စစ်ကောင်စီကို ကုလသမဂ္ဂက အသိအမှတ်ပြုထားပြီးဖြစ်ကြောင်း ဖော်ပြထား

စစ်ကောင်စီကို ကုလသမဂ္ဂက အသိအမှတ်ပြုထားပြီးဖြစ်ကြောင်း ဖော်ပြထား

မြန်မာတစ်ပြည်လုံး၏ ဆန့်ကျင်မှုနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီက ၎င်းတို့ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့ကို ကုလနှင့် ကမ္ဘာ့နိုင်ငံများက တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုထားပြီး ဖြစ်သည်ဟု ဆိုကာ စစ်ကောင်စီ အသုံးအနှုန်းများကို နိုင်ငံခြားသတင်းဌာနတွင်တာဝန်ထမ်းဆောင်သူများအနေဖြင့် သတင်း၌ ထည့်သွင်းအသုံး မပြုရန် စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ထားသည့် သတင်းစာများမှတစ်ဆင့် ကြေငြာခဲ့သည်။

စစ်ကောင်စီကို ကုလသမဂ္ဂက အသိအမှတ်ပြုထားပြီးဖြစ်ကြောင်း လိမ်လည်ဖော်ပြထား ကြောင်း ယနေ့ထုတ် သတင်းစာမှာတွေ့ရပါတယ်။

စစ်ကောင်စီ၊ စစ်အစိုးရဟုဘသတင်းများ၌ ဆက်လက်သုံးစွဲနေမည်ဆိုလျှင် တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းစာတွင် သတိပေးထား သည်။

ယနေ့ထုတ် သတင်းစာ“နိုင်ငံခြားသတင်းဌာနအချို့က ကမ္ဘာ့ပြည်သူများကို သတင်းမှားများချပြပြီး ပြည်သူများအား သတင်းအဆိပ်သင့်အောင်၊ နိုင်ငံပျက်စီးရာ ပျက်စီးခြင်းများဖြစ်ပေါ်အောင် တိကျသေချာမှုမရှိသော သတင်းများကို ကိုးကားချဲ့ကား ရေးသားဖော်ပြမည့်အစား သတင်းမီဒီယာကျင့်ဝတ်နှင့် အညီရေးသားဖော်ပြကြရန် အထူးလိုအပ်ပါသည်” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

စစ်ခေါင်းဆောင်များ ဦးဆောင်လှုပ်ရှားနေခြင်းကြောင့် စစ်အစိုးရဟု ခေါ်ခြင်းဖြစ်ပြီး အမှန်အတိုင်းပင် ဆက်လက်ရေးသားသွားမည်ဟု နိုင်ငံခြားသတင်းဌာနမှ သတင်းထောက်တစ်ဦးကပြောသည်။

“ဒါက သတင်းလွပ်လပ်ခွင့်ကို ထိန်းချုပ်တာပေါ့၊ ကျွန်တော်တို့ကတော့ သတင်းတွေကို အမှန်အတိုင်းပဲ ဆက်ပြီး‌ရေးသားနေမှာပဲ။

ဒီလိုသတိပေးတယ်ဆိုတာတွေက အခုကတည်းက မဟုတ်ပါဘူး။

စစ်တပ်က တာဝန်ယူပြီဟေ့ဆိုတာနဲ့ သူတို့ကြိုက်သလိုမရေးရင် နှိပ်ကွပ်တာက ဟိုးအရင်ကတည်းကပါပဲ” ဟု ၎င်းကဆိုသည်။

ဒါ့အပြင် အရေးပေါ်အခြေအနေကာလကို ကျော်လွန်သည်အထိ မတည်မငြိမ်ဆက်ဖြစ်နေပါက သက်ဆိုင်ရာတာဝန်ရှိသူထံတင်ပြပြီး နောက်ထပ်သက်တမ်းတိုးသွားရလိမ့်မည်ဖြစ်သော်လည်း ရွေးကောက်ပွဲကို မဖြစ်မနေလုပ်မည်ဟု မင်းအောင်လှိုင်ပြောကြား။

လက်ရှိနိုင်ငံရေးအခင်းအကျင်းဖြစ်သော အာဏာသိမ်းမှုလုပ်ငန်းစဉ်သည် မဲမသမာမှုများကို ဖြေရှင်းပေးခြင်းသို့မဟုတ်တွေ့ဆုံညှိနှိုင်းအဖြေရှာခြင်းဆိုသော လမ်းစဉ်များကို ကျော်လွန်၍ အာဏာအတင်းရယူလိုသည့်အဆင့်ကျော်မှုမျိုးများကြောင့် ဖြစ်လာရသည်ဟုလည်း ရုရှားမီဒီယာနှင့်သီးသန့်အင်တာဗျုးတွင် ထည့်သွင်းပြောကြားသည်။

