မေတိုးခိုင် ပြန်လည်လွတ်မြောက်လာကာ အိမ်ပြန်ရောက်နေပါပြီ

ပြည်သူချစ်အနုပညာရှင် မေတိုးခိုင် ယနေ့ဇွန်လ၃၀တွင် ပြန်လည်လွတ်မြောက်လာကာ အိမ်ပြန်ရောက်နေပါပြီ

အသက်ငယ်ငယ်လေးနဲ့ တိုင်းပြည်အတွက်အနစ်နာခံရင်း အကျဉ်းကျခံနေရတဲ့ မေတိုးခိုင်ဟာ ၂၆နှစ်ပြည့်‌မွေး‌နေ့မှာ‌တောင် အညွန့်တလူလူနဲ့ တက်လမ်းတွေအများကြီးရှိနေတဲ့ သူမအတွက်တော့ အကျဉ်းကျခံခဲ့ရတာ တကယ်ကိုစိတ်မကောင်းစရာပါပဲ။

လတတလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး မေတိုးခိုင်က ရှေ့ဆုံးကနေ ပြည်သူလူထုနဲ့အတုူတက်ကြွစွာ ဆန္ဒဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီလိုလူထုလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အတွက်ကြောင့် ပုဒ်မ၅၀၅(က)ဖြင့်အမှုဖွင့် တရားစွဲခံရကာ ဖမ်းဆီးခံလိုက်ရတာပဲဖြစ်ပါတယ်နော်..

အသက်ငယ်ပေမယ့် အနုပညာအရည်အသွေး မနိမ့်သလို သတ္တိလည်းမနည်းခဲ့တဲ့ မေတိုးခိုင်ကို သူမရဲ့ပရိသတ်တွေက ပြန်လည်လွတ်မြောက်လာစေဖို့ အတွက် အမြဲတမ်းသတိတရနဲ့ ဆုတောင်းပေးနေခဲ့ပါတယ်။

ဒီကနေ့‌မှာတော့ အာဏာသိမ်းစစ်ကောင်စီက ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ရေးယူဖမ်းဆီးခံရသူ နိုင်ငံရေးအကျဉ်းသား ၇၀၀ ကို ယနေ့ ဇွန် ၃၀ရက်မှာအင်းစိန်ထောင် မှ ပြန်လွှတ်ပေးလိုက်ပြီဟုသိရသည်။ လက်ရှိ ပြည်သူချစ်အနုပညာရှင် မေတိုးခိုင် ပြန်လည်လွတ်မြောက်လာကာ အိမ်ပြန်ရောက်နေပြီဟု ကနဦး သိရသည်။ပရိသတ်တွေအတွက်လည်း တကယ့်ကို ရဲရင့်တဲ့အနုပညာရှင် တစ်ယောက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ပြည်သူနဲ့တစ်သားတည်းရပ်တည်ခဲ့တဲ့ဖူးဖူးလေး အမြန်ဆုံး ပြန်လည်လွတ်မြောက်ပြီး အရင်ထက်ပိုတဲ့ အနုပညာအလုပ်တွေ အများကြီးလုပ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုအတွင်း ဖမ်းဆီး တရားစွဲခံထားရသူ ၂၀၀၀ ကျော်အား ယနေ့ လွှတ်ပေးရာ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရတဲ့ သရုပ်ဆောင် မေတိုးခိုင်လည်း ပြန်လည် လွတ်မြောက်လာပါတယ်။

လတ်တလောမှာတော့ မေတိုးခိုင် လွတ်မြောက်လာကြောင်း ကနဦး သိရှိရပြီး ကျန်သည့် အနုပညာရှင်များ သတင်းကို ဆက်လက် စုံစမ်းဆဲ ဖြစ်ပါတယ်။“မဖူး (မေတိုးခိုင်) အိမ်ပြန်ရောက်ပါပြီ။ ဦးတီ (ပြေတီဦး) နဲ့ တီဝဲ (အိန္ဒြာကျော်ဇင်) တော့ မပါလာသေးပါဘူး”လို့ မေတိုးခိုင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ အတည်ပြုထားပါတယ်။

Zawgyi

ျပည္သူခ်စ္အႏုပညာရွင္ ေမတိုးခိုင္ ယေန႔ဇြန္လ၃၀တြင္ ျပန္လည္လြတ္ေျမာက္လာကာ အိမ္ျပန္ေရာက္ေနပါၿပီ

