လွတ်မြောက်လာတဲ့သူတွေကို မဟုတ်တာတွေထပ်ပြောခိုင်းပြီ ဘဝသေအောင်ထပ်မလုပ်ဖို့ ပြောလာတဲ့ ရန်ရန်ချန်း

ဖမ်းဆီးလွတ်မြောက်လာတဲ့သူတွေကို မဟုတ်တာတွေထပ်ပြောခိုင်းပြီ ဘဝသေအောင်ထပ်မလုပ်ဖို့ ပြောလာတဲ့ အဆိုတော်ရန်ရန်ချန်း

ပရိသတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိထားတဲ့ ရန်ရန်ချန်းကတော့နွေဦးတော်လှန်ရေးကြီးမှာပြည်သူတွေနဲ့အတူလုထုလှုပ်ရှားမှုတွေကိုတတ်နိုင်တဲ့ဘက်ကနေရဲရင့်တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သူတစ်ယောက်ဖြစ်ပါတယ်၊ဒီလိုတက်ကြွစွာပူးပေါင်းပါဝင်ခဲ့တာကြောင့်လည်းအဆိုတော်ရန်ရန်ချန်းကိုပုဒ်မ၅၀၅ကဖြင့်တရားစွဲဆိုထားပါတယ်။

ဒါကြောင့်လည်းရန်ရန်ချန်းကအခုလိုအခြေအနေတွေမှာမိသားစုနဲ့ခွဲခွာပြီဘေးကင်းလုံခြုံရာနေရာမှာ တိမ်းရှောင်နေရပါတယ်၊ဒီလိုခြိမ်းခြောက်ခံရတာတွေရှိနေပေမယ့်လည်းဒီနေ့အထိပြည်သူတွေနဲ့အတူရှိနေကာသတင်းအချက်အလက်တွေကိုသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဝေမျှပေးနေဆဲဖြစ်ပါတယ်။

ဒီနေ့ဆိုရင်ဖမ်းဆီးခံထားရတဲ့အနုပညာရှင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားအချို့ကိုပြန်လည်လွှတ်ပေးခဲ့တဲ့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်၊ဒီသတင်းနဲ့ပတ်သက်ပြီးရန်ရန်ချန်းကလွတ်မြောက်လာတဲ့ညီအစ်ကိုမောင်နှမတွေအတွက်ဝမ်းသာမိကြောင်းနဲ့လွတ်မြောက်လာသူတွေကိုတော့မဟုတ်မမှန်တာတွေပြောခိုင်းပြီးဘဝသေအောင်ထပ်မံမလုပ်ဖို့အကြောင်းကိုညီအကိုမောင်နှမတွေလွတ်မြောက်လာမယ်ကြားရတာဝမ်းသာပါတယ်

ပြီးရင်သာမဟုတ်မဟတ်တွေပြောခိုင်းပြီးဘဝသေအောင်မလုပ်ပါနဲ့လွတ်မြောက်လာတဲ့သူတွေအနေနဲ့လည်းမပြောချင်ဘာမှဝင်မပြောပါနဲ့ဒါပေမဲ့သူတို့လုပ်ဇာတ်တွေပြောခိုင်းရင်တော့ခုလိုရေးသားဖော်ပြထားပြီးပရိသတ်ကြီးလည်းကြည့်ရှုနိုင်စေရန်ပြန်လည်ဝေမျှပေးရင်းဖမ်းဆီးခံထားရသူတွေလည်းအကုန်လွတ်မြောက်ကြပါစေဆုတောင်းပေးလိုက်ပါတယ်။

Zawgyi






Leave a Reply

Your email address will not be published. Required fields are marked *