” ကျွန်တော့်မှာ ဒီအခြေခံဥပဒေဟာ အရေးပေါ်ကာလတစ်နှစ်ပဲ ကြေညာလို့ လုပ်လို့ရပါတယ်။ ဒါကို မပြီးမြောက်ဘူးဆိုလိုရှိရင် တာဝန်ရှိတဲ့အဖွဲ့အစည်းကို ကျွန်တော်ပြန်လည်တင်ပြပြီးတော့မှ (၆) လတစ်ကြိမ် (၆) လတစ်ကြိမ်သက်တမ်းနှစ်ကြိမ်တိုးခွင့်ရှိတယ်။

အားလုံး နှစ်နှစ်ပေ့ါ။ အဲဒီတော့ အကြမ်း ဖျင်းအားဖြင့်တော့ ဒီနှစ်နှစ်အတွင်းမှာတော့ ရွေးကောက်ပွဲပြန်ဖြစ်ဖို့အတွက် လမ်းစရှိတယ်ဆိုတာကို ကျွန်တော်ပြောလိုတယ်။ ဒီလိုတော့ ဖြေလို့ရတာပေါ့ဗျာ။

အခု တိုင်းပြည်ရေးရာဟာ လက်ရှိအခြေအ နေမှာတော့ ကျွန်တော်တို့ဟာ ၁၀၀ ရာခိုင် နှုန်း အားလုံးပြီးပြီးဆိုတဲ့၊တည်ငြိမ်အေး ချမ်းပြီဆိုတဲ့ အခြေအနေတော့ မရောက်သေးတဲ့ အခြေအနေရှိတာကိုး။ဒါ့ကြောင့် ဒါကိုလည်းထည့်ပြီးစဉ်းစားဖို့တော့လိုပါတယ်။ နည်းနည်းတော့ ကျွန် တော်ပြောဖို့တော့ စောသေးတယ်။ သို့သော် လည်းအကြမ်းဖျင်း နှစ်နှစ်မှာတော့ ဖြစ်နိုင်ပါတယ် ” ဟု စစ်ကောင်စီဥက္ကဋ္ဌက ပြောသည်။

Zawgyi

စစ္ေကာင္စီကို ကုလသမဂၢက အသိအမွတ္ျပဳထားၿပီးျဖစ္ေၾကာင္း ေဖာ္ျပထား

ျမန္မာတစ္ျပည္လုံး၏ ဆန႔္က်င္မႈႏွင့္ ရင္ဆိုင္ေနရသည့္ စစ္ေကာင္စီက ၎တို႔ဖြဲ႕စည္းထားသည့္ အစိုးရအဖြဲ႕ကို ကုလႏွင့္ ကမာၻ႔ႏိုင္ငံမ်ားက တရားဝင္အစိုးရအျဖစ္ အသိအမွတ္ျပဳထားၿပီး ျဖစ္သည္ဟု ဆိုကာ စစ္ေကာင္စီ အသုံးအႏႈန္းမ်ားကို ႏိုင္ငံျခားသတင္းဌာနတြင္တာဝန္ထမ္းေဆာင္သူမ်ားအေနျဖင့္ သတင္း၌ ထည့္သြင္းအသုံး မျပဳရန္ စစ္ေကာင္စီက ၎တို႔ထိန္းခ်ဳပ္ထားသည့္ သတင္းစာမ်ားမွတစ္ဆင့္ ေၾကျငာခဲ့သည္။

စစ္ေကာင္စီကို ကုလသမဂၢက အသိအမွတ္ျပဳထားၿပီးျဖစ္ေၾကာင္း လိမ္လည္ေဖာ္ျပထား ေၾကာင္း ယေန႔ထုတ္ သတင္းစာမွာေတြ႕ရပါတယ္။

စစ္ေကာင္စီ၊ စစ္အစိုးရဟုဘသတင္းမ်ား၌ ဆက္လက္သုံးစြဲေနမည္ဆိုလွ်င္ တည္ဆဲဥပေဒမ်ားအရ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သတင္းစာတြင္ သတိေပးထား သည္။

ယေန႔ထုတ္ သတင္းစာ“ႏိုင္ငံျခားသတင္းဌာနအခ်ိဳ႕က ကမာၻ႔ျပည္သူမ်ားကို သတင္းမွားမ်ားခ်ျပၿပီး ျပည္သူမ်ားအား သတင္းအဆိပ္သင့္ေအာင္၊ ႏိုင္ငံပ်က္စီးရာ ပ်က္စီးျခင္းမ်ားျဖစ္ေပၚေအာင္ တိက်ေသခ်ာမႈမရွိေသာ သတင္းမ်ားကို ကိုးကားခ်ဲ႕ကား ေရးသားေဖာ္ျပမည့္အစား သတင္းမီဒီယာက်င့္ဝတ္ႏွင့္ အညီေရးသားေဖာ္ျပၾကရန္ အထူးလိုအပ္ပါသည္” ဟု ေၾကျငာခ်က္တြင္ ေဖာ္ျပထားသည္။

