်သူတွေမှာကိုဗစ်နဲ့ပတ်သက်ပြီး ဘာမှ ပူပင်ကြောင့်ကြ မဖြစ်ခဲ့ကြရဘူး ၊ ကိုဗစ်ဖြစ်ရင်လည်း ကိုယ့်အိမ်ထက်သာအောင် ထားပြီး ကုပေးတယ် ( ကိုယ်တွေ့ဧရာဝတီစင်တာမှာ ကုသခဲ့ရဖူးလို့ပါ ) Aircon တွေ အေးစိမ့်နေတဲ့အခန်းမှာ သက်တောင့်သက်သာရှိလွန်းတဲ့ကုတင်တွေနဲ့နေရတဲ့အပြင် အချိန်တန်စားရရင်လည်း ကောင်းကောင်းမွန်မွန်နဲ့ စားသောက်ရပါသေးတယ် ။
ဘေးမှာလဲ ရေသန့်ကအစ ကဒ်လိုက် အစာပြေစားရအောင်လည်း မုန့်ပဲသွားရေစာတွေဆိုရင်လည်း အစုံအလင်နဲ့ စားမကုန်အောင်တောင် အလျှံပါယ် စီစဉ်ပေးခဲ့ကြတာပါပဲ ။ယခင်ပြည်သူ့ အစိုးရက ဘာဖြစ်လို့ ညာဖြစ်လို့ စီမံခန့်ခွဲတာညံ့လို့ဆိုပြီး ဘုကန့်လန့် ဘေးထိုင်ပြောတဲ့
ဘေးလွယ်အိပ်ခင်ဗျားတို့တွေက အာဏာလုလိုက်တော့ ကဲ လုပ်ပါပြီတဲ့ စလာကတည်းက စောက်တလွဲတွေချည်းပဲ ။ ပြည်သူ့အစိုးရက ဘယ်လိုတွေ ပြည်သူအတွက် လုပ်ပေးခဲ့တယ်ဆိုတာ ခင်ဗျားတို့ ကန်းနေတယ်ဆိုရင်တောင်မှ ကြားနေရပါသေးတယ် ။
အဲ့ဒါကိုမှ သိသိရက်နဲ့ ဖြစ်ကတက်ဆန်းလုပ်နေသေးတဲ့ ခင်ဗျားတို့ရဲ့ ကိုဗစ် တတိယလှိုင်းအပေါ်မှာ လုပ်ဆောင်မှုတွေက ပြည်သူအပေါ် လုံးဝ စေတနာမရှိဘူးဆိုတာသက်သေပြလိုက်တာပဲ ခင်ဗျားတို့တွေ တစ်နိုင်ငံလုံးအပေါ်မှာကို အောက်တန်းကျလွန်းပါတယ် ။
ပြီးတော့ရှိသေးတယ် ပြည်သူ့အစိုးရလက်ထက် Q စင်တာတွေ ကုသရေးစင်တာတွေမှာ ဒီလောက် အစိုးရနဲ့ပြည်သူ ပူးပေါင်းပြီး ကိုယ်နိုင်သလောက်နဲ့ အတတ်နိုင်ဆုံး လုပ်ပေးခဲ့တာတောင် အဆင်မပြေပါဘူးဆိုပြီး Live တွေလွှင့်ပြီး ငိုပြ ယိုပြ ဆဲပြ သိက္ခာချပြ နေတဲ့လူတွေလည်း အခု စကစလုပ်ပေးထားတဲ့ ကိုဗစ်စင်တာတွေနဲ့ Q စင်တာတွေကို တစ်ချက်ရှိူးလိုက်နော် ။ ဒီပုံစံတိုင်းသာခင်ဗျားတို့နေခဲ့ရရင် အဲ့ဒီ Q စင်တာတွေမှာတင် တိုင်နဲ့ခေါင်းစောင့်ပြီးသေသွားကြမှာ သေချာတယ်
Zawgyi
Leave a Reply
Your email address will not be published. Required fields are marked *