အသက္ငယ္ငယ္ေလးနဲ႔ တိုင္းျပည္အတြက္အနစ္နာခံရင္း အက်ဥ္းက်ခံေနရတဲ့ ေမတိုးခိုင္ဟာ ၂၆ႏွစ္ျပည့္‌ေမြး‌ေန႔မွာ‌ေတာင္ အၫြန႔္တလူလူနဲ႔ တက္လမ္းေတြအမ်ားႀကီးရွိေနတဲ့ သူမအတြက္ေတာ့ အက်ဥ္းက်ခံခဲ့ရတာ တကယ္ကိုစိတ္မေကာင္းစရာပါပဲ။

လတတေလာျဖစ္ေပၚေနတဲ့ ႏိုင္ငံေရးအေျခအေနေတြနဲ႔ပတ္သက္ၿပီး ေမတိုးခိုင္က ေရွ႕ဆုံးကေန ျပည္သူလူထုနဲ႔အတုူတက္ႂကြစြာ ဆႏၵေဖာ္ထုတ္ခဲ့တာပဲျဖစ္ပါတယ္။အဲ့ဒီလိုလူထုလႈပ္ရွားမႈမွာပါဝင္ခဲ့တဲ့အတြက္ေၾကာင့္ ပုဒ္မ၅၀၅(က)ျဖင့္အမႈဖြင့္ တရားစြဲခံရကာ ဖမ္းဆီးခံလိုက္ရတာပဲျဖစ္ပါတယ္ေနာ္..

အသက္ငယ္ေပမယ့္ အႏုပညာအရည္အေသြး မနိမ့္သလို သတၱိလည္းမနည္းခဲ့တဲ့ ေမတိုးခိုင္ကို သူမရဲ႕ပရိသတ္ေတြက ျပန္လည္လြတ္ေျမာက္လာေစဖို႔ အတြက္ အၿမဲတမ္းသတိတရနဲ႔ ဆုေတာင္းေပးေနခဲ့ပါတယ္။

ဒီကေန႔‌မွာေတာ့ အာဏာသိမ္းစစ္ေကာင္စီက ပုဒ္မ ၅၀၅-က နဲ႔ အမႈဖြင့္ေရးယူဖမ္းဆီးခံရသူ ႏိုင္ငံေရးအက်ဥ္းသား ၇၀၀ ကို ယေန႔ ဇြန္ ၃၀ရက္မွာအင္းစိန္ေထာင္ မွ ျပန္လႊတ္ေပးလိုက္ၿပီဟုသိရသည္။ လက္ရွိ ျပည္သူခ်စ္အႏုပညာရွင္ ေမတိုးခိုင္ ျပန္လည္လြတ္ေျမာက္လာကာ အိမ္ျပန္ေရာက္ေနၿပီဟု ကနဦး သိရသည္။

ပရိသတ္ေတြအတြက္လည္း တကယ့္ကို ရဲရင့္တဲ့အႏုပညာရွင္ တစ္ေယာက္အျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

ျပည္သူနဲ႔တစ္သားတည္းရပ္တည္ခဲ့တဲ့ဖူးဖူးေလး အျမန္ဆုံး ျပန္လည္လြတ္ေျမာက္ၿပီး အရင္ထက္ပိုတဲ့ အႏုပညာအလုပ္ေတြ အမ်ားႀကီးလုပ္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးပါတယ္။

စစ္အာဏာရွင္ ဆန႔္က်င္ေရး လႈပ္ရွားမႈအတြင္း ဖမ္းဆီး တရားစြဲခံထားရသူ ၂၀၀၀ ေက်ာ္အား ယေန႔ လႊတ္ေပးရာ ပုဒ္မ ၅၀၅-က ျဖင့္ အမႈဖြင့္ခံထားရတဲ့ သ႐ုပ္ေဆာင္ ေမတိုးခိုင္လည္း ျပန္လည္ လြတ္ေျမာက္လာပါတယ္။

လတ္တေလာမွာေတာ့ ေမတိုးခိုင္ လြတ္ေျမာက္လာေၾကာင္း ကနဦး သိရွိရၿပီး က်န္သည့္ အႏုပညာရွင္မ်ား သတင္းကို ဆက္လက္ စုံစမ္းဆဲ ျဖစ္ပါတယ္။

“မဖူး (ေမတိုးခိုင္) အိမ္ျပန္ေရာက္ပါၿပီ။ ဦးတီ (ေျပတီဦး) နဲ႔ တီဝဲ (အိျႏၵာေက်ာ္ဇင္) ေတာ့ မပါလာေသးပါဘူး”လို႔ ေမတိုးခိုင္ႏွင့္ နီးစပ္သည့္ အသိုင္းအဝိုင္းမွ အတည္ျပဳထားပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *