အကြမ်းဖက် ကျူးလွန်ခံရသည့် ပြည်သူများအနေဖြင့် ကာကွယ်ခုခံပိုင်ခွင့်ရှိကြောင်း CRPH ထုတ်ပြန်

အကြမ်းဖက် ကျူးလွန်ခံရသည့် ပြည်သူများအနေဖြင့် ကာကွယ်ခုခံပိုင်ခွင့်ရှိကြောင်း CRPH ထုတ်ပြန်

အကြမ်းဖက်အုပ်စုဖြစ်သည့် တရားမဝင် အာဏာသိမ်း စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ လက်ပါးစေ အဖျက်အမှောင့်ပြုသူများက ငြိမ်းချမ်းစွာ ဆန္ဒပြ ပြည်သူများ၊ ပြည်သူ့အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့်

နိုင်ငံ့ဝန်ထမ်းများအပေါ် အကြမ်းဖက် သတ်ဖြတ်မှုများ၊ နေအိမ်များအတွင်း အဓမ္မဝင်ရောက် လုယက်ဖျက်ဆီးမှုများ ကျူးလွန်ပါက ပြည်သူများအနေဖြင့် ကာကွယ် ခုခံပိုင်ခွင့်ရှိကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)က ယနေ့ (မတ် ၁၄ ရက်) ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

မွေးရာပါ လူသားအခွင့်အရေးအရ မိမိတို့၏ အသက်ရှင်သန်ခွင့်ကို ကာကွယ်ရမည်ဖြစ်သလို ပုဂ္ဂိုလ် တဦးချင်းဖြစ်စေ၊ ရပ်ကွက် ကျေးရွာ အစုအဖွဲ့လိုက်ဖြစ်စေ၊ နေရာဒေသအလိုက် မြို့နယ်အလိုက် ဖြစ်စေ မည်သူမဆို ဥပဒေနှင့်အညီ ကာကွယ်ခုခံပိုင်ခွင့်အရ တုန့်ပြန်ဆောင်ရွက်မှု မှန်သမျှသည် ပြစ်မှုမမြောက်ကြောင်းလည်း အသိပေး ကြေညာထားသည်။

CRPH ၏ ကြေညာချက်နှင့်အတူ ပြစ်မှုဆိုင်ရာ ဥပဒေ (ရာဇသတ်ကြီး) ပါ ကာကွယ်ခုခံပိုင်ခွင့်ရှိသည့် ပုဒ်မများကိုလည်း ယှဉ်တွဲဖော်ပြပေးထားသည်။

Zawgyi

အၾကမ္းဖက္ က်ဴးလြန္ခံရသည့္ ျပည္သူမ်ားအေနျဖင့္ ကာကြယ္ခုခံပိုင္ခြင့္ရွိေၾကာင္း CRPH ထုတ္ျပန္

အၾကမ္းဖက္အုပ္စုျဖစ္သည့္ တရားမဝင္ အာဏာသိမ္း စစ္ေကာင္စီ၏ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ ၎တို႔၏ လက္ပါးေစ အဖ်က္အေမွာင့္ျပဳသူမ်ားက ၿငိမ္းခ်မ္းစြာ ဆႏၵျပ ျပည္သူမ်ား၊ ျပည္သူ႔အာဏာဖီဆန္ေရး လႈပ္ရွားမႈ (CDM) တြင္ ပါဝင္ေနသည့္

ႏိုင္ငံ့ဝန္ထမ္းမ်ားအေပၚ အၾကမ္းဖက္ သတ္ျဖတ္မႈမ်ား၊ ေနအိမ္မ်ားအတြင္း အဓမၼဝင္ေရာက္ လုယက္ဖ်က္ဆီးမႈမ်ား က်ဴးလြန္ပါက ျပည္သူမ်ားအေနျဖင့္ ကာကြယ္ ခုခံပိုင္ခြင့္ရွိေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ (CRPH)က ယေန႔ (မတ္ ၁၄ ရက္) ရက္စြဲျဖင့္ ထုတ္ျပန္ေၾကညာလိုက္သည္။

ေမြးရာပါ လူသားအခြင့္အေရးအရ မိမိတို႔၏ အသက္ရွင္သန္ခြင့္ကို ကာကြယ္ရမည္ျဖစ္သလို ပုဂၢိဳလ္ တဦးခ်င္းျဖစ္ေစ၊ ရပ္ကြက္ ေက်း႐ြာ အစုအဖြဲ႕လိုက္ျဖစ္ေစ၊ ေနရာေဒသအလိုက္ ၿမိဳ႕နယ္အလိုက္ ျဖစ္ေစ မည္သူမဆို ဥပေဒႏွင့္အညီ ကာကြယ္ခုခံပိုင္ခြင့္အရ တုန႔္ျပန္ေဆာင္႐ြက္မႈ မွန္သမွ်သည္ ျပစ္မႈမေျမာက္ေၾကာင္းလည္း အသိေပး ေၾကညာထားသည္။

CRPH ၏ ေၾကညာခ်က္ႏွင့္အတူ ျပစ္မႈဆိုင္ရာ ဥပေဒ (ရာဇသတ္ႀကီး) ပါ ကာကြယ္ခုခံပိုင္ခြင့္ရွိသည့္ ပုဒ္မမ်ားကိုလည္း ယွဥ္တြဲေဖာ္ျပေပးထားသည္။

Leave a Reply

Your email address will not be published. Required fields are marked *