အမှုအခင်းရင်ဆိုင်နေရသူတွေအချုပ်ကျအဖမ်းခံထားရသူတွေအမြန်လွှတ်ကင်းရန်ပြုလုပ်ရမည့်ယတြာ

အမှုအခင်းရင်ဆိုင်နေရသူတွေအချုပ်ကျအဖမ်းခံထားရသူတွေအမြန်လွှတ်ကင်းရန်ပြုလုပ်ရမည့်ယတြာ

မလွှဲမရှောင်သာ၍ အမှုအခင်း အချုပ်အနှောင်ကိန်းကြုံခဲ့လျှင် အောက်ပါအတိုင်း ယုံယုံကြည်ကြည်ဖြင့် စီရင်ဆောင်ရွက်ကြည့်ပါ||

ထူးသောအကျိုးတခုခုကိုတော့ ခံစားရရှိပါလိမ့်မည်||

မည်သည့်နေ့သားမဆို အမှုတစ်ခုခုကြုံတွေ့၍ အချုပ်အနှောင်ခံရမည့်ကိန်း ဆိုက်ရောက်နေပါက မိမိမွေးနေ့ နံနက်(၉)နာရီ

မှ(၁၀)နာရီအတွင်းတွင် မိမိမွေးနံမှ ဆပွတ်(၆)ခုမြောက်ကျသော နေ့နံသားသမီးတစ်ယောက်ကို အောက်ပါ အစီစဉ်အတိုင်း စနစ်တကျဆောင်ရွက်ခိုင်းပါလေ||

ဆောင်ရွက်ပုံမှာ လင်ဗန်းတစ်ချပ်ထဲတွင် အပူသောကရောက်နေသူ၏ အဝတ်အထည်တစ်ခုခုကို ဖြန့်ခင်းပြီးထည့်ပါ||

၎င်းအပေါ်တွင် ဈေးမဆစ်ပဲဝယ်လာသော ဆီဆားမပါသော လ္ဘက်အသား(၉)ကျပ်သားကို ဖြန့်ခင်း၍ထည့်ပြီး မြန်မြန်ခြေက်

လွယ်အောင် အမြင့်တစ်နေရာတွင် တင်ထားရမည် သို့မဟုတ် ကြိုးနှင့်သိုင်း၍ ချိတ်ဆွဲထားနိုင်သည်||

ထိုသို့လင်ဗန်းကို သွားတင်ရာတွင် စိတ်ထဲမှ လ္ဘက်အသားများခြောက်သွားလျှင်လည်း (ဘယ်တော့မှ အခြောက်ပြန်မရုတ်တောလဘူး) ဟူ၍ အာရုံပြုရွတ်ဆိုပြီးမှ ၎င်းလင်ဗန်းကို သွားထားပေးရမည်||

ထားထားသည့်နေရာမှလည်း ရွှေ့ခြင်းပြောင်းခြင်း မပြုလုပ်ရပါ||

ထိုသို့ဆောင်ရွက်ပြီး များမကြာမီမှာ အမှုအပူသောကကိစ္စအတွက် တခုခုဝမ်းသာစရာများ အံ့သြဖွယ်ရာများ တိုက်ဆိုင်ကြုံတွေ့လာပါလိမ့်မည်||

တနင်္ဂသားသမီးအတွက် သောကြာသားသမီးက ပြုလုပ်ပေးရမည်||

တနလာင်္သမီးအတွက် စနေသားသမီးက ပြုလုပ်ပေးရမည်||

အင်္ဂါသားသမီးအတွက် တနင်္ဂနွေသားသမီးကပြုလုပ်ပေးရမည်||

ဗုဒ္ဓဟူးသားသမီးအတွက် တနလာင်္သားသမီးကပြုလုပ်ပေးရမည်||

ကြာသပတေးသားသမီးအတွက် အင်္ဂါသားသမီးကပြုလုပ်ပေးရမည်||

သောကြာသားသမီးအတွက် ဗုဒ္ဓဟူးသားသမီးပြုလုပ်ပေးရမည်||

စနေသားသမီးအတွက် ကြာသပတေးသားသမီးကပြုလုပ်ပေးရမည်||

(၇)ရက်သားသမီးအားလုံး အပူသောကများကင်းပြီး လိုရာဆန္ဒများပြည့်စုံကြပါစေ

🙏သင်ဆရာ|မြင်ဆရာ|ကြားဆရာများကို အစဉ်ဦးညွတ်ကန်တော့ပါသည်🙏

Zawgyi





















Leave a Reply

Your email address will not be published. Required fields are marked *