စစ္ေခါင္းေဆာင္မ်ား ဦးေဆာင္လႈပ္ရွားေနျခင္းေၾကာင့္ စစ္အစိုးရဟု ေခၚျခင္းျဖစ္ၿပီး အမွန္အတိုင္းပင္ ဆက္လက္ေရးသားသြားမည္ဟု ႏိုင္ငံျခားသတင္းဌာနမွ သတင္းေထာက္တစ္ဦးကေျပာသည္။

“ဒါက သတင္းလြပ္လပ္ခြင့္ကို ထိန္းခ်ဳပ္တာေပါ့၊ ကြၽန္ေတာ္တို႔ကေတာ့ သတင္းေတြကို အမွန္အတိုင္းပဲ ဆက္ၿပီး‌ေရးသားေနမွာပဲ။

ဒီလိုသတိေပးတယ္ဆိုတာေတြက အခုကတည္းက မဟုတ္ပါဘူး။

စစ္တပ္က တာဝန္ယူၿပီေဟ့ဆိုတာနဲ႔ သူတို႔ႀကိဳက္သလိုမေရးရင္ ႏွိပ္ကြပ္တာက ဟိုးအရင္ကတည္းကပါပဲ” ဟု ၎ကဆိုသည္။

ဒါ့အျပင္ အေရးေပၚအေျခအေနကာလကို ေက်ာ္လြန္သည္အထိ မတည္မၿငိမ္ဆက္ျဖစ္ေနပါက သက္ဆိုင္ရာတာဝန္ရွိသူထံတင္ျပၿပီး ေနာက္ထပ္သက္တမ္းတိုးသြားရလိမ့္မည္ျဖစ္ေသာ္လည္း ေ႐ြးေကာက္ပြဲကို မျဖစ္မေနလုပ္မည္ဟု မင္းေအာင္လႈိင္ေျပာၾကား။

လက္ရွိႏိုင္ငံေရးအခင္းအက်င္းျဖစ္ေသာ အာဏာသိမ္းမႈလုပ္ငန္းစဥ္သည္ မဲမသမာမႈမ်ားကို ေျဖရွင္းေပးျခင္းသို႔မဟုတ္ေတြ႕ဆုံညႇိႏႈိင္းအေျဖရွာျခင္းဆိုေသာ လမ္းစဥ္မ်ားကို ေက်ာ္လြန္၍ အာဏာအတင္းရယူလိုသည့္အဆင့္ေက်ာ္မႈမ်ိဳးမ်ားေၾကာင့္ ျဖစ္လာရသည္ဟုလည္း ႐ုရွားမီဒီယာႏွင့္သီးသန႔္အင္တာဗ်ဳးတြင္ ထည့္သြင္းေျပာၾကားသည္။

” ကြၽန္ေတာ့္မွာ ဒီအေျခခံဥပေဒဟာ အေရးေပၚကာလတစ္ႏွစ္ပဲ ေၾကညာလို႔ လုပ္လို႔ရပါတယ္။ ဒါကို မၿပီးေျမာက္ဘူးဆိုလိုရွိရင္ တာဝန္ရွိတဲ့အဖြဲ႕အစည္းကို ကြၽန္ေတာ္ျပန္လည္တင္ျပၿပီးေတာ့မွ (၆) လတစ္ႀကိမ္ (၆) လတစ္ႀကိမ္သက္တမ္းႏွစ္ႀကိမ္တိုးခြင့္ရွိတယ္။

အားလုံး ႏွစ္ႏွစ္ေပ့ါ။ အဲဒီေတာ့ အၾကမ္း ဖ်င္းအားျဖင့္ေတာ့ ဒီႏွစ္ႏွစ္အတြင္းမွာေတာ့ ေ႐ြးေကာက္ပြဲျပန္ျဖစ္ဖို႔အတြက္ လမ္းစရွိတယ္ဆိုတာကို ကြၽန္ေတာ္ေျပာလိုတယ္။ ဒီလိုေတာ့ ေျဖလို႔ရတာေပါ့ဗ်ာ။

အခု တိုင္းျပည္ေရးရာဟာ လက္ရွိအေျခအ ေနမွာေတာ့ ကြၽန္ေတာ္တို႔ဟာ ၁၀၀ ရာခိုင္ ႏႈန္း အားလုံးၿပီးၿပီးဆိုတဲ့၊တည္ၿငိမ္ေအး ခ်မ္းၿပီဆိုတဲ့ အေျခအေနေတာ့ မေရာက္ေသးတဲ့ အေျခအေနရွိတာကိုး။ဒါ့ေၾကာင့္ ဒါကိုလည္းထည့္ၿပီးစဥ္းစားဖို႔ေတာ့လိုပါတယ္။ နည္းနည္းေတာ့ ကြၽန္ ေတာ္ေျပာဖို႔ေတာ့ ေစာေသးတယ္။ သို႔ေသာ္ လည္းအၾကမ္းဖ်င္း ႏွစ္ႏွစ္မွာေတာ့ ျဖစ္ႏိုင္ပါတယ္ ” ဟု စစ္ေကာင္စီဥကၠ႒က ေျပာသည္။

Leave a Reply

Your email address will not be published. Required fields are